Main menu

Background

မော်လမြိုင်ကုန်စည်ဒိုင်တွင် ရော်ဘာ နှင့် မတ်ပဲဈေးကျလာပြီး ဒေသထွက်ပေါ်ဆန်းနှင့်ဧည့်မထဆန်သစ်များထွက်ရှိ

Tue, 11/10/2020 - 13:29 -- journal_editor

၂၀၂၀ နိုဝင်ဘာ ၉ ရက် မော်လမြိုင်ကုန်စည်ဒိုင်၏ ကုန်ဈေးနှုန်းပေါက်ဈေးများမှာ ​ရော်ဘာ R.S.S-3 တစ်ပေါင် ကျပ် ၇၄၀၊ ၁၀၈ ပေါင်(ဆန်သား၉၀%) ဆန်(ဟောင်း)တစ်အိတ် ဈေးနှုန်းမှာ ဧည့်မထ ကျပ် ၂၉၀၀၀၊ ပေါ်ဆန်း ကျပ် ၄၂၀၀၀၊ ပေါ်ကျွဲ ကျပ် ၃၅၀၀၀၊ ပိဿာ၂၀ ဝင် ပဲတစ်တင်းဈေးနှုန်းများမှာ ပဲတီစိမ်း ကျပ် ၃၆၀၀၀၊ မတ်ပဲ ကျပ် ၃၆၅၀၀၊ ပဲလွန်းဖြူ ကျပ် ၃၄၀၀၀၊ ဗိုလ်ကိတ် ကျပ် ၂၆၅၀၀၊ ပဲပုပ် ကျပ် ၂၂၄၀၀၊ မြေပဲ ၆၁၀၀၀ ကျပ်၊ သစ်သီးဝလံမှ ကျွဲကောသီးပန်း ရောင်လက်ကားဈေး တစ်လုံး ကျပ် ၁၅၀၀ မှ ၄၀၀၀၊ ကျွဲကောသီးအဖြူရောင် လက်ကားဈေး တစ်လုံး ကျပ် ၁၀၀၀ မှ ၂၅၀၀၊ ဒေသထွက်ဒူးရင်းသီး တစ်လုံး ကျပ် ၂၀၀၀ မှ ၄၀၀၀၊  မင်းဂွတ်သီး တစ်လုံး ၅၀ မှ ၁၅၀ ကျပ်၊ ရေထွက်ကုန် တစ်ပိဿာ(အလတ်စ)ဈေးနှုန်းမှာ ငါးတန်ကျပ် ၂၃၀၀၊ ငါးမြစ်ချင်း ကျပ် ၃၀၀၀၊ ငါးဖားမ ကျပ် ၂၃၀၀၊ တီလားဗီးရား ကျပ် ၃၃၀၀၊ ငါးပုတ်သင် ကျပ် ၄၅၀၀၊ ငါးပုဏ္ဏား(ထီး) ကျပ် ၆၀၀၀၊ ကကတစ် ကျပ် ၈၀၀၀၊ ငါးသလောက်(အာနီ) ကျပ် ၁၀၀၀၀၊ ကင်းမွန်ကျပ် ၅၅၀၀ မှ ၈၅၀၀၊ ပုစွန်ပျော့ ကျပ် ၁၂၀၀၀ မှ ၁၅၀၀၀၊ ရေချိုပုစွန်ထုပ်(စိမ်း) ကျပ် ၂၀၀၀၀ မှ ၃၀၀၀၀၊ ကဏန်း(ပန်း) ကျပ် ၇၀၀၀ မှ ၉၀၀၀ အသီးသီး ဖြစ်ပေါ်နေကြောင်း သိရှိရသည်။

ယခင်ပတ်နှင့်ဈေးနှုန်းနှိုင်းယှဉ်ပါက ရော်ဘာတစ်ပေါင် ကျပ် ၂၀ နှင့် မတ်ပဲတစ်တင်း ကျပ် ၅၀၀ ဈေးနှုန်းကျဆင်းနေပြီး ဆန်၊ သစ်သီးဝလံနှင့် ရေထွက်ကုန်များအားလုံး ဈေးနှုန်းတည်ငြိမ် နေကြောင်း၊ ဒေသထွက်ပေါ်ဆန်းဆန်နှင့် ဧည့်မထဆန်(ဇီယာ)အသစ်များလည်း ထွက်ရှိနေပြီး ဆန်ဟောင်းများနှင့် နှိုင်းယှဉ်ပါက တစ်တင်းလျှင် ဈေးနှုန်း ကျပ် ၆၀၀၀/၅၀၀၀ လျော့နည်း ကြောင်း မော်လမြိုင်ကုန်စည်ဒိုင်မှ သတင်းရရှိပါသည်။

ဝင်းမြတ်၊ ရာမညကုန်သွယ်မှုဗဟိုဌာန