Main menu

Background

၀ယ်လက်များကြောင့် ပြည်မြေပဲဆန်ပုံမှန်အရောင်းအ၀ယ်ဖြစ်

Wed, 11/11/2020 - 12:41 -- journal_editor

ယခုအပတ် ပြည်စျေးကွက်သို့ ပြည်-အောင်လံကြား​ကျေးရွာများနှင့် ရွှေတောင်၊ မြန်အောင်၊ ကြံခင်းဘက်မှ တစ်ပတ်လျှင် မြေပဲဆန်အိတ် ၂၅ ပိဿာ၀င် ၂၀၀၀ ခန့် ၀င်ရောက်လျက်ရှိတာတွေ့ရပါတယ်။ လုံးဆန်အဖြူကို မန္တလေး ၀ယ်လက်များနှင့် မြ၀တီဘက်ကအ၀ယ်ရှိပြီး လုံးဆန်အနီကို မြို့တွင်းပဲလှော်ဖို သမားများက အ၀ယ်ရှိတာတွေ့ရပါတယ်။  ဆီဆန်ကို မကွေးဆီစက်များနှင့် မြို့တွင်းဆီစက်သမားများက အ၀ယ်ရှိတယ်လို့လည်းသိရပါတယ်။  ယခု အပတ် မြေပဲဆန်စျေးများမှာ ဆီဆန်တစ်ပိဿာလျှင် ကျပ် ၂၀၀၀ ၊ လုံးဆန်အဖြူတစ်ပိဿာလျှင် ကျပ် ၂၆၀၀ နှင့် လုံးဆန်အနီတစ်ပိဿာလျှင် ကျပ် ၂၈၀၀ ဖြင့် ယခင်အပတ်ကအတိုင်းစျေးငြိမ်ပြီး ၀င်ရောက်မှုရှိသလောက် အရောင်း အ၀ယ်ဖြစ်လျက်ရှိပါတယ်။

ဝေဝေမင်း(ပြည်)