Main menu

Background

ပြည်စျေးကွက်တွင် အရောင်းအ၀ယ်ပုံမှန်ဖြစ်ပေမယ့် နှမ်းနက်နှင့် စမုံနက်နှမ်းစျေး အနည်းငယ်ပြန်ကျလာ

Wed, 11/11/2020 - 13:01 -- journal_editor

ယခုတစ်ပတ် ပြည်စျေးကွက်သို့ မြန်အောင်၊ မိုးညိုနှင့် နတ်တလင်းဘက်မှ တစ်ပတ်လျှင် ၂၅ ပိဿာ၀င်အိတ် ၁၀၀၀ ခန့်၀င်ရောက်မှုရှိတာတွေ့ရပါတယ်။  မန္တလေး၀ယ်လက်များက စမုံနက်နှမ်းနှင့် နှမ်းနက်ကိုအ၀ယ်ရှိပြီး နှမ်းနီကို မြို့တွင်းဆီစက်သမားများကအ၀ယ်ရှိလို့  အရောင်းအ၀ယ်မှာ ၀င်သလောက် အရောင်း အ၀ယ်ဖြစ်တာတွေ့ရပါတယ်။  ယခုအပတ် နှမ်းစျေးများမှာ နှမ်းနီသုံးတင်း၀င်တစ်အိတ်လျှင် ကျပ် ၁၀၈၀၀၀ ဖြင့် ယခင်အပတ်ကအတိုင်း စျေးငြိမ် နေပြီး နှမ်းနက်သုံးတင်း၀င်တစ်အိတ်လျှင် ကျပ် ၁၅၀၀၀၀ နှင့် စမုံနက်နှမ်းသုံးတင်း၀င်တစ်အိတ်လျှင်ကျပ် ၁၈၀၀၀၀ ဖြင့် ယခင်အပတ်ထက် စျေးလျော့လာတာတွေ့ရပါတယ်။ နှမ်းဆီစျေးကတော့ တစ်ပိဿာလျှင် ကျပ် ၆၈၀၀ ဖြင့် ပြည်စျေးကွက်တွင် အရောင်းအ၀ယ်ဖြစ်လျက်ရှိပါတယ်။

ဝေဝေမင်း(ပြည်)