Main menu

Background

နနွင်းတန်ချိန် ၄၀ ကျော်တင်ပို့

Wed, 11/11/2020 - 14:46 -- journal_editor

နို၀င်ဘာ ၁ ရက်မှ ၇ ရက်သီတင်းပတ်အတွင်း နနွင်း ၄၃ တန်ကို ပင်လယ်ရေကြောင်းလမ်းမှ တင်ပို့ခဲ့သည်။ ယခုတစ်ပတ် အိန္ဒိယနိုင်ငံသို့ ၂၈ တန်နှင့် မလေးရှားနိုင်ငံသို့ ၁၅ တန်တင်ပို့ခဲ့ကြောင်း သိရသည်။ ယခင်သီတင်းပတ်က နနွင်း ၇၅ တန်တင်ပို့ခဲ့ခြင်းကြောင့် ယခုတစ်ပတ်တင် ပို့မှုနှင့်နှိုင်းယှဉ်လျှင် နနွင်း ၃၂ တန် တင်ပို့မှုလျော့နည်းခဲ့သည်။ နနွင်းတစ်တန်ပျမ်းမျှ အမေရိကန်ဒေါ်လာ ၇၈၀ ကျော်ရရှိခဲ့ကြောင်း သိရသည်။ ယခုတစ်ပတ်နနွင်းတင်ပို့မှုမှ စုစုပေါင်း အမေရိကန်ဒေါ်လာ ၃၃၈၇၅ ဒေါ်လာရရှိခဲ့သည်။

သီတာဝင်း(DOT)