Main menu

Background

ယခုတစ်ပတ်နို့ဆီတစ်မျိုးတည်းသာအ၀င်ရှိခဲ့

Thu, 11/19/2020 - 14:18 -- journal_editor

နို၀င်ဘာ ၈ ရက်မှ ၁၄ ရက်သီတင်းပတ်အတွင်း အမေရိကန်ဒေါ်လာ ၂၂၄၀၅၅ တန်ဖိုးရှိ နို့ဆီ ၂၂၃ ဒသမ ၂၃၆ တန်ကို ပင်လယ်ရေကြောင်းလမ်းမှ တင်သွင်းခဲ့သည်။ ယခုတစ်ပတ် မလေးရှားနိုင်ငံမှ တင်သွင်းခဲ့သည်။ တင်သွင်းခဲ့သည့် တံဆိပ်များမှာ ပက်ပ်နှင့် Hawk တို့ဖြစ်သည်။ ယခင်သီတင်းပတ်က နို့ဆီတန်ချိန် ၆၂၀ ကျော် တင်သွင်းခဲ့ခြင်းကြောင့် ယခုတစ်ပတ်တင်သွင်းမှုနှင့်နှိုင်းယှဉ်လျှင် တန်ချိန် ၃၉၀ ကျော်တင်သွင်းမှုလျော့နည်းခဲ့ကြောင်း သိရသည်။ ယခုတစ်ပတ် နို့ဆီတစ်မျိုးတည်းသာ အ၀င်ရှိခဲ့ပြီး နို့မှုန့်က တင်သွင်းမှု မရှိခဲ့ကြောင်းသိရသည်။

           သီတာဝင်း(DOT)