Main menu

Background

မြေသြဇာတန်ချိန် ၂၀၀၀၀ ကျော်တင်သွင်း

Wed, 11/25/2020 - 14:43 -- journal_editor

နို၀င်ဘာ ၁၅ ရက်မှ ၂၁ ရက်သီတင်းပတ်အတွင်း အမေရိကန်ဒေါ်လာ ၆၆၂၁၆၀၀ ဒေါ်လာတန်ဖိုးရှိ မြေသြဇာ ၂၂၈၆၃ ဒသမ ၀၆၃ တန်ကို ပင်လယ်ရေကြောင်းကုန်သွယ်မှု လမ်းမှတင်သွင်းခဲ့သည်။ ယခုတစ်ပတ် တရုတ်နိုင်ငံမှ ၃၆၉၇ ဒသမ ၆၀ တန်၊ အီဂျစ်နိုင်ငံမှ ၈၇၉ ဒသမ ၁၈၈ တန်၊ ဂျာမနီနိုင်ငံမှ ၆၇၂ ဒသမ ၂၂၅ တန်၊ အိန္ဒိယနိုင်ငံမှ ၈တန်၊ အီရန်နိုင်ငံမှ ၁၅၀၅ တန်၊ ဂျော်ဒန်နိုင်ငံမှ ၁၈၉ ဒသမ ၆၀ တန်၊ မလေးရှားနိုင်ငံမှ ၁၅၁၈၈ ဒသမ ၇၃ တန်၊ နော်ဝေနိုင်ငံမှ ၂၂၂ ဒသမ ၇၂ တန်နှင့် ဗီယက်နမ်နိုင်ငံမှတန်ချိန် ၅၀၀ တင်သွင်းခဲ့ကြောင်း သိရသည်။ ယခုတစ်ပတ် မလေးရှားနိုင်ငံမှ အများဆုံးတင်သွင်းခဲ့ကြောင်း သိရသည်။ 

တင်သွင်းခဲ့သည့်အမျိုးအစားများမှာ အမိုးနီးယားဆာလဖိတ်၊ ဖော့စဖိတ်၊ ကွန်ပေါင်း(၁၅: ၁၅: ၁၅)၊ ကွန်ပေါင်း(ရွှေပျား)၊ ကွန်ပေါင်း(Yellow Color)၊ ပိုတက်၊ ယူရီးယား(Grow Up)၊ ယူရီးယား(၄၆%)(သံကွင်း)၊ အော်ဂဲနစ်၊ ကွန်ပေါင်း(၁၅: ၁၅: ၁၅) (Tri Star) နှင့် ကွန်ပေါင်း( ၁၅: ၁၅: ၁၅)(အာမို)တို့ဖြစ်သည်။ ယခင်သီတင်းပတ်က မြေသြဇာတန်ချိန် ၃၈၅၀ ကျော်တင်သွင်းခဲ့ခြင်းကြောင့် ယခုတစ်ပတ်တင်သွင်းမှုနှင့်နှိုင်းယှဉ်လျှင် တန်ချိန် ၁၉၀၁၀ ကျော်ပိုမိုတင်သွင်း ခဲ့ကြောင်း သိရသည်။

 သီတာဝင်း(DOT)