Main menu

Background

နို့ဆီတန်ချိန် ၄၀ ကျော်နှင့် နို့မှုန့်တန်ချိန် ၂၀၀ ကျော် တင်သွင်း

Wed, 11/25/2020 - 14:44 -- journal_editor

နို၀င်ဘာ ၁၅ ရက်မှ ၂၁ ရက်သီတင်းပတ်အတွင်း အမေရိကန်ဒေါ်လာ ၄၉၃၀၀ တန်ဖိုးရှိ နို့ဆီ ၄၈ ဒသမ ၃၃၆ တန်ကိုပင်လယ်ရေကြောင်းလမ်းမှ တင်သွင်းခဲ့သည်။ ယခုတစ်ပတ်ဒွန်းနို့ဆီတစ်မျိုးတည်းသာ တင်သွင်းခဲ့သည်။ ယခင် သီတင်းပတ်ကနို့ဆီ ၂၂၃ ဒသမ ၂၃၆ တန်တင်သွင်းခဲ့ခြင်းကြောင့်ယခုတစ်ပတ်တင်သွင်းမှုနှင့်နှိုင်းယှဉ်လျှင် ၁၇၃ ဒသမ ၉ တန်တင်သွင်းမှုလျော့နည်းခဲ့ကြောင်းသိရသည်။

အမေရိကန်ဒေါ်လာ ၆၁၃၅၀၆ တန်ဖိုးရှိ နို့မှုန့် ၂၀၁ ဒသမ ၆၀ တန်ကို တင်သွင်းခဲ့သည်။ ယခုတစ်ပတ် နယူးဇီလန်နိုင်ငံမှတင်သွင်းခဲ့ကြောင်းသိရသည်။ ယခင်သီတင်းပတ်က နို့မှုန့်အ၀င်မရှိဘဲ ယခုတစ်ပတ်မှ ပြန်လည်တင်သွင်း ခဲ့ကြောင်း သိရသည်။ ထို့ကြောင့်ယခုတစ်ပတ် နို့ဆီအ၀င်လျော့ခဲ့ပြီး နို့မှုန့်ပြန်လည် တင်သွင်းခဲ့ကြောင်း သိရသည်။

 သီတာဝင်း(DOT)