Main menu

Background

ယခုတစ်ပတ်ဆန်နှင့်ဆန်ကွဲ တန်ချိန် ခြောက်သောင်းကျော်တင်ပို့

Thu, 11/26/2020 - 10:59 -- journal_editor

နိုဝင်ဘာ ၁၄ ရက်မှ ၂၀ ရက်ထိကာလအတွင်း နယ်စပ်ကုန်သွယ်ရေးစခန်းများမှ အမေရိကန်ဒေါ်လာ ၅ ဒသမ ၅၄၂ သန်းတန်ဖိုးရှိ ဆန်တန်ချိန် ၁၄၄၀၀ ကျော်တင်ပို့ခဲ့ကြောင်း သိရသည်။ တင်ပို့မှုများအနေဖြင့် မူဆယ်(၁၀၅) မိုင် ကုန်သွယ်ရေးဇုန်မှ ဆန်တန်ချိန် ၁၂၆၈၀ ခန့်၊ ချင်းရွှေဟော်ကုန်သွယ်ရေးစခန်းမှ ဆန်တန်ချိန် ၁၁၅၀ ခန့်၊ လွယ်ဂျယ်ကုန်သွယ်ရေးစခန်းမှ ဆန်တန်ချိန် ၅၇၀ ခန့်နှင့် ကန်ပိုက်တီကုန်သွယ်ရေးစခန်းမှ ဆန်တန်ချိန် ၇၅ တန်ခန့် တင်ပို့နိုင်သဖြင့် ယခင်တစ်ပတ်တင်ပို့မှုနှင့်နှိုင်းယှဉ်လျှင် ဆန်တန်ချိန် ၉၀၀၀ ကျော် လျော့နည်းတင်ပို့နိုင်ခဲ့ပါသည်။  မြဝတီကုန်သွယ်ရေးဇုန်မှလည်း အမေရိကန်ဒေါ်လာသုည ဒသမ ၂၅၃ သန်းတန်ဖိုးရှိ ဆန်မှုန့်တန်ချိန် ၇၉၀ ခန့်တင်ပို့ နိုင်ခဲ့ပါသည်။ ယခင်တစ်ပတ်တင်ပို့မှုနှင့် နှိုင်းယှဉ်လျှင် ဆန်တန်ချိန်၅၇၀ ကျော် တင်ပို့နိုင်ခဲ့ပါသည်။

ယခုတစ်ပတ်ဆန်ကွဲတင်ပို့မှုအနေဖြင့် မူဆယ်(၁၀၅)မိုင်ကုန်သွယ်ရေးဇုန်မှ အမေရိကန် ဒေါ်လာ ၁ ဒသမ ၆၇၅ သန်းတန်ဖိုးရှိ ဆန်ကွဲတန်ချိန် ၄၈၀၀ နီးပါးတင်ပို့နိုင်ကြောင်း သိရသဖြင့် ယခင်တစ်ပတ်တင်ပို့မှုနှင့်နှိုင်းယှဉ်လျှင် ဆန်ကွဲ တင်ပို့နိုင်မှုတန်ချိန် ၉၀၀ ကျော်လျော့နည်းတင်ပို့ခဲ့ပါသည်။

နိုဝင်ဘာ ၁၄ ရက်မှ ၂၀ ရက်ထိကာလအတွင်း ပင်လယ်ရေကြောင်းမှ အမေရိကန် ဒေါ်လာ ၁၁ ဒသမ ၇၂၈ သန်းတန်ဖိုးရှိ ဆန်တန်ချိန် ၂၈၇၉၀ ကျော် တင်ပို့နိုင်ခဲ့ကြောင်း သိရ သည်။

တင်ပို့မှုများအနေဖြင့် အာရှနိုင်ငံများသို့ ဆန်တန်ချိန် ၂၄၉၉၀ ကျော်၊ အီးယူနိုင်ငံများသို့ ဆန်တန်ချိန် ၃၀၅၀ ကျော်နှင့်အာဖရိကနိုင်ငံများသို့ ဆန်တန်ချိန် ၇၅၀  ခန့်တင်ပို့နိုင်သဖြင့် ယခင်တစ်ပတ်တင်ပို့နိုင်မှုနှင့်နှိုင်းယှဉ်လျှင် ဆန်တန်ချိန် ၈၈၀၀ ကျော်လျော့နည်း တင်ပို့ခဲ့ ကြောင်း သိရပါသည်။

ယခုတစ်ပတ် ပင်လယ်ရေကြောင်းမှဆန်ကွဲတင်ပို့မှုအနေဖြင့် အမေရိကန်ဒေါ်လာ ၄ ဒသမ ၄၀၃ သန်းတန်ဖိုးရှိ ဆန်ကွဲတန်ချိန် ၁၃၀၅၀ ကျော်တင်ပို့နိုင်ခဲ့ကြောင်း သိရသည်။ တင်ပို့မှုများအနေဖြင့် အာရှနိုင်ငံများသို့ ဆန်ကွဲတန်ချိန် ၁၀၆၈၀ ကျော်နှင့် အီးယူနိုင်ငံများသို့ ဆန်ကွဲတန်ချိန် ၂၃၇၀ ကျော် တင်ပို့နိုင်သဖြင့် ယခင်တစ်ပတ်တင်ပို့နိုင်မှုနှင့်နှိုင်းယှဉ်လျှင် ဆန်ကွဲတန်ချိန် ၅၀၀ ကျော်လျော့နည်းတင်ပို့နိုင်ခဲ့ပါသည်။

ယခုတစ်ပတ်ဆန်နှင့်ဆန်ကွဲတင်ပို့မှုစုစုပေါင်းတန်ချိန် ၆၁၀၄၀ ကျော်ရှိသဖြင့်  ယခင် တစ်ပတ်တင်ပို့မှုနှင့်နှိုင်းယှဉ်လျှင် ဆန်ကွဲတန်ချိန် ၂၀၀၀ ကျော်လျော့နည်းတင်ပို့နိုင်ခဲ့ ကြောင်း သိရပါသည်။

 အေးအေးသန့်