Main menu

Background

ပန်းတနော်ဒေသထွက် သင်ဖြူးဖျာလုပ်ငန်း၏ ဈေးကွက်ရရှိမှု

Mon, 07/03/2023 - 13:10 -- journal_editor

ပန်းတနော်မြို့နယ်သည်  မြို့ပေါ်ရပ်ကွက် လေးရပ် ကွက်ရှိပြီး ကျေးရွာအုပ်စုပေါင်း ၅၂ အုပ်စုရှိသည်။ စိုက်ပျိုး ရေးလုပ်ငန်းများဖြစ်သော စပါး၊ ပဲ၊ ပြောင်းကို အဓိကထားစိုက် ပျိုးပြီး ဟင်းသီးဟင်းရွက်နှင့် အခြားသော စိုက်ပျိုးရေးထုတ် ကုန်များ၊ အစားအသောက်  ထုတ်ကုန်များနှင့် လူသုံးကုန် ပစ္စည်းများ ထုတ်လုပ်လျက်ရှိသော မြို့ဖြစ်သည်။
ပန်းတနော်မြို့နယ်ရှိ  မြစ်ငါးတန် မွေးမြူရေးလုပ်ငန်း သည် ရန်ကုန်ဈေးကွက်အပြင် နိုင်ငံခြားဈေးကွက်သို့ တင်ပို့ ရောင်းချလျက်ရှိပြီး  နိုင်ငံခြားဈေးကွက် ရရှိရေးအတွက် အလားအလာကောင်းများကို ရရှိပြီးဖြစ်သည်။ စပါး၊ ဆန်နှင့် မွေးမြူရေးထုတ်ကုန်များ ရှိရုံသာမက သင်ဖြူးဖျာလုပ်ငန်းကို တန်ဖိုးမြှင့်ထုတ်ကုန်တစ်ခုအနေဖြင့် ထုတ်လုပ်ရောင်းချနေမှု ကို ပန်းတနော်မြို့နယ်ရှိ ဦးကြည်လွင်၏ သင်နှင့် သင်ဖြူးဖျာ လုပ်ငန်းဆောင်ရွက်မှု အခြေအနေကောင်းများကို စားသုံးသူ ရေးရာဦးစီးဌာန၊ ပန်းတနော်မြို့နယ် တာဝန်ခံ ဦးပိုးဖြူပိုင်မင်း က ကွင်းဆင်းလေ့လာခဲ့သည်။
သင်ဖြူးဖျာလုပ်ငန်းပိုင်ရှင် ဦးကြည်လွင်က မိမိအနေ ဖြင့်  ပန်းတနော်မြို့နယ်  ယွန်ကျောင်းလမ်း၊ အနောက်ပိုင်း ရပ်ကွက်တွင် နေထိုင်ပြီး ပန်းတနော်မြို့နယ်အတွင်းရှိ သင်ခြံ စိုက်တောင်သူများ၏ သင်ခြံမှ သင်ပင်များအား ဝယ်ယူအသုံး ပြုခဲ့သည်။ သင်ဖျာရက်လုပ်သူများ ကုန်ကြမ်းအဖြစ် အသုံးပြု နိုင်ရန်အတွက် သင်ခြံခုတ်၍ ထွက်ရှိသော သင်အား ထက် ခြမ်းခွဲ၍ နေလှန်းထားသည့် သင်ခွဲခြမ်း ၅၀ဝ ပါ တစ်စည်းလျှင် သင်မတစ်မ  သတ်မှတ်ထားရှိပြီး  သင်မများကို ရေစိမ်၍ သင်ငင်ပြီး ထွက်ရှိလာသည့် သင်လွှာများကို အချောတစ်ခြမ်း၊ အကြမ်းတစ်ခြမ်းရက်လုပ်၍ အကြမ်းတစ်ခြမ်းကို အောက် လွှာ၊ အချောတစ်ခြမ်းကို အပေါ်လွှာထပ်၍ ချည်ကြိုးဖြင့်ချုပ် ပြီး အနားကွက် ဆောင်ရွက်ပြီးပါက ဖျာခင်း၍ အသုံးပြုရန် ရောင်းတမ်းဝင် သင်ဖျာတစ်ချပ်ရရှိကြောင်း ပဏာမရှင်းပြခဲ့ သည်။
သင်ဖျာဈေးများမှာ ဘုရားရှိခိုးဖျာ တစ်ချပ်လျှင် ကျပ် ၅၀ဝ၀ မှ ကျပ် ၇၀ဝ၀ နှင့် တစ်ယောက်အိပ် သုံးထောင့်ထွာ တစ်ချပ်လျှင် ကျပ် ၇၅၀ဝမှ ကျပ် ၈၀ဝ၀၊  နှစ်ယောက်အိပ် နှစ်ဖက်ချော  အနားကွပ် တစ်ချပ်လျှင် ကျပ် ၅၀ဝ၀ဝ ဖြင့် အရောင်းအဝယ် ဖြစ်နေကြောင်းနှင့် သင်ဖျာလုပ်ငန်းကို ပိုမို တိုးတက်အောင် ဆောင်ရွက်ရန် နည်းပညာလိုအပ်မှု မတည် ရင်းနှီးငွေလိုအပ်မှုနှင့် လုပ်သားနည်းပါးမှုတို့၏ အခက်အခဲ များကို ဆွေးနွေးတင်ပြခဲ့သည်။
စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံ ဦးပိုးဖြူ ပိုင်မင်းက သင်ဖြူးဖျာထုတ်လုပ်သော လုပ်ငန်းရှင်အသင်း အဖွဲ့များမှတစ်ဆင့်  သင်ဖြူးဖျာလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက် ရေး နည်းပညာအကူအညီများရရှိနိုင်သည့် နည်းလမ်းများနှင့် မတည်ရင်းနှီးငွေအတွက်  သက်ဆိုင်ရာ ဘဏ်များနှင့် ချိတ်ဆက်ဆောင်ရွက်နိုင်ရေးတို့ကို အပြန်အလှန် ဆွေးနွေးခဲ့ပြီး များမကြာမီကာလအတွင်း  ကျန်းမာရေးနှင့် ညီညွတ်သော သင်ဖြူးဖျာများကို ထုတ်လုပ်မှုအဆင့်အတန်းမီ ဈေးကွက်ရ တန်ဖိုးမြှင့်ထုတ်ကုန်တစ်ခုအနေဖြင့် တွေ့မြင်ရဖွယ်ရှိကြောင်း သိရသည်။                                        

COSUMER (MT)