Main menu

Background

ဂျုံသီးနှံများ အထွက်နှုန်းကောင်းမွန်ပြီး ဈေးနှုန်းတည်ငြိမ်စွာ အရောင်းအဝယ်သွက်နေ

Mon, 08/14/2023 - 11:48 -- journal_editor

ပြည်တွင်း၌စိုက်ပျိုးသည့် မြန်မာ့ လယ်ယာထွက်ကုန် တစ်မျိုးဖြစ်သည့် ဂျုံသီးနှံများမှာ ယခုနှစ်တွင် အထွက် နှုန်း ကောင်းမွန်နေပြီး   ဈေးနှုန်းတည် ငြိမ်စွာဖြင့် အရောင်းအဝယ်သွက်နေ ကြောင်း    ပဲကုန်သည်များထံမှ သိရ သည်။
ဂျုံသီးနှံသည် ယခု ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလက  သုံးတင်းဝင်   တစ် အိတ်လျှင် ငွေကျပ်   ၁၈၀ဝ၀ဝ ဈေးရှိ ခဲ့ပြီး လက်ရှိအချိန်အထိ အဆိုပါ ဈေး တန်းတွင်သာ    တည်ငြိမ်နေကြောင်း ပဲကုန်သည်တစ်ဦးက သြဂုတ် ၁၀ ရက် တွင် ပြောသည်။
“အခုလို ဈေးနှုန်းတည်တည်ငြိမ် ငြိမ်နဲ့ အရောင်းအဝယ်တွေ  သွက်နေ တော့ ပြည်တွင်း စားသုံးသူပြည်သူတွေ အတွက် အဆင်ပြေတာ‌ပေါ့။ ဒီ ဂျုံသီးနှံ ကတော့   ကမ္ဘာမှာ စားသုံးမှုအများဆုံး သီးနှံဖြစ်တယ်။    အခုလို ဂျုံတွေ ဈေး ကွက်အတွင်း    အရောင်းအဝယ်တွေ သွက်လက်  ကောင်းမွန်နေတဲ့အတွက် တောင်ပေါ်၊ မြေပြန့်  ဂျုံစိုက်တောင်သူ တွေအတွက်အမြတ်အစွန်းရပြီး အကျိုး ရှိတဲ့နှစ် ဖြစ်ပါတယ်”ဟု  ၎င်းက ပြော သည်။ အဆိုပါ ဂျုံသီးနှံကို  တစ်နှစ်လျှင် တစ်ရာသီသာ ဆောင်းသီးနှံအဖြစ်စိုက် ပျိုးကြပြီး   ဂျုံသီးနှံသည် နေရာဒေသ မရွေး စိုက်ပျိုး၍ မရနိုင်သည့်အတွက် ရာသီဥတုနှင့်     မြေအမျိုးအစားပေါ် မူတည်ကာ စိုက်ပျိုးလေ့ရှိကြောင်း ၎င်း က ပြောသည်။
မြန်မာပြည်တွင်       ဂျုံသီးနှံကို မန္တလေးတိုင်းဒေသကြီးနှင့်    စစ်ကိုင်း တိုင်းဒေသကြီးတို့၌   အဓိကထား စိုက် ပျိုးလျက်ရှိကာ  ရှမ်းပြည်နယ် (တောင် ပိုင်း၊   မြောက်ပိုင်း)နှင့် ချင်းပြည်နယ်၊ ကယားပြည်နယ်တို့တွင်လည်း စိုက်ပျိုး ကြကြောင်း သိရသည်။
“အရင်က ဂျုံမှုန့်ကို ပြည်ပကနေ မှာယူတင်သွင်းတာတွေ   ရှိခဲ့ပါတယ်။ ဒါကြောင့်    နိုင်ငံခြားဝင်ငွေ ယိုဖိတ်မှုကို တားဆီးနိုင်အောင်လို့   ဒုတိယ အများ ဆုံးစားသုံးတဲ့ ဂျုံစိုက်ဧကတွေကို တိုးချဲ့ ပြီး  စိုက်ပျိုးသင့်ပါတယ်။  အခုလို ဂျုံ ဈေးတွေ ကောင်းနေတာကြောင့်လည်း လာမယ့်နှစ် ဂျုံရာသီမှာ စိုက်ဧကတွေ တိုးလာမှာပါ။ ဆယ်စုနှစ်အတွင်းမှာ ဂျုံစားသုံးသူတွေဟာ     ပြည်တွင်းမှာ တစ်နှစ်ထက်တစ်နှစ်    များပြားလာပါ တယ်။ ဂျုံကလည်း မြန်မာပြည်အတွက် စားသုံးတဲ့နေရာမှာ   အရေးပါတဲ့အရာ ဖြစ်ပါတယ်”ဟု ၎င်းက ပြောသည်။
လက်ရှိ ပြည်တွင်း၌ ဆန်စပါးပြီး လျှင် ဂျုံသီးနှံသည်  ဒုတိယ အများဆုံး စားသုံးသည့် သီးနှံလည်းဖြစ်ကာ ဂျုံ သည်    အပူချိန်ကို     တုံ့ပြန်မှုရှိသည့် ( ွှ့နမာသ-ှနညျငအလငနန စူညေအ ) အပင် တစ်မျိုးဖြစ်သောကြောင့် ဂျုံ၏ အထွက် နှုန်းကိုအပူချိန်က လွှမ်းမိုးကြောင်း သိရ သည်။ ထို့ပြင် ဂျုံသည် အပူချိန်မြင့်မားမှု ကို မနှစ်သက်ဘဲ   အအေးကြိုက်သည့် သီးနှံတစ်မျိုးဖြစ်ခြင်းကြောင့်   မြန်မာ နိုင်ငံတွင်  ဆောင်းတွင်းကာလကို ရွေး ချယ် စိုက်ပျိုးခြင်းဖြစ်ကြောင်းသိရသည်။

ပန်းဆု