Main menu

Background

မြန်မာ့ရော်ဘာကို ကမ္ဘာ့ဈေးကွက်သတ်မှတ်ချက်အတိုင်း အရည်အသွေး ပြင်ဆင်ရောင်းချနိုင်ရန် ပြင်ဆင်နေ

Thu, 08/31/2023 - 10:48 -- journal_editor

နိုင်ငံတကာရော်ဘာဈေးကွက်တွင်    သတ်မှတ်ထားသည့် ရော်ဘာထုတ်လုပ်မှုစံချိန်နှင့်  အရည်အသွေးများအတိုင်း မြန်မာ့ ရော်ဘာကို ရောင်းချနိုင်ရန် ပြင်ဆင်မှုများ ပြုလုပ်နေကြောင်း မြန်မာ နိုင်ငံ ရော်ဘာစိုက်ပျိုးထုတ်လုပ်သူများအသင်းမှ သိရသည်။
ကမ္ဘာ့ရော်ဘာဈေးကွက်သည် လာမည့် ၂၀၃၀ ပြည့်နှစ်တွင် ရေရှည်ဖွံ့ဖြိုးတိုးတက်သည့် အစီအမံများဖြင့် ထုတ်လုပ်ထားသည့် သဘာဝရော်ဘာဟူသည့် (ှကျအငေညဘေူန ြအေကမေူ ျွကဘဘနမ - ျြွှ) ွကငိနူငညန အဖြစ်မှ ရော်ဘာကို အရောင်းအဝယ်ပြုလုပ်ရန် ကျင့်သုံး မှုများ ရှိလာမည်ဖြစ်သောကြောင့် မြန်မာနိုင်ငံအနေနဲ့ အဆိုပါ ကမ္ဘာ့ ရော်ဘာဈေးကွက် သတ်မှတ်ချက်အတိုင်း လိုက်ပါဆောင်ရွက်နိုင်ရန် ယခုကတည်းက ပြင်ဆင်မှုနှင့်ဆွေးနွေးမှုများ ပြုလုပ်နေပြီဖြစ်ကြောင်း သိရသည်။  
ျြွှ ွကငိနူငညန ဖြင့် ထုတ်လုပ်သည့်ရော်ဘာသည် ရော်ဘာ စိုက်ပျိုးထုတ်လုပ်သည့်နေရာတွင်  သစ်တောပြုန်းတီးမှုမဖြစ်‌ရန်နှင့် ရော်ဘာထုတ်လုပ်ရေး လမ်းစဉ်တစ်လျှောက်တွင် လူ့အခွင့်အရေးနှင့် သဘာဝပတ်ဝန်းကျင် မထိခိုက်၊ မပျက်စီးရေး စသည့် စည်းမျဉ်းစည်း ကမ်းဘောင်အတွင်းက   ထုတ်လုပ်လိုက်သည့်  အရည်အသွေးမီ ရော်ဘာများဖြစ်ပြီး အဆိုပါ ရော်ဘာများကိုသာ  အရောင်းအဝယ် ပြုလုပ်နိုင်ရန် စီစဉ်ထားခြင်းဖြစ်သည်။ 
မြန်မာနိုင်ငံတွင် ရော်ဘာကို   တစ်နိုင်ငံလုံး    အတိုင်းအတာ အနေဖြင့် စိုက်ဧက တစ်သန်းခွဲကျော် စိုက်ပျိုးထားပြီး ရော်ဘာအစေး ခံ၍ ကုန်ကြမ်းထုတ်လုပ်နိုင်သည့် ရော်ဘာဧက စုစုပေါင်း ရှစ်သိန်း ခွဲကျော်ရှိကာ တစ်နှစ်လျှင် ရော်ဘာတန်ချိန် လေးသိန်းခန့် ထွက်ရှိ ကြောင်း သိရသည်။
ပြည်တွင်းကထွက်ရှိသည့်   ရော်ဘာများကို ပြည်ပတင်ပို့မှု အပိုင်းတွင်တော့ အဓိကအားဖြင့် တရုတ်နိုင်ငံသို့ ရော်ဘာကုန်ကြမ်း ထွက်ရှိမှု၏ ၇၅ ရာခိုင်နှုန်းခန့် တင်ပို့နေပြီး ကျန်သည့် ပြည်ပနိုင်ငံများ ဖြစ်သည့် မလေးရှား၊ စင်္ကာပူ၊ ကိုရီးယား၊ ဂျပန်၊ ထိုင်ဝမ်၊ အင်ဒိုနီးရှား နှင့် အိန္ဒိယနိုင်ငံများသို့လည်း တင်ပို့မှုရှိကြောင်း သိရသည်။
ရော်ဘာကို ပြည်တွင်း၌  မြန်မာနိုင်ငံတောင်ပိုင်းဒေသများ ဖြစ်သည့် မွန်ပြည်နယ်၊ ကရင်ပြည်နယ်၊ တနင်္သာရီတိုင်းဒေသကြီးတို့ တွင် အများဆုံးစိုက်ပျိုးပြီး ပဲခူးတိုင်းဒေသကြီးနှင့် ရန်ကုန်တိုင်းဒေသ ကြီးတို့တွင်လည်း စိုက်ပျိုးကြကြောင်း မြန်မာနိုင်ငံ ရော်ဘာစိုက်ပျိုးထုတ်လုပ်သူများအသင်းမှ သိရသည်။

ပန်းဆု