Main menu

Background

ရွှေရည်ညွှန်းဈေး ကျပ် ၂၂ သိန်းကျော်ရှိ

Mon, 09/11/2023 - 11:00 -- journal_editor

ပြည်တွင်းရွှေရည်ညွှန်းဈေး ကျပ် ၂၂ သိန်းကျော်တွင်ရှိကြောင်း ရန်ကုန်တိုင်း ဒေသကြီး ရွှေလုပ်ငန်းရှင်များအသင်းမှ သိရသည်။
တစ်ပတ်အတွင်း ဖြစ်ပေါ်ခဲ့သည့် ရွှေရည်ညွှန်းဈေးနှုန်းများအနေဖြင့် စက် တင်ဘာ ၁ ရက်တွင် အခေါက်ရွှေ တစ်ကျပ်သား ကျပ် ၂၂၈၉၁၀ဝ၊ ၂ ရက်တွင် ကျပ် ၂၂၈၅၅၀ဝ၊ ၄ ရက်တွင် ကျပ် ၂၂၉၀၂၀ဝ၊ ၅ ရက်တွင် ကျပ် ၂၂၇၉၆၀ဝ၊ ၆ ရက်တွင် ကျပ် ၂၂၆၅၅၀ဝ၊ ၇ ရက်တွင် ကျပ် ၂၂၅၈၄၀ဝ ဖြစ်ကြောင်း သိရသည်။
ထို့အတူ တစ်ပတ်အတွင်း ဖြစ်ပေါ်ခဲ့သည့် ကမ္ဘာ့ရွှေဈေးနှုန်းများမှာ စက် တင်ဘာ ၁ ရက်တွင် ၁၉၄၃ ဒေါ်လာ၊ ၂ ရက်တွင် ၁၉၄၀ ဒေါ်လာ၊ ၄ ရက်တွင် ၁၉၃၅ ဒေါ်လာ၊ ၅ ရက်တွင် ၁၉၀၄ ဒေါ်လာ၊ ၆ ရက်တွင် ၁၉၂၃ ဒေါ်လာ၊ ၇ ရက်တွင် ၁၉၁၇ ဒေါ်လာဖြစ်ကြောင်း သိရသည်။
လက်ရှိတွင် ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်းရှင်များအသင်း (YGEA) က ရွှေနှင့်ပတ်သက်သည့် လုပ်ငန်းလိုင်စင် ၅ မျိုးအတွက် ထောက်ခံချက်များ အခမဲ့ ထုတ်ပေးနေကြောင်း စက်တင်ဘာ ၆ ရက်က အသိပေးချက် ထုတ်ပြန်ထားသည်။
လုပ်ငန်းလိုင်စင် လျှောက်ထားရာတွင် လိုအပ်သည့် ရွှေဆိုင်လိုင်စင် ထောက် ခံချက်၊ ရွှေသန့်စင်လုပ်ငန်းလိုင်စင်ထောက်ခံချက်၊ ပန်းတိမ်လုပ်ငန်းလိုင်စင်ထောက် ခံချက်၊ အပေါင်ဆိုင်လုပ်ငန်းလိုင်စင် ထောက်ခံချက်နှင့် ရွှေအတုံးအခဲ အရောင်း အဝယ်လိုင်စင် ထောက်ခံချက်များကို အခမဲ့ ထောက်ခံပေးလျက်ရှိပြီး သက်ဆိုင်ရာ ကဏ္ဍအလိုက် လိုအပ်‌သည့် ထောက်ခံချက်များကို  ွ့နဗ အသင်းရုံးတွင် ရုံးချိန် အတွင်း အခမဲ့ လာရောက်ထုတ်ယူနိုင်ကြောင်း သိရသည်။                          

ပန်းဆု