ဆောင်းရာသီ နှင်းဖွေးဖွေးနှင့် အတူ ကချင်ပြည်နယ် ဒေသထွက် လိမ္မော်သီးများ လှိုင်လှိုင်ပေါ်ထွက်နေ ပြီဖြစ်သည်။ ခရစ္စမတ်နှင့် နှစ်သစ်ကူး ရာသီစာ သီးနှံတစ်မျိုးအဖြစ် မြစ်ကြီး နားဈေးကွက်သို့ ရောက်ရှိလာပြီး ဈေး ကောင်းရ အရောင်းအဝယ်ဖြစ်နေ သည်။ ကချင်ပြည်နယ်တွင် လိမ္မော်သီး ကို ဝိုင်းမော်မြို့နယ် မန်ဒေါင်၊ ကဇူး၊ ဂါးရာယန်ဒေသများ၊ ဖားကန့်မြို့နယ် လဝါး၊ ဒွန်ဘန်၊ နှောင်းမြီးဒေသများ၊ တနိုင်းမြို့နယ် ကောင်ရာဒေသများတွင် လိမ္မော်ခြံများဖြင့် သဘာဝအတိုင်း အများဆုံးစိုက်ပျိုးကြပြီး မြစ်ကြီးနား မြို့နယ်အကျဲ၊ရှဒေါင်ဒေသများ၊မိုးညှင်း မြို့နယ်ဘီလူး၊ ကာဒူဒေသများ၊ ဗန်း မော်မြို့နယ် နန့်အုံကြီးဒေသတို့တွင် ကိုင်းဆက်နည်းဖြင့် အနည်းငယ် စိုက် ပျိုးလျက်ရှိသည်။
သဘာဝအတိုင်း စိုက်ပျိုးထွက်ရှိ သော လိမ္မော်သီးများသည် အလုံး အရွယ်ကြီးပြီး အရောင်အသွေးမှာ အဝါရောင် တောက်ပ၍ အခွံပါး အရ သာ အချိုများကြောင်း၊ ကိုင်းဆက်နည်း ဖြင့် စိုက်ပျိုးသော လိမ္မော်သီးများသည် အရွယ်အစားကြီးပြီး အဝါဖျော့ရောင် ရှိကာ အခွံပွ၍အရသာမှာ အချိုပေါ့ ကြောင်း သိရသည်။
ကချင်ဒေသထွက် လိမ္မော်သီး များတွင် ဝိုင်းမော်မြို့နယ် မန်ဒေါင် ဒေသနှင့် ဖားကန့်မြို့နယ် လဝါးဒေသ ထွက် လိမ္မော်သီးများသည် အရည် အသွေး ကောင်းမွန်၍ ဈေးကောင်းရ ရောင်းပန်းလှလျက်ရှိသည်။ လိမ္မော်ခြံ ရှင်တစ်ဦးက ယခင်နှစ်က သီးနှံကုန် သည်များက ခြံပြတ်အပင်ပြတ် ဝယ်ယူ ကြသော်လည်း ယခုနှစ်တွင်အလုံးလိုက် သာ ခြံအရောက် လာရောက်ဝယ်ယူ လျက်ရှိကြောင်း၊ ယခင်နှစ်ထက်စာ လျှင် လိမ္မော်သီးအထွက်နှုန်း အနည်း ငယ် ကျဆင်းခဲ့သော်လည်း ယခင်နှစ် ထက် ဈေးနှုန်းပိုသောကြောင့် အကျိုး အမြတ်မနည်းကြောင်း ပြောပြသည်။
လိမ္မော်သီးဈေးကွက်အခြေအနေ မှာ ကုန်သည်များမှ ခြံအရောက်အရွယ် အစား စုံတစ်လုံးလျှင်ကျပ် ၅၀ဝနှုန်းဖြင့် ဝယ်ယူတင်ပို့လျက်ရှိပြီးဈေးကွက်တွင် အလုံးအသေးအကြီးပေါ် မူတည်ပြီး အကြီးတစ်လုံးလျှင် ကျပ်၈၀ဝ ၊ အလတ် တစ်လုံးလျှင် ကျပ် ၇၀ဝ ၊ အသေးတစ် လုံးလျှင် ကျပ် ၆၀ဝ တို့ဖြင့် အရောင်း အဝယ်ဖြစ်နေကြောင်းသိရသည်။
ကိုကိုစိုး
(ကချင်မြေ)