Main menu

Background

မိုးညှင်းမြို့၏ ဓာတ်မြေသြဇာနှင့်ပိုးသတ်ဆေးဈေးနှုန်းများ အခြေအနေ

Mon, 02/05/2024 - 12:03 -- journal_editor

မိုးညှင်းခရိုင်သည် ကချင်ပြည် နယ်တွင်   မိုးစပါးစိုက်ဧက အများဆုံး ရှိသည့်  ခရိုင်တစ်ခုဖြစ်သည့်အပြင်  ဆီထွက် သီးနှံနှင့်   ဆောင်းသီးနှံများ စိုက်ပျိုးမှုများပြားပြီး တစ်နိုင်တစ်ပိုင် ဟင်းသီးဟင်းရွက် စိုက်ပျိုးရေးလုပ်ငန်း များကိုလည်း  လုပ်ကိုင်လျက်ရှိသည့် အတွက် စိုက်ပျိုးရေးသုံး ဓာတ်မြေသြ ဇာနှင့် ပိုးသတ်ဆေးဝယ်ယူ အသုံးပြုမှု လည်းများပြားသည်။
ဓာတ်မြေသြဇာ
မိုးညှင်းမြို့အတွင်း ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ စတုတ္ထပတ်အတွင်း  ဖြစ် ပေါ်ခဲ့သော ဓာတ်မြေသြဇာ ဈေးနှုန်း များမှာ  ယူရီးယား ၄၆%(အာမို) ၅၀ါု ပါ  တစ်အိတ်လျှင်  ကျပ် ၉၅၀ဝ၀က၊ ပိုတက် ၁၅ါ်၁၅ါ်၁၅ (တံကတိုး)  ၅၀ ါု  တစ်အိတ်လျှင် ကျပ် ၁၃၅၀ဝ၀၊ ကွန် ပေါင်း ၁၀ါ်၁၀ါ်၅ (အာမို)၅၀ါု ပါ တစ် အိတ်လျှင် ကျပ် ၈၅၀ဝ၀၊  ကွန်ပေါင်း ၉ါ်၉ါ်၉ (သြဘာ)၅၀ါု ပါ တစ်အိတ်လျှင် ၉၀ဝ၀ဝကျပ်၊  ကွန်ပေါင်း  ၁၅ါ်၁၅ါ်၁၅ (ကောမက်)၅၀ါု ပါ တစ်အိတ်လျှင် ကျပ် ၁၆၀ဝ၀ဝ၊ အာမိုပုလဲ၄၆%(အာမို) ၅၀ါု ပါ တစ်အိတ်လျှင် ကျပ် ၉၅၀ဝ၀၊ ကောမကျွ့်နဗ ၄၆% ပုလဲ(ကော မက်) ၅၀ါု ပါ  တစ်အိတ်လျှင် ကျပ် ၉၀ဝ၀ဝ ဖြင့်  အရောင်းအဝယ်ဖြစ်နေ သည်။  
ပိုးသတ်ဆေး ဈေးနှုန်းများအနေ ဖြင့်  ဇွန်ဘီ (သြဘာ)(စပါးဆစ်ကိုက်ပိုး သတ်ဆေး) ၁၀ဝ ါ ပါ တစ်အိတ်လျှင်  ကျပ် ၉၅၀ဝ၊ အလန်း (သြဘာ) (ကိုက် ဖြတ်ဝါးစား ပိုးသတ်ဆေး) ၁၀ဝ ါ ပါ တစ်အိတ်လျှင် ကျပ် ၁၀ဝ၀ဝ ၊ ဒီမင်း (သြဘာ)(စပါး ပေါင်းသတ်ဆေး) ၁ူငအနမပါ  ကော်ဘူးတစ်ဘူးလျှင် ကျပ် ၂၁၀ဝ၀၊  အာမိုကင်း(သြဘာ) (ပဲပေါင်း သတ်ဆေး) ၅၀၀ CC ပါ   ကော်ဘူး တစ်ဘူးလျှင် ကျပ် ၁၅၅၀ဝ၊   ဇီးရိုး (သြဘာ)   (ထိသေမြက်သတ်ဆေး) 1 Liter ကော်ဘူးတစ်ဘူးလျှင် ကျပ် ၁၇၀ဝ၀ တို့ဖြင့်    ရောင်းချလျက်ရှိ ကြောင်းသိရသည်။
ယခင်  ဒီဇင်ဘာလ   တတိယပတ် ဈေးနှုန်းများနှင့်နှိုင်းယှဉ်ပါက (တံကတိုး)၊   ပိုတက် 15:15:15 တို့သာ ဈေးအနည်း ငယ်တက်ခဲ့ပြီး   ကျန်ဓာတ်မြေသြဇာ အမျိုးအစားများမှာ ဈေးနှုန်းတည်ငြိမ် လျက်ရှိကြောင်း၊  ပိုးသတ်ဆေးဈေးနှုန်း များမှာ ယခင်လတတိယအပတ်  ဈေး နှုန်းထက်   ယခုလပတ်တွင် ဈေးနှုန်း အနည်းငယ်စီ ကျခဲ့ကြောင်း  စိုက်ပျိုး ရေးသုံး ဓာတ်မြေသြဇာနှင့်ပိုးသတ်ဆေး များရောင်းချသည့်   လုပ်ငန်းရှင်များထံ မှ သိရသည်။       

 

ကျော်မိုးလွင်(ကချင်)