Main menu

Background

တရုတ်နှင့် ပြိုင်ပြေး တစ်ပါတီ ဒီမိုကရေစီ ပါရာဒိုင်း

Mon, 02/15/2010 - 09:21 -- Anonymous (not verified)

စင်ပြိုင်ထဲမှာ အချက်အချာအမေရိကန်အဖို့  အင်အားကြီး ထွားလာသော တရုတ်နှင့်အပြေး ပြိုင် ရသည်လည်းရှိသည်။ အကြမ်းဖက်ဝါဒ ဆန့်ကျင်ရေးဆိုပြီး အီရတ်၊ အာဖဂန် နစ္စတန်တို့တွင်  စစ်တိုက်နေရသည် လည်းရှိသည်။  တစ်ပြိုင်နက်တည်း စစ် မျက်နှာနှစ်ရပ်ဖွင့်ပြီး  အလုပ်ရှုပ်နေရ သည်။ ဤတွင် စစ်မျက်နှာနှစ်ရပ်တွင် သီးခြားအနက်အဓိပ္ပာယ်ကိုယ်စီရှိကြောင်း သိရှိလာသည်။ အကြမ်းဖက်ဝါဒ ဆန့် ကျင်ရေးသည် ဒုံးပျံကောင်းကောင်း၊ လူ့ ခန္ဓာကိုယ်ကို စစ်ဆေးသော စကင်နာ ကိရိယာ ကောင်းကောင်း၊ လေယာဉ်ပျံ ကွင်းတို့တွင် လုံခြုံရေးအလုပ်မျိုးစုံတို့ကို ဖန်တီးရန် ဖိအားပေးသည်။ တရုတ်နှင့်ပြိုင်ပြေးရာတွင်မူရုရှား က စပွန်နစ် ဂြိုလ်တုလွှတ်တင်စဉ်က ရုရှားနှင့် ပြိုင်ပြေးခဲ့ ရသည့် ဖြစ်စဉ်ကို ပြန်လည် သတိရစေသည်။ ပညာရေး အဆင့်အတန်းမြင့်မြင့်၊ အခြေခံ အဆောက် အအုံတွေကောင်းကောင်း၊ တက္ကနိုလိုဂျီ ခေတ်မီရေး၊ ကျွမ်းကျင်မှု မြှင့်တင်ရေး တွေ ပြုလုပ်ရသည်။ တစ်နည်းဆိုလျှင် သိပ္ပံပညာနှင့် ပညာရေးတို့တွင် အရမ်း ရင်းနှီးမြှုပ်နှံရသဖြင့် အင်တာနက်တွေ ပေါ်သည်။ သင်္ချာဘက် လိုက်စားသော ကျောင်းသားတွေ များလာသည်။ နိုင်ငံ ကို အသစ်ထူထောင်ချင်သူတွေ အား ကောင်းလာသည်။ ယခုလည်း တရုတ် နှင့် ပြိုင်ပြေးရာတွင် ဘက်စုံမှ ပြိုင်ရ သည်။ ဤသဘောသည် နှစ်နိုင်ငံစလုံး အဖို့ အကျိုးရှိသည်။ အလားအလာ ကောင်းတို့ကို ရည်ညွှန်းသည်။ ပညာရေးနှင့် တက္ကနိုလိုဂျီအကြမ်းဖက်ဝါဒ  ဆန့်ကျင်ရေး ဘက် အဓိကအာရုံစိုက်သောအခါ လူ တွေအတော် စိတ်ညစ်ရ သည်။ ဒုံးပျံတွေ၊ မောင်းသူမဲ့ လေယာဉ်တွေ၊ ပြင်းထန် သောဗုံးတို့ကို တီထွင်အသုံးပြုရသည်။ လုံခြုံရေးကိရိယာတို့ဖြင့်  စိစစ်နေရ သည်။စပွန်နစ်တီထွင်မှုသည် အနာဂတ် ကို တံတားခင်း ပေးသည်။ အကြမ်းဖက် ဆန့်ကျင်ရေးစစ်ပွဲသည် ဘာတံတားမှ လည်း မခင်း၊ ကောင်းသော အနာဂတ် ကိုလည်း ရှေ့ရှုစေခြင်း  မရှိ၊ အဖျက် သဘောသက်သက်သာ ဖြစ်သည်။ ထို့ကြောင့် ခေတ်ပြိုင် ခေတ်၌ တရုတ်နှင့် ယှဉ်ပြိုင်ပြေးသော ပြိုင်ပွဲနှင့် အကြမ်းဖက်သမားတို့ နောက်လိုက် သော ပြိုင်ပွဲဟူ၍ နှစ်မျိုးနှစ်စား ပြိုင်တူပေါ် နေသည်။ ဤသို့ပြိုင်တူပေါ်သဖြင့် မည့်သည့် ပြိုင်ပွဲကို ဦးစားပေးမလဲဟု ပေါ် လစီရေးရာကိစ္စပေါ်လာသည်။ ဤကိစ္စ နှင့် ပတ်သက်၍ အမေရိကန် ကွန်ဆာ ဗေးတစ်ခေါင်းဆောင် ဒုတိယ သမ္မတ ဟောင်း ဒစ်ချီနီက အကြမ်းဖက် သမား တို့နောက်လိုက်သော ပြိုင်ပွဲကို ဦးစား ပေးချင်နေသည်။ လစ်ဘရယ် သြဇာ လွှမ်းမိုးသော သူတို့က တရုတ်နှင့်အပြေး ပြိုင်ပွဲကို  ပို၍  ဦးစားပေးချင်သည်။ တရုတ်နှင့် အပြေးပြိုင်ပွဲကြောင့် ပညာ ရေး၊ သိပ္ပံနှင့် တက္ကနိုလိုဂျီတို့  ပိုပြီး အဆင့်အတန်းမြင့်လာမည်ဟု ထောက် ပြသည်။အမျိုးသား ပရိုဂျက်ထိုစဉ်ဘဏ္ဍာရေးအကျပ်အတည်း ပေါ်လာသည်။ ဝိုင်းဝန်းဖြေ ရှင်းနေရဆဲ ဖြစ်သည်။ ဘဏ္ဍာရေး အကျပ်အတည်း ပေါ်လာသောအခါ အကြမ်းဖက်သမား တို့၏ဆောင်ပုဒ်ကပြောင်းလဲသွားသည်။ "သင်တို့ကို မြေမြှုပ်ပစ်မည်" ဟု မပြော တော့ဘဲ "သင်တို့ကို မွဲအောင် လုပ်ပစ် မည်" We will bankrupt you ဟု ပြော လာသည်။ သူတို့ သိနိုင်ကောင်းသည့် အချက်မှာ အနောက်တိုင်းမွဲလျှင် သူတို့ ၏ ခြေကုတ် အရှေ့အလယ်ပိုင်းလည်း မွဲသွားမည်ဆိုသော  အချက်ဖြစ်သည်။ ယခုခေတ်သည် တစ်နိုင်ငံနှင့် တစ်နိုင်ငံ မွဲအောင်လုပ်ပစ်လို့  မကောင်းသည့် ခေတ် ဖြစ်လာ သည်။ ဝင်းဝင်းဂိမ်း Win Win Game ဖြစ်လာသည်ကို သတိချပ် သင့်သည်။ယခု နိုင်ငံတို့ သည် မိမိတို့ဆိုင်ရာ အမျိုးသားပရိုဂျက် National Project တွေရှိသည်။ အမေရိကန်၏ အမျိုးသား ပရိုဂျက်သည် တရုတ်နှင့် ယှဉ်ပြေးရေး Racing China နှင့် အကြမ်းဖက် အယ်လ် ကိုင်ဒါတို့နောက် လိုက်ရေးChasing Alqaeda ဖြစ်လာသည်ဟု နိုင်ငံခြား ရေးပေါ်လစီကျွမ်းကျင်သူတို့ကထောက် ပြသည်။ racing နှင့် chasing ခြားနား သည်။ပါရာဒိုင်းရှာတရုတ်ပြည်နှင့် ပြိုင်ပြေးရသည် မှာလည်း မှန်သည်။ အယ်လ်ကိုင်ဒါတို့ နှင့် ထိပ်တိုက် ရင်ဆိုင်ရသည်မှာလည်း မှန်သည်။ သို့ဖြင့်  ထိုနှစ်ချက်အနက် မည်သည့်အချက်က အဓိက အနှစ်သာ ရကို ဖော်သလည်းဟု မေးလာသည်။ တရုတ်ပြည်နှင့်  ပြိုင်ပြေးရေးသည် အဓိကအဓိပ္ပာယ်ပေါ်သည်။ တရုတ်နှင့် ပြိုင်ပြေးမှ အမေရိကန် ပညာရေး၊ သိပ္ပံ ပညာနှင့်  တက္ကနိုလိုဂျီတို့  ဖွံ့ဖြိုးတိုး တက်မည်။ ပညာရေး သိပ္ပံပညာနှင့် တက္ကနိုလိုဂျီတို့ ဖွံ့ဖြိုးတိုးတက်ရေးသည် အဓိကမောင်းနှင်အားဖြစ်သည့်အတွက်  ဤအပိုင်းတွင် ယှဉ်ပြိုင်ရေးကို ဦးစား ပေးရမည်ဟု ဆိုသည်။တရုတ်၏ နိုင်ငံရေးစနစ်ကို နား လည်ပုံကိုလည်း ပြောင်းလဲရန် တိုက် တွန်းသည်။ တစ်ပါတီ အာဏာရှင်စနစ် ဟု နားလည်ခြင်းကို ပယ်ဖျက်၍ တစ်ပါ တီ ဒီမိုကရေစီစနစ်ဟု ပြောင်းလဲနား လည်ရန် ဖြစ်သည်။ တရုတ်၏ စီးပွား ရေးစနစ်သည် တရုတ်ပြည် ဖွံံ့ဖြိုးတိုး တက်မှုကို တွန်းအားပေးသည်။ ဆင်းရဲ မွဲတေမှု ပြဿနာကြီးကို ဖြေရှင်းပေး သည်။ တရုတ်လူထု၏ဝင်ငွေလည်း တိုး ပွား၍ လူလတ်တန်းစားလည်း ကြီးထွား စေသည်။ နိုင်ငံရေးအသိလည်း ခေတ် မီလာသည်။ လူထုကလည်း ကျေနပ် သည်။ ဤဖြစ်ထွန်းမှုတို့ကို ဖြစ်ထွန်းစေ သောအကြောင်းအရင်းသည် အာဏာ ရှင်စနစ်မဟုတ်။ တရုတ်ပုံစံ ဒီမိုကရေစီ သာဖြစ်သည်ဟု ပညာရှင်တို့က သုံး သပ်လာသည်။ သို့ဖြင့် တစ်ပါတီ အာ ဏာရှင်စနစ်ဆိုသော အသုံးအနှုန်းကို ပယ်၍ တစ်ပါတီ ဒီမိုကရေစီဆိုသော အသုံးအနှုန်းကို  ပြောင်းလဲသုံးသည်။ သဘောမှာ  လူတို့၏ အဓိကလိုလား ချက်သည် စီးပွားရေးလား၊ နိုင်ငံရေး လားဟု ပါရာဒိုင်းရှာခြင်းဖြစ်သည်။အညွှန်း။ NYT, Globalistမောင်စူးစမ်း