Main menu

Background

တိုယိုတာဥက္ကဌ အာကီအိုတိုယိုဒါက တရုတ်ဖောက်သည်တို့ကိုတောင်းပန်

Thu, 03/11/2010 - 03:28 -- Anonymous (not verified)

     ဂျပန်ကားကုမ္ပဏီဥက္ကဌ အာကီအိုတိုယိုဒါက ကမ္ဘာ့အကြီးဆုံး မော်တော်ကား ဈေးကွက်ဖြစ်တဲ့ တရုတ် နိုင်ငံရှိ ဖောက်သည်တွေ ကို တောင်း ပန်ခဲ့ပါတယ်။    အမေရိကန် ပြည်ထောင်စုကို သွားရောက်ပြီးနောက် တိုယိုဒါက ပေကျင်းသို့ ခရီးဆက်ခဲ့တာကို ကြည့်ခြင်းအား ဖြင့် တရုတ်နိုင်ငံရှိ ဈေးကွက်အပေါ် အလေးထားမှုကို ပြသနေပါတယ်။ မတ်လ ၁ ရက်နေ့မှာ တရုတ်နိုင်ငံ အရည်အသွေး ထိန်းသိမ်းရေး အရာရှိများနှင့် တွေ့ဆုံပြီးနောက် မစ္စတာ တိုယိုဒါက သတင်းထောက်များနဲ့ တွေ့ ဆုံခဲ့ပါတယ်။    တရုတ်မှာရှိတဲ့ တိုယိုတာရဲ့ ဈေး ကွက် ဝေစုဟာ တခြားသူ့ပြိုင်ဘက်တွေနဲ့ နှိုင်းယှဉ်ရင် အများကြီးနည်းနေပြီး တရုတ်နိုင်ငံက စုစု ပေါင်းရောင်းအားရဲ့ ငါး ရာခိုင်နှုန်းသာရှိပါတယ်။ ကားလီဗာခိုျ့ယွင်းမှုကြောင့် တရုတ်နိုင်ငံမှာ ပြန်သိမ်းရတဲ့ စင်းရေ ၇၅ယဝဝဝ သာရှိပြီး တစ်ကမ္ဘာလုံးမှာပြန်သိမ်းခဲ့ရတဲ့ အရေအတွက် ၈ ဒသမ ၅ သန်းနဲ့ နှိုင်းစာရင် အများကြီးနည်းပါတယ်။    ဒီလိုသွားရောက်လည်ပတ်တာဟာ တိုယိုတာအမှတ်တံဆိပ်အပေါ် သုံးစွဲသူတွေရဲ့ ယုံကြည်မှုကို မြှင့်တင်ပေးဖို့ ဖြစ်တယ်လို့ လေ့လာဆန်းစစ်သူတွေက ယုံကြည်ထားပါတယ်။    တရုတ်နိုင်ငံမှာ တိုယိုတာကုမ္ပဏီရဲ့ ရောင်းအားဟာ ပြီးခဲ့တဲ့သီတင်းပတ်အထိ ပုံမှန်အတိုင်းရှိနေဆဲဖြစ်ပါတယ်။ မစ္စတာတိုယိုဒါ တရုတ်နိုင်ငံကို လာရောက်တာဟာ ကျေးဇူးတင်စကားပြောဖို့နဲ့ ဝမ်းနည်းစကား ပြောကြားဖို့ဖြစ်ပါ တယ်လို့ ဝေဖန်ရေးသမားတစ်ဦးက ပြောပါတယ်။                                                                                               Source:bbc.co.UKှု                                                                                                                     ဉာဏ်တင်