Main menu

Background

ဓာတ်ဆီ/ဒီဇယ်

Thu, 04/01/2010 - 07:12 -- Anonymous (not verified)

ယခင်သီတင်းပတ်ထက် ဒီဇယ်ဆီအဝင်ပို      ယခုတစ်ပတ်အတွင်း ပင်လယ်ရေကြောင်းကနေ ဒီဇယ်ဆီအဝင် တန်ချိန် သုံးသောင်းသုံးထောင်ကိုးရာကျော် (ပီပါ ၂၅၄၇ဝဝ) ကိုတင်သွင်းလာခဲ့ပါတယ်။ ဖေဖော်ဝါရီလ အတွင်းက ဒီဇယ်တင်သွင်းမှု ပျမ်းမျှတန်ချိန် တစ်ပတ်ကို နှစ်သောင်းနဲ့ နှစ်သောင်းခွဲဝန်းကျင်မှာရှိပြီး မတ်လမှာ ဒီဇယ်ဆီအဝင် ပျမ်းမျှ နှစ်သောင်းခွဲကနေ သုံးသောင်းဝန်းကျင် ရှိနေပါတယ်။ ဒီအပတ်အတွင်း ဒီဇယ်ဆီအဝင်က ပြီးခဲ့တဲ့ အပတ်ထက် တန်ချိန် ကိုးထောင်ကျော်ပိုဝင်လာခဲ့ကြောင်း သိရပါတယ်။