Main menu

Background

စက်သုံးဆီ (ဓာတ်ဆီ၊ ဒီဇယ်) ပြည်တွင်းဈေးနှုန်းနှင့် ကမ္ဘာ့ဈေးကွက်အခြေအနေသုံးသပ်ချက်

Mon, 06/05/2023 - 12:49 -- journal_editor

ကမ္ဘာ့လောင်စာဆီ ဈေးကွက်အခြေအနေအား လေ့လာကြည့် ရာတွင် ဓာတ်ဆီဈေးနှုန်းသည် မေ  ၂၉ ရက်တွင် Liechtenstein  ၌ ဖော်ပြထားရှိသည့် ဈေးနှုန်းများအရ ကမ္ဘာ့နိုင်ငံပေါင်း  ၁၂၀ နိုင်ငံအနက် ကနေဒါနိုင်ငံသည် ယခုတစ်ပတ်တွင် ၃ ဒသမ ၅၀ ရာခိုင်နှုန်းဖြင့်  ဈေးနှုန်းမြင့်တက်မှု  အမြင့်ဆုံးနိုင်ငံဖြစ်ခဲ့ပြီး တူရကီနိုင်ငံတွင် ၃ ဒသမ ၂၀ ရာခိုင်နှုန်း၊ မက်ဆီဒိုးနီးယားနိုင်ငံတွင် ၂ ဒသမ ၅၀ ရာခိုင်နှုန်းနှင့် နော်ဝေနိုင်ငံတွင် ၂ ဒသမ ၄၀ ရာခိုင်နှုန်း ဖြင့် ဈေးနှုန်းများ မြင့်တက်ခဲ့ပြီး ဈေးနှုန်းမြင့်တက်ခဲ့သည့် နိုင်ငံပေါင်း ၂၀ ရှိကြောင်း တွေ့ရှိရသည်။
Global Petrol Prices Website  ၏ ဖော်ပြချက်၌ ယခုတစ်ပတ် အတွင်း မြန်မာ၊ ကမ္ဘောဒီးယား၊ အင်ဒိုနီးရှား၊ လာအို၊ မလေးရှား၊ ဖိလစ်ပိုင်၊ စင်ကာပူ၊ ထိုင်း၊ ဗီယက်နမ်၊ တရုတ်၊ တောင်ကိုရီးယား၊ ဘာဘေဒို၊ ဒိန်းမတ်၊ အီဂျစ်၊ ပြင်သစ်၊ ဂျာမနီနှင့် ဂရိ  စသည့်နိုင်ငံများ အပါအဝင် နိုင်ငံပေါင်း  ၉၁ နိုင်ငံတွင် ယခင်တစ်ပတ် ဈေးနှုန်းများ အတိုင်း ပြောင်းလဲခြင်းမရှိဘဲ ဓာတ်ဆီဈေးနှုန်း တည်ငြိမ်နေကြောင်း တွေ့ရှိရသည်။
ဓာတ်ဆီဈေးနှုန်း ကျဆင်းသွားသည့် နိုင်ငံများအနေဖြင့် ဘူလ် ဂေးရီးယား၊ သြစတြီးယား၊ ဆွစ်ဇာလန်၊ အိုင်ယာလန်နှင့် ဘရာဇီး အပါအဝင် နိုင်ငံပေါင်း ကိုးနိုင်ငံရှိပြီး ယခင်တစ်ပတ် ဈေးနှုန်းထက် သုည ဒသမ ၂၀ ရာခိုင်နှုန်းမှ  ၃ ဒသမ ၇၀ ရခိုင်နှုန်းထိ ဈေးနှုန်း ကျဆင်းခဲ့ကြောင်း တွေ့ရှိရသည်။
အာဆီယံနိုင်ငံများ၏ မေ ၂၉ ရက်တွင်Global Petrol Prices Website  ၌ ဖော်ပြထားရှိသည့် ဓာတ်ဆီဈေးနှုန်းများအနေဖြင့် ယခင် တစ်ပတ်နှင့်နှိုင်းယှဉ်လျှင် ယခုတစ်ပတ်တွင် အာဆီယံနိုင်ငံများ အားလုံး ဈေးနှုန်းအပြောင်းအလဲမရှိ တည်ငြိမ်နေကြောင်း လေ့လာ တွေ့ရှိရသည်။
ဒီဇယ်ဆီဈေးနှုန်းသည် မေ   ၂၉ ရက်တွင်  Global Petrol Prices Website  ၌ ဖော်ပြထားရှိသည့် ကမ္ဘာ့နိုင်ငံပေါင်း  ၁၂၀ နိုင်ငံ အနက် မိုဇမ်ဘစ်နိုင်ငံသည် ယခုတစ်ပတ်တွင် ၇ ဒသမ ၇၀ ရာခိုင် နှုန်းဖြင့် ဈေးနှုန်းမြင့်တက်မှု အမြင့်ဆုံးနိုင်ငံဖြစ်ခဲ့ပြီး Liechtenstein  နိုင်ငံတွင် ၁ ဒသမ ၈၀ ရာခိုင်နှုန်း၊ ဆွီဒင်နိုင်ငံတွင် ၁ ဒသမ ၄၀ ရာခိုင်နှုန်းနှင့် ဘယ်လ်ဂျီယံနိုင်ငံတွင် ၁ ဒသမ ၁၀ ရာခိုင်နှုန်းဖြင့် ဈေးနှုန်းမြင့်တက်ခဲ့ပြီး မြင့်တက်ခဲ့သည့် နိုင်ငံပေါင်း ၁၈ နိုင်ငံရှိ ကြောင်း တွေ့ရှိရသည်။
Global Petrol Prices Website ၏ ဖော်ပြချက်၌ ယခုတစ်ပတ် အတွင်း မြန်မာ၊ ကမ္ဘောဒီးယား၊ အင်ဒိုနီးရှား၊ လာအို၊ မလေးရှား၊ ဖိလစ်ပိုင်၊ စင်ကာပူ၊ ထိုင်း၊ ဗီယက်နမ်၊ ဟောင်ကောင်၊ အိန္ဒိယ၊ ဘာဘေဒို၊ ဂျော်ဒန်၊ ကင်ညာ၊ ဟန်ဂေရီနှင့် ပီရူး စသည့်နိုင်ငံများ အပါအဝင် နိုင်ငံပေါင်း  ၉၁ နိုင်ငံတွင် ယခင်တစ်ပတ် ဈေးနှုန်းများ အတိုင်း ပြောင်းလဲခြင်းမရှိဘဲ ဒီဇယ်ဈေးနှုန်း တည်ငြိမ်နေကြောင်း တွေ့ရှိရသည်။
ဒီဇယ်ဈေးနှုန်း   ကျဆင်းသွားသည့်  နိုင်ငံများအနေဖြင့် အိုက်စလန်၊ ဆွစ်ဇာလန်၊ လစ်သူယေးနီးယား၊ အိုင်ယာလန်၊ ဘရာဇီး နှင့် အာဂျင်တီးနားအပါအဝင် နိုင်ငံပေါင်း  ၁၁ နိုင်ငံရှိပြီး ယခင်တစ် ပတ်ဈေးနှုန်းထက် သုည ဒသမ ၁၀ ရာခိုင်နှုန်းမှ ၈ ဒသမ ၂၀ ရာခိုင် နှုန်းထိ ဈေးနှုန်းကျဆင်းခဲ့ကြောင်း တွေ့ရှိရသည်။   
အာဆီယံနိုင်ငံများ၏ မေ ၂၉ ရက်တွင် Global Petrol Prices Website  ၌ဖော်ပြထားရှိသည့် ဒီဇယ်ဈေးနှုန်းများအနေဖြင့် ယခင် တစ်ပတ်နှင့် နှိုင်းယှဉ်လျှင် ယခုတစ်ပတ်တွင် အာဆီယံနိုင်ငံများ အားလုံး ဈေးနှုန်းအပြောင်းအလဲမရှိ တည်ငြိမ်နေကြောင်း လေ့လာ တွေ့ရှိရသည်။ အာဆီယံနိုင်ငံများ၏ မေ ၂၉ ရက်တွင် ဖြစ်ပေါ်နေ သော ဓာတ်ဆီ၊ ဒီဇယ် တစ်လီတာ ဈေးနှုန်းများအား တစ်ဖက်ပါ အတိုင်း ဖော်ပြအပ်ပါသည်။

မေ ၂၉  ရက်တွင်Global Petrol Prices Website  ၌ ဖော်ပြထား ရှိသည့် ကမ္ဘာ့စက်သုံးဆီဈေးနှုန်းမှာ ဓာတ်ဆီတစ်လီတာတွင် အမေ ရိကန်ဒေါ်လာ ၁ ဒသမ ၂၂ ဒေါ်လာ နှင့် ဒီဇယ်ဆီ တစ်လီတာတွင် အမေရိကန်ဒေါ်လာ ၁ ဒသမ ၁၅ဒေါ်လာရှိပြီး စက်သုံးဆီဈေးနှုန်း နိုင်ငံအလိုက် နည်း/များတွင် မြန်မာနိုင်ငံသည် ဓာတ်ဆီ ဈေးနှုန်း တစ်လီတာ သုည ဒသမ ၉၉ ဒေါ်လာနှုန်းဖြင့် ၃၆ နိုင်ငံမြောက်နှင့် ဒီဇယ်ဆီဈေးနှုန်း တစ်လီတာ  သုည ဒသမ ၉၂ ဒေါ်လာနှုန်းဖြင့်  ၃၄  နိုင်ငံမြောက်တွင် ရှိနေကြောင်း တွေ့ရှိရပါသည်။ 
မြန်မာနိုင်ငံနှင့် ကုန်သွယ်မှုအများဆုံး ဆောင်ရွက်နေသော တရုတ်၊ ဂျပန်နှင့် အိန္ဒိယနိုင်ငံတို့၏ စက်သုံးဆီ တစ်လီတာဈေးနှုန်း များအား တစ်ဖက်ပါအတိုင်း ဖော်ပြအပ်ပါသည်။
အမေရိ ကန်နိုင်ငံ၏ အစိုးရကြွေးမြီးပမာဏ ကန့်သတ်ချက်နှင့် ပတ်သက်ပြီး သဘောတူညီချက်ရရှိမည်ဟု မျှော်လင့်ချက်များအားဖြင့် ရေနံဝယ်လိုအား တိုးလာနိုင်ပြီး ၂၀၂၃ ခုနှစ် မေ ၂၉ ရက်တွင် ရေနံ တစ်စည်လျှင်  အမေရိကန်ဒေါ်လာ ၇၂ ဒသမ ၆၇ ဒေါ်လာသို့ မြင့်တက်ခဲ့သော်လည်း အိုပက်နှင့် မိတ်ဖက်နိုင်ငံများ အိုပက်+က ရေနံထုတ်လုပ်မှုနှုန်း ပြောင်းလဲနိုင်ခြင်းတို့က အတက်ဈေးကို တန့်စေ ခြင်းများကြောင့် မေ ၃၁ ရက်တွင် ရေနံတစ်စည်လျှင် အမေရိကန် ဒေါ်လာ ၆၈ ဒသမ ဝ၉ ဒေါ်လာသို့ ဈေးနှုန်းကျဆင်းလာခဲ့သည်ကို သိရှိရသည်။ 
ပြည်တွင်းဈေးကွက်အတွင်း ရောင်းချလျက်ရှိသော စက်သုံးဆီ ဈေးနှုန်းများမှာ ဇွန် ၁ ရက်တွင် အောက်တိန်း-၉၂ တစ်လီတာလျှင် ၁၉၂၅ ကျပ်၊ အောက်တိန်း -၉၅ တစ်လီတာလျှင် ၂၁၃၅ ကျပ်၊ ဒီဇယ် တစ်လီတာလျှင် ၁၈၄၀ ကျပ်နှင့်  ပရီမီယံ  ဒီဇယ်တစ်လီတာလျှင် ၁၉၂၀ ကျပ်အသီးသီး  ဈေးနှုန်းများဖြင့် ရောင်းချလျက်ရှိကြောင်း သိရှိရသည်။
မြန်မာနိုင်ငံ၏ တိုင်းဒေသကြီး/ပြည်နယ်များရှိ မြို့ကြီးများ၌ နေ့စဉ်ဖြစ်ပေါ်နေသော စက်သုံးဆီ ဈေးနှုန်းများအား လေ့လာရာတွင် ကျိုင်းတုံမြို့တွင် ဓာတ်ဆီတစ်လီတာလျှင် ၂၈၀၅ ကျပ်၊ ဒီဇယ်တစ် လီတာလျှင် ၂၈၀၅ ကျပ်၊ ကလေးမြို့တွင် ဓာတ်ဆီ တစ်လီတာလျှင် ၂၅၄၂ ကျပ်၊ ဒီဇယ် တစ်လီတာလျှင် ၂၄၄၃ ကျပ်ဖြင့်  အမြင့်ဆုံး ဖြစ်ပေါ်နေပြီး ရန်ကုန်မြို့တွင် ဓာတ်ဆီတစ်လီတာလျှင် ၂၀၇၅ ကျပ်၊ ဒီဇယ်တစ်လီတာလျှင် ၁၈၉၀ ကျပ်၊ ပဲခူးမြို့တွင် ဓာတ်ဆီ တစ်လီတာ လျှင် ၂၀၈၅ ကျပ်၊ ဒီဇယ် တစ်လီတာလျှင် ကျပ် ၁၉၀ဝ ဖြင့် အနည်း ဆုံးဖြစ်ပေါ်နေကြောင်း တွေ့ရှိရသည်။  မြန်မာနိုင်ငံအတွင်းရှိ မြို့ကြီး များ၏ ပြည်တွင်းစက်သုံးဆီဈေးနှုန်းများမှာ ယခင်တစ်ပတ်နှင့် နှိုင်း ယှဉ်လျှင် ယခင်တစ်ပတ်ထက် ဓာတ်ဆီ တစ်လီတာလျှင် ၅၀ ကျပ်နှင့် ဒီဇယ်တစ်လီတာလျှင် ၅၅ ကျပ်သို့   ဈေးနှုန်းကျဆင်းခဲ့ကြောင်း လေ့လာသုံးသပ် တင်ပြအပ်ပါသည်။