Main menu

Background

ယခုတစ်ပတ် ပြောင်းနှင့် ရော်ဘာတင်ပို့မှု အခြေအနေ

Sat, 02/04/2023 - 23:22 -- journal_editor

ရော်ဘာ

ဇန်နဝါရီ ၁၄ ရက်မှ ၂၀ ရက်ထိ ကာလအတွင်း ပင်လယ်ရေ ကြောင်း ကုန်သွယ်မှုမှ အမေရိကန်ဒေါ်လာ ၄ ဒသမ ၂၃၁ သန်း တန်ဖိုးရှိ ရော်ဘာတန်ချိန် ၃၅၆၀ ကျော် တင်ပို့ခဲ့ကြောင်း သိရသည်။

တင်ပို့မှုများသောနိုင်ငံများမှာ တရုတ်နိုင်ငံသို့ ရော်ဘာတန်ချိန် ၂၄၃၀၊ မလေးရှားနိုင်ငံသို့ ရော်ဘာတန်ချိန် ၆၈၀၊ အိန္ဒိယနိုင်ငံသို့ ရော်ဘာတန်ချိန် ၄၅၀ ကျော်ဖြစ်သည်။

ယခုတစ်ပတ် မြန်မာ-တရုတ်နယ်စပ်ကုန်သွယ်မှုမှ ရော်ဘာ ၃၇၆ တန်နှင့် မြန်မာ-ထိုင်းနယ်စပ်ကုန်သွယ်မှုမှ ရော်ဘာတန်ချိန် ၉၀ ခန့်တင်ပို့ခဲ့သဖြင့် စုစုပေါင်းနယ်စပ်ကုန်သွယ်မှုမှ ရော်ဘာတန်ချိန် ၄၆၀ ကျော် တင်ပို့ပြီး တန်ဖိုး အမေရိကန်ဒေါ်လာ သုည ဒသမ ၅၆၇ သန်း ရရှိခဲ့သည်။ ပင်လယ်ရေကြောင်းနှင့် နယ်စပ်ကုန်သွယ်မှုမှ ရော်ဘာတန်ချိန် ၄၀၂၀ ကျော် တင်ပို့ပြီး အမေရိကန်ဒေါ်လာ၄ဒသမ ၇၉၈သန်း ရရှိကြောင်းသိရသဖြင့် ယခင်တစ်ပတ်တင်ပို့မှုနှင့် နှိုင်းယှဉ် ပါက ရော်ဘာတန်ချိန် ၈၀ဝကျော် လျော့နည်းတင်ပို့ခဲ့ကြောင်း စာရင်းများအရသိရသည်။

ပြောင်း

ဇန်နဝါရီ ၁၄ ရက်မှ ၂၀ ရက်ထိ ကာလအတွင်း ပင်လယ်ရေကြောင်းကုန်သွယ်မှုမှ အမေရိကန်ဒေါ်လာ ၆ ဒသမ ၄၆၃ သန်း တန်ဖိုးရှိ ပြောင်းတန်ချိန် ၂၁၇၃၀ ခန့်တင်ပို့ခဲ့သည်။

တင်ပို့မှုများမှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ပြောင်းတန်ချိန် ၈၁၀ဝ၊ ထိုင်းနိုင်ငံသို့ ပြောင်းတန်ချိန် ၆၇၉၀ ကျော်၊ ဖိလစ်ပိုင်နိုင်ငံသို့ ပြောင်းတန်ချိန် ၄၄၁၈ တန်နှင့် တရုတ်နိုင်ငံသို့ ပြောင်းတန်ချိန် ၂၄၂၀ ခန့် တင်ပို့ခဲ့ကြောင်း သိရသည်။

ယခုတစ်ပတ် မြန်မာ-တရုတ်နယ်စပ်ကုန်သွယ်မှုလမ်းကြောင်းမှ ပြောင်း ၁၆၇၈ တန် တင်ပို့သဖြင့် အမေရိကန်ဒေါ်လာ သုည ဒသမ ၅၀၇ သန်း ရရှိခဲ့သည်။ နည်းလမ်းနှစ်သွယ်မှ စုစုပေါင်းပြောင်းတင်ပို့မှုတန်ချိန် ၂၃၄၀ဝ ကျော် တင်ပို့နိုင်ပြီး အမေရိကန်ဒေါ်လာ ၆ ဒသမ ၉၇၀ သန်း ရရှိခဲ့သည်။ ယခင်တစ်ပတ် ပြောင်းတင်ပို့မှုနှင့် နှိုင်းယှဉ်ပါက ပြောင်းတန်ချိန် တစ်သောင်းသုံးထောင်ကျော် ပိုမိုတင်ပို့ခဲ့သည်။

အေးအေးသန့်(DOT)