Main menu

Background

ချင်းရွှေဟော်ကုန်သွယ်ရေးစခန်းမှ ဇန်နဝါရီလအတွင်း ကာလတူနှင့် အနီးစပ်ဆုံးကာလထက် ကုန်သွယ်မှုပိုမိုဆောင်ရွက်

Mon, 02/13/2023 - 15:25 -- journal_editor

ချင်းရွှေဟော်ကုန်သွယ်ရေးစခန်း၏  ၂၀၂၃ ခုနှစ် ဇန်နဝါရီလအတွက်  ကုန်သွယ်မှုလျာထား ချက်မှာ ပို့ကုန်  ၃၅ ဒေါ်လာ သန်း၊ သွင်းကုန်  ၉ ဒေါ်လာသန်း၊ ကုန်သွယ်မှုပမာဏ ၄၄ ဒေါ်လာ သန်းဖြစ်ပြီး   ပို့ကုန် ၂၇  ဒသမ၂၄၅  ဒေါ်လာသန်း၊ သွင်းကုန်၂၅ဒသမ၂၁၀ဒေါ်လာသန်း၊ ကုန်သွယ်မှု ပမာဏ ၅၂ဒသမ ၄၅၅ ဒေါ်လာသန်း ကုန်သွယ်မှု ဆောင်ရွက်နိုင်ခဲ့သဖြင့် ကုန်သွယ်မှုလျာထားချက်အပေါ် ၁၁၉ ဒသမ ၂၁၆ရာခိုင်နှုန်း ဆောင်ရွက်နိုင်ခဲ့သည်။၂၀၂၂ ခုနှစ် ဇန်နဝါရီလ   ကာလတူနှင့်နှိုင်း ယှဉ်ပါက ပို့ကုန်ပိုင်းတွင်  ၁၂ ဒသမ ၅၉၆  ဒေါ်လာ သန်း ပိုမိုခဲ့ပြီး သွင်းကုန်ပိုင်းတွင် ၂၂ ဒသမ ၄၀၄ ဒေါ်လာသန်း ပိုမိုခဲ့သောကြောင့် ကုန်သွယ်မှု ပမာဏအနေဖြင့်  ၃၅  ဒေါ်လာသန်း ပိုမိုဆောင်ရွက်နိုင်ခဲ့သည်။
ကာလတူနှင့်ပို့ကုန်တင်ပို့မှုနှိုင်းယှဉ်သုံးသပ် ပါက ပို့ကုန်ပိုင်းတွင်  ရေထွက်အုပ်စုနှင့် သစ်တောထွက်အုပ်စုမှ တင်ပို့မှု  လျော့နည်းခဲ့သော်လည်း လယ်ယာထွက်အုပ်စုမှ ဆန်ကွဲ၊ မြေထောက်ပဲ၊ ပဲယင်း၊ မြေပဲဆန်၊ ပဲနီကြား၊ စွန်တာနီပဲ၊ နှမ်းညို၊ နှမ်းနက်၊ နှမ်းဖြူ၊ နှံစားပြောင်း၊ ကြံ၊ ချင်း(စို)၊ ငရုတ် သီး(အစို)၊ ပြောင်းကြိတ်ဖတ်တို့ တင်ပို့မှုပိုမိုခဲ့သဖြင့် ပို့ကုန်တင်ပို့မှုပိုမိုရခြင်းဖြစ်သည်။
ကာလတူနှင့်သွင်းကုန်တင်သွင်းမှု နှိုင်းယှဉ်သုံးသပ်ပါက သွင်းကုန်ပိုင်းတွင် ရင်းနှီးမြှုပ်နှံမှု အုပ်စု၊ လုပ်ငန်းသုံးအုပ်စုနှင့်  လူသုံးကုန်အုပ်စုတို့  တင်သွင်းမှုပိုမိုခဲ့ခြင်းကြောင့် သွင်းကုန်တင်သွင်းမှု ပိုခဲ့ခြင်းဖြစ်သည်။
၂၀၂၃ ခုနှစ် ဇန်နဝါရီလနှင့်   အနီးစပ်ဆုံး ကာလဖြစ်သော ၂၀၂၂ ခုနှစ်  ဒီဇင်ဘာလတို့၏ ပို့ကုန်၊ သွင်းကုန်၊ ကုန်သွယ်မှုပမာဏ နှိုင်းယှဉ်ပါ က ပို့ကုန်ပိုင်းတွင်  ၁ဒသမ ဝ၇၀ဒေါ်လာသန်း ပိုမို ခဲ့ပြီး သွင်းကုန်ပိုင်းတွင်   ၈  ဒသမ ၉၄၆ ဒေါ်လာ သန်း ပိုမိုခဲ့သောကြောင့် ကုန်သွယ်မှုပမာဏအနေ ဖြင့်  ၁၀ ဒသမ ဝ၁၆  ဒေါ်လာသန်း ပိုမိုဆောင်ရွက် နိုင်ခဲ့သည်။
အနီးစပ်ဆုံးကာလနှင့် ပို့ကုန်တင်ပို့မှု နှိုင်းယှဉ်ရာ၌ပို့ကုန်ပိုင်းတွင် ပိုမိုရခြင်းမှာ အဓိကပို့ကုန်ဖြစ်သည့် လယ်ယာထွက်ကုန်အုပ်စုမှ ဆန်ကွဲ၊ ပဲလွမ်းဖြူ၊ ပဲတီစိမ်း၊ မြေထောက်ပဲ၊ ပဲယင်း၊ မြေပဲ ဆန်၊ ပဲနီကြား၊ စွန်တာနီပဲ၊ နှမ်း (ညို/နက်/ဖြူ)၊ ကြံ၊ ချင်း(စို)၊ ငရုတ်သီး(အစို)၊ ပြောင်းကြိတ်ဖတ်၊ ဝါတို့ တင်ပို့မှုပိုမိုခဲ့သဖြင့် ပို့ကုန်တင်ပို့မှု ပိုမိုရခြင်း ဖြစ်သည်။ အနီးစပ်ဆုံးကာလနှင့် သွင်းကုန်တင် သွင်းမှု   နှိုင်းယှဉ်ရာ၌ ရင်းနှီးမြှုပ်နှံမှုအုပ်စုတွင် လျော့နည်းခဲ့သော်လည်း  လုပ်ငန်းသုံးအုပ်စုနှင့် လူသုံးအုပ်စုတို့တွင် ပိုမိုခဲ့ခြင်းကြောင့် သွင်းကုန် ပိုင်းတွင် ပိုမိုရခြင်းဖြစ်သည်။
တစ်ဖက်နိုင်ငံ ချင်းရွှေဟော်တွင် ကိုဗစ်(၁၉) ရောဂါပိုးရှိသူ တွေ့ရှိသဖြင့်   နှစ်နိုင်ငံနယ်စပ်ဂိတ် ချင်းရွှေဟော်(နမ့်ဖာဟော်) ဂိတ်တံတားကို ၂၄-၂-၂၀၂၂ ရက်မှ    တရုတ်နိုင်ငံဘက်  ပိတ်ထားခဲ့ ရာမှ ၂၂-၃-၂၀၂၂ ရက်တွင်  ပြန်လည်ဖွင့်လှစ် ဆောင်ရွက်နိုင်ခဲ့သည်။ ဧပြီလမှစ၍  ကုန်သွယ်မှု လုပ်ငန်းများ    ပြန်လည်ဆောင်ရွက်လာနိုင်ခဲ့ပြီး ဇန်နဝါရီလတွင် ပို့ကုန်သွင်းကုန်လုပ်ငန်းများ  ပိုမို ဆောင်ရွက်နိုင်ခဲ့၍ကာလတူနှင့်     အနီးစပ်ဆုံး ကာလထက်   ကုန်သွယ်မှုပမာဏ   ပိုမိုဆောင် ရွက်နိုင်ခဲ့ကြောင်း သိရသည်။
ချင်းရွှေဟော်ကုန်သွယ်ရေးစခန်း