Main menu

Background

ဆန်နှင့် ဆန်ကွဲ တင်ပို့မှုမှ အမေရိကန်ဒေါ်လာ ၁၃ သန်းကျော်ရရှိ

Tue, 03/28/2023 - 11:55 -- journal_editor

ဆန်

မတ် ၁၁ ရက်မှ ၁၇ ရက်ထိကာလအတွင်း ပင်လယ်ရေကြောင်း ကုန်သွယ်မှုမှ ဆန်တန်ချိန် ၁၉၈၀ဝ ကျော် တင်ပို့ခဲ့ပြီး အမေရိကန် ဒေါ်လာ ၈ ဒသမ ၆၁၆ သန်း ရရှိခဲ့သည်။ တင်ပို့မှုအနေဖြင့် အာရှနိုင်ငံများသို့ ဆန်တန်ချိန် ၁၀ဝ၉၀ ကျော်နှင့် အီးယူအဖွဲ့ဝင်နိုင်ငံများသို့ ဆန်တန်ချိန် ၉၇၇၀ ကျော်တင်ပို့ ခဲ့သည်။ အာရှတွင် ဆန်တင်ပို့သော နိုင်ငံများမှာ ဖိလစ်ပိုင်နိုင်ငံသို့ ဆန်တန်ချိန် ၅၈၀ဝ ကျော်၊  တရုတ်နိုင်ငံသို့ ဆန်တန်ချိန် ၃၂၉၀ ကျော်နှင့်  မလေးရှားနိုင်ငံသို့  ဆန်တန်ချိန် ၁၀ဝ၀ ခန့်တင်ပို့သည်။ ဆန်အများဆုံးတင်ပို့သော အီးယူအဖွဲ့ဝင်နိုင်ငံများမှာ တူရကီနိုင်ငံသို့ ဆန်တန်ချိန် ၂၅၄၀ ကျော်၊ စပိန်နိုင်ငံသို့ ဆန်တန်ချိန် ၂၀၅၀ ခန့်၊ ပိုလန်နိုင်ငံသို့ ဆန်တန်ချိန် ၁၄၂၀ ကျော်၊ ဆလိုဗေးနီးယားနိုင်ငံသို့ ဆန်တန်ချိန် ၅၁၀ ခန့် ၊ ဘူလ်ဂေးရီးယားနိုင်ငံသို့ ဆန်တန်ချိန် ၅၀ဝ ခန့်၊ နယ်သာလန်သို့ ဆန်တန်ချိန် ၅၀ဝ ခန့်၊ လစ်သူရေးနီးယားနိုင်ငံသို့ ဆန်တန်ချိန် ၅၀ဝ ခန့်၊ လက်ဘနွန်နှင့် အီတလီသို့ ဆန် ၃၇၅ ခန့်စီ၊ ပေါ်တူဂီနိုင်ငံသို့ ဆန်တန်ချိန် ၂၅၀၊ ဘယ်လ်ဂျီယံနိုင်ငံသို့ ဆန်တန် ချိန် ၃၂၀ ကျော်၊ ချက်နိုင်ငံ၊ ဟန်ဂေရီနိုင်ငံ၊ ခရိုအေးရှားနိုင်ငံတို့သို့ ဆန်တန်ချိန် ၁၀ဝ ကျော်စီနှင့် ပြင်သစ်နိုင်ငံသို့ အနည်းငယ် တင်ပို့ ခဲ့သည်။ ယခင်တစ်ပတ် တင်ပို့မှုနှင့်နှိုင်းယှဉ်ပါက ဆန်တန်ချိန် ၁၂၀ဝ ကျော် ပိုမိုတင်ပို့ခဲ့သည်။   

ဆန်ကွဲ

မတ် ၁၁ ရက်မှ ၁၇ ရက်ထိကာလအတွင်း ပင်လယ်ရေကြောင်း ကုန်သွယ်မှုမှ ဆန်ကွဲတန်ချိန် ၁၁၉၉၀ ကျော် တင်ပို့ခဲ့ပြီး အမေရိကန် ဒေါ်လာ ၄ ဒသမ ၁၅၆ သန်း ရရှိခဲ့သည်။ တင်ပို့မှုအနေဖြင့် တရုတ်နိုင်ငံသို့ ဆန်ကွဲတန်ချိန် ၅၁၂၀ ကျော်နှင့်  အီးယူအဖွဲ့ဝင်နိုင်ငံများဖြစ်သော ဘယ်လ်ဂျီယံနိုင်ငံသို့ ဆန်ကွဲတန်ချိန် ၃၄၀ဝ ခန့် စပိန်နိုင်ငံသို့ ဆန်ကွဲတန်ချိန် ၈၀ဝ ခန့်၊ အင်္ဂလန်နိုင်ငံသို့ ဆန်ကွဲတန်ချိန် ၃၇၀ ကျော်၊ ပိုလန်နိုင်ငံ ဆန်ကွဲတန်ချိန် ၃၇၀ ကျော်၊ အီတလီနိုင်ငံသို့ဆန်ကွဲတန်ချိန် ၃၀ဝ ကျော်၊ လစ်သူရေးနီးယားနိုင်ငံနှင့်  ပြင်သစ်နိုင်ငံတို့သို့ ဆန်ကွဲတန်ချိန် ၂၅၀ စီနှင့် နယ်သာလန်နိုင်ငံသို့ ဆန်ကွဲတန်ချိန် ၁၀ဝကျော်တင်ပို့ခဲ့သည်။ 

ယခုတစ်ပတ် မြန်မာ-တရုတ် နယ်စပ်ကုန်သွယ်မှုမှ ဆန်ကွဲတန်ချိန် ၁၄၆၀ ကျော် တင်ပို့ပြီး တန်ဖိုး အမေရိကန်ဒေါ်လာ သုည ဒသမ ၅၁၇ သန်း ရရှိခဲ့သည်။ နည်းလမ်းနှစ်သွယ်မှ ဆန်ကွဲတန်ချိန် ၁၃၄၅၀ ကျော် တင်ပို့ခဲ့ပြီး တန်ဖိုး အမေရိကန်ဒေါ်လာ ၄ ဒသမ ၆၇၃ သန်းရရှိခဲ့သည်။ ယခုတစ်ပတ်တွင် ဆန်နှင့်ဆန်ကွဲ တင်ပို့မှုတန်ချိန် စုစုပေါင်း ၃၃၂၅၀ ကျော်ရှိပြီး တန်ဖိုး အမေရိကန်ဒေါ်လာ ၁၃ ဒသမ ၂၈၉ သန်း ရရှိခဲ့သည့်။

အေးအေးသန့် (DOT)