Main menu

Background

စားဆီဖူလုံရေး တရုတ်နိုင်ငံ၏ ဘက်စုံဆောင်ရွက်ချက်များ

Tue, 04/25/2023 - 11:39 -- journal_editor

တရုတ်နိုင်ငံသည် ကမ္ဘာပေါ်တွင် ဆီစားသုံးမှုအများဆုံးဖြစ်ပြီး ကမ္ဘာ့ဒုတိယအများဆုံး ထုတ်လုပ်သူဖြစ်ကာ စားသုံးဆီ  ဒုတိယအများဆုံး တင်သွင်းသူလည်းဖြစ်သည်။ ပဲပုပ်ဆီ၊ ပန်းမုန်ညင်းဆီ၊ ဆီအုန်းနှင့် မြေပဲဆီများသည် အသုံးအများဆုံး စားသုံးဆီများဖြစ်ပြီး အနောက်တိုင်းဆီနှင့် အဆီဟုခေါ်သော  သံလွင်ဆီ၊ မာဂျရင်းနှင့် ထောပတ်တို့မှာ တရုတ်လူမျိုးများအကြား လူကြိုက်များလာလျက် ရှိသည်။
လွန်ခဲ့သောနှစ်များက တရုတ်လူမျိုးများ၏အိမ်တွင် ချက်ပြုတ်ရာ၌ ဝက်ဆီနှင့် မုန်ညင်းဆီများကို တစ်လှည့်စီ အသုံးပြုခဲ့ကြသည်။ မိသားစုအများစုသည် ဝက်အဆီပိုင်းကို (ဝက်)ဆီချက်၍ ချက်ပြုတ်ရာတွင် ပြန်လည်အသုံးပြု ကြသည်။  အထူးသဖြင့် ကျေးလက်ဒေသများတွင် ဟင်းရွက်ဆီများ လုံးဝမရရှိနိုင်ပါ။ ပုံမှန်အားဖြင့် သန့်စင်ခြင်း၊ ထုပ်ပိုးခြင်း မပြုထားသော ဆီများသာရှိခဲ့သည်။ သို့သော် ယင်းအခြေအနေသည် အချိန်တိုအတွင်း ပြောင်းလဲသွားပြီး  ယခုနောက်ပိုင်း နှစ်များတွင်မူ  ဝက်ဆီအစား သန့်စင်ထုပ်ပိုးထားသော ကျန်းမာရေးနှင့် ညီညွတ်စွာ ထုတ်လုပ်ထားသော ဟင်းရွက်ဆီများကို စားသုံးနေကြပြီဖြစ်သည်။
ဆီစားသုံးမှုပမာဏအနေဖြင့်  တရုတ်နိုင်ငံတွင်  တစ်ဦးချင်း ဟင်းသီးဟင်းရွက်ဆီ စားသုံးမှုသည်   ၁၉၉၆ ခုနှစ်တွင်  ၇ ဒသမ ၇ ကီလိုဂရမ်ရှိခဲ့ရာမှ ၂၀၁၉ခုနှစ်တွင် ၂၈ဒသမ ၄ကီလိုဂရမ်သို့ တိုးလာခဲ့ရာ ကမ္ဘာ့တစ်ဦးချင်း စားသုံးနှုန်း ၂၄ ဒသမ ၄ ကီလိုဂရမ်ကို ကျော် လွန်ခဲ့ပြီဖြစ်သည်။ တရုတ်နိုင်ငံ အရှေ့မြောက်ဒေသ၊ အလယ်ပိုင်းနှင့် အနောက်ဘက်ဒေသများတွင် ပဲပုပ်ဆီကို အဓိကစားသုံး၍ တောင် ဘက်ပိုင်းတွင် မြေပဲဆီသည် လူကြိုက်အများဆုံးဖြစ်သည်။  ဤဒေသများ၏ ရာသီဥတု၊ မြေအခြေအနေ၊   ဆီထွက်နှုန်း၊  ယဉ်ကျေးမှုနှင့် လူမှု-စီးပွားရေးစံနှုန်းများက ဟင်းသီးဟင်းရွက်ဆီစားသုံးမှု မတူညီသောပုံစံဖြစ်ပေါ်မှုကို ရှင်းပြနိုင်သည်ဟုဆိုသည်။ ဟင်းချက်ဆီ စားသုံးမှု အပြောင်းအလဲ ဖြစ်ရသော အကြောင်းရင်းများမှာ တိုးပွားလာသော မြို့ပြနေထိုင်မှု၊  တိုးတက်သော လူနေမှု အဆင့်အတန်းနှင့် လိုက်လျောညီထွေစွာ ကျန်းမာရေးနှင့် ညီညွတ်သောဆီများ   သုံးစွဲလာမှု၊ အစားအစာ ဘေးအန္တရာယ်ကင်းရေးဆိုင်ရာ  စိုးရိမ်ပူပန်မှုတို့ ဖြစ်ပါသည်။ တရုတ်လူမျိုးအများစု၏ ဘဝနေထိုင်မှုပုံစံသည် အနောက်တိုင်းပုံစံသို့ တစ်နေ့တခြား ပြောင်းလဲလာနေသော်လည်း ယဉ်ကျေးမှုနှင့် စီးပွားရေးဆိုင်ရာ သီးခြားပုံစံများကြောင့် တရုတ်နိုင်ငံ၏ စားသုံးဆီ ထုတ်လုပ်မှုနှင့် စားသုံးမှုပုံစံများကို ထူးခြားစေသည်ဟု ဆိုသည်။
တရုတ်နိုင်ငံ၏ စားသုံးဆီဖူလုံမှုသည် ပြည်ပနိုင်ငံများအပေါ် မှီခိုအားထားမှု ၆၀ ရာခိုင်နှုန်းထက်  ကျော်လွန်လျက်ရှိ၍ မြင့်မားသော်လည်း တရုတ်နိုင်ငံ၏ စားသုံးဆီ ကြိတ်ခွဲထုတ်လုပ်မှု စွမ်းရည်မှာ ဆက်လက် တိုးတက်နေကြောင်း၊ ကုန်ကြမ်းနှင့်စားသုံးဆီ  သိုလှောင်မှုစနစ်သည် စိတ်ချရကြောင်း၊  မတူကွဲပြားသော စားဆီတင်သွင်းမှု လမ်းကြောင်းများဖြင့် တင်သွင်းမှုကို ဖြည့်တင်းထားသဖြင့် စားဆီဖူလုံမှုနှင့် ဘေးအန္တရယ်ကင်းရှင်းရေး  အာမခံနိုင်ကြောင်း  ကျွမ်းကျင်သူများက ပြောသည်။
ထို့ပြင် တရုတ်နိုင်ငံသည် စားဆီကုန်သွယ်မှုမူဝါဒစနစ်နှင့် သွင်းကုန်ပို့ကုန် ပေါင်းစပ်ညှိနှိုင်းရေး ယန္တရားထူထောင်၍ ပိုမိုကောင်းမွန်အောင် ဆောင်ရွက်ရာတွင် နိုင်ငံတကာအရင်းအမြစ် ပေါင်းစည်းမှုစွမ်းရည်ရှိသော  စီးပွားရေး လုပ်ငန်းအုပ်စုများကို  ပံ့ပိုးကူညီရန် ပြည်ပစားဆီလုပ်ငန်း ကွင်းဆက်အထက်ပိုင်းနှင့် အောက်ပိုင်းပေါင်းစည်းခြင်းနှင့် ဝယ်ယူခြင်းများ  ဆောင်ရွက်ခြင်း၊  ပြည်တွင်းနှင့်ပြည်ပတွင် ဆီထွက်သီးနှံစိုက်ပျိုးခြင်း၊ သိုလှောင်ခြင်း၊ ထောက်ပံ့ ပို့ဆောင်ရေး ဈေးကွက်ဖော်ဆောင်ပေးခြင်းတို့ကို ဆောင်ရွက်နိုင်စေရေး ပြည်တွင်းလုပ်ငန်းရှင်များကို ပံ့ပိုးပေးခြင်း၊ တရုတ်နိုင်ငံပိုင် နိုင်ငံစုံ ဆီနှင့် ဆီထွက်သီးနှံလုပ်ငန်းများ တည်ထောင်ခြင်း၊ ဆီနှင့်ဆီထွက်သီးနှံ အရင်းအမြစ် ကဏ္ဍတွင် ပိုမိုကျွမ်းကျင်လာစေရန်  နိုင်ငံတကာကုန်သွယ်ရေး လွှမ်းမိုးနိုင်မှု မြှင့်တင်ပေးခြင်းတို့ကို ဆောင်ရွက်လျက်ရှိသည်။
တရုတ်နိုင်ငံ၏စားသုံးဆီထုတ်လုပ်မှုသည် လျင်မြန်စွာ ဖွံ့ဖြိုးတိုးတက်နေသော်လည်း ပြည်သူများ၏ လူနေမှုအဆင့်အတန်းမှာလည်း လျင်မြန်စွာ တိုးတက်လာနေရာ ပြည်တွင်းလိုအပ်ချက်ကို မဖြည့်ဆည်းပေးနိုင်သော အခြေအနေ မျိုးတွင် တင်သွင်းမှုအရေအတွက် တိုးလာခြင်းသည် မလွှဲမရှောင်သာ ရွေးချယ်စရာဖြစ်လာသည်။
သို့ဖြစ်၍စားသုံးဆီတင်သွင်းမှုလမ်းကြောင်း အနည်းငယ်ကိုသာ အားထားနေရမှုမှ ကင်းဝေးစေရန် ဆောင်ရွက်လျက်ရှိသည်။ အမေရိကတိုက်ရှိ ပဲပုပ်ထုတ်လုပ်သည့် နိုင်ငံများနှင့် အရှေ့တောင်အာရှရှိ စားအုန်းဆီ  ထုတ်လုပ်သူ များနှင့် ပူးပေါင်းဆောင်ရွက်မှုကို ကြိုးပမ်းမြှင့်တင်ခြင်း၊   ဥရောပ၊ ပင်လယ်နက်နှင့် အာဖရိကတို့ကဲ့သို့ စားဆီထွက်ရှိမှု အလားအလာရှိသော ဒေသများနှင့် ပူးပေါင်းဆောင် ရွက်မှု တိုးမြှင့်လျက်ရှိသည်။
တရုတ်နိုင်ငံတွင် စားသုံးဆီပြည်တွင်းဖူလုံစေရန်နှင့် ဘေးအန္တရာယ်ကင်းရှင်းရေးအတွက် ဦးတည်ချက် သုံးချက်ဖြင့် ဆောင်ရွက်လျက်ရှိရာတွင် ပထမအချက်အနေဖြင့် ဆီထွက်သီးနှံစိုက်ပျိုးထုတ် လုပ်မှုတိုးတက်ရေး ဘက်စုံကြိုးပမ်းဆောင်ရွက်ခြင်း၊ ဒုတိယအချက် အနေဖြင့် ပြည်တွင်းစားဆီလုပ်ငန်းများ ပိုမိုခိုင်မာ  အားကောင်းလာ စေရန်   ပံ့ပိုးကူညီဆောင်ရွက်ခဲ့ရာ    မကြာသေးမီနှစ်များအတွင်း တရုတ်နိုင်ငံ၏ စားဆီထုတ်လုပ်ငန်းများသည်   ဆက်လက်ဖွံ့ဖြိုးတိုး တက်လာခဲ့ကြောင်း    နိုင်ငံပိုင်စီးပွားရေးလုပ်ငန်းများနှင့် ဟောင် ကောင်၊ မကာအို၊ ထိုင်ဝမ်နှင့်ပုဂ္ဂလိကစီးပွားရေးလုပ်ငန်းများ တူညီ သည့်အဆင့်ဖြင့်ယှဉ်ပြိုင်နိုင်သည့်အခြေအနေဖြစ်လာခဲ့သည်။အထူး သဖြင့် အသေးစားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ၏ စီမံ ဆောင်ရွက်နိုင်မှု စွမ်းရည်မြှင့်တင်ရန်အတွက် စက်ရုံများနှင့် စက် ကိရိယာများ မွမ်းမံပြင်ဆင်ရေး၊ ထုတ်လုပ်မှုနည်းပညာ မြှင့်တင်ရေး နှင့် စီမံဆောင်ရွက်နိုင်မှု စွမ်းရည်မြှင့်တင်ရေးတို့တွင် အရှိန်မြှင့်တင် ဆောင်ရွက်ခြင်းနှင့်" စီးပွားရေးလုပ်ငန်း + အသုံးပြုသောမြေ+ လယ်သမား" စီးပွားရေးလုပ်ငန်းပုံစံ အကောင်အထည်ဖော်ခြင်း၊ စားဆီဈေးကွက်လည်ပတ်မှုစနစ် ပိုမိုတိုးတက် ကောင်းမွန်စေရန် လည်ပတ်နေသော လုပ်ငန်းများအတွက် အီး-ကောမတ်စ်၊ ကွင်းဆက် လည်ပတ်ဆောင်ရွက်မှု၊ ထောက်ပံ့ပို့ဆောင်ရေးနှင့် ဖြန့်ဖြူးရေးကဲ့သို့သော ဖော်မတ်အသစ်များ ဖော်ဆောင်နိုင်ရေးအပေါ်  အင်အားအပြည့်ဖြင့် ပံ့ပိုးပေး၍ စားသုံးဆီ ထောက်ပံ့မှု   အဓိကလမ်းကြောင်းသစ်များကို မွေးမြူချဲ့ထွင်လျက်ရှိသည်။
တတိယအချက်မှာစားသုံးဆီ အရန်ထားရှိမှုဆိုင်ရာ စည်းမျဉ်းနှင့် အရေးပေါ်စီမံခန့်ခွဲမှုကို  အားကောင်းစေရန် ဆောင်ရွက်ခြင်း ဖြစ်သည်။ လုံလောက်စွာ သိုမှီးထားသော အရန်သည် ဈေးကွက်ကို ထိန်းထားနိုင်၍ စားသုံးဆီ သိုလှောင်မှုစီမံခန့်ခွဲမှုစနစ် မြှင့်တင်ရန်နှင့် လုပ်ငန်းများ၏ သတ်မှတ်ချိန်တစ်ခုအတွင်း   ဆောင်ကြဉ်းပေးနိုင် မည့် အရန်ပမာဏ ချိန်ညှိခြင်းကို ပြဋ္ဌာန်းချက်များအရ  သက်ဆိုင်ရာ အေဂျင်စီများမှ တာဝန်ယူ၍  ဆောင်ရွက်သည်။
တရုတ်နိုင်ငံတွင် အစားအသောက်ကြီးကြပ်ကွပ်ကဲရေး အဖွဲ့များသည် စားသုံးဆီ ဘေးအန္တရာယ်ကင်းရှင်းရေးသာမက ဈေးကွက်တွင် တည်ငြိမ်ဖူလုံစွာ ရရှိနိုင်ရေးလည်း တာဝန်ရှိသည်။ ထို့ကြောင့် ဆီထွက်သီးနှံနှင့် စားဆီပြုပြင် ထုတ်လုပ်ခြင်း  ဆောင်ရွက်သည့် လုပ်ငန်းကြီးများ၏  စီးပွားဖြစ်လည်ပတ်မှု စာရင်းကို (နိုင်ငံတော်စားဆီ အရန်အစီအမံတွင် ဖြည့်တင်းပေးနိုင်ရေး) ကျိုးကြောင်းဆီလျော်စွာ စီစဉ်နိုင်ရေး လမ်းညွှန်မှုပေးခြင်း၊ စားသုံးဆီဈေးကွက်  ရောင်းလိုအား နှင့်ဝယ်လိုအားဆိုင်ရာ သတင်းအချက်အလက် ဈေးကွက်စောင့်ကြည့်ခြင်းနှင့် ကြိုတင်သတိပေးချက်တို့ကို ခွဲခြမ်းစိတ်ဖြာမှု  အားကောင်း စေရေးဆောင်ရွက်ခြင်း၊ စားသုံးဆီအရေးပေါ်  ကွန်ရက်စနစ် တည်ဆောက်မှု အားကောင်းစေရေးဆောင်ရွက်ခြင်း၊ဈေးကွက်တွင် အချိန် နှင့်တစ်ပြေးညီစီမံ ဆောင်ရွက်ခြင်း၊ ရောင်းချရန် သိုလှောင်ထားသော စားဆီ   ပြတ်လတ်မှုမရှိစေရေး အဆက်မပြတ် ဖြည့်ဆည်းထားမှု သေချာစေရေးဆောင်ရွက်ခြင်းဖြင့် ဈေးနှုန်းတည်ငြိမ်မှုကို ထိန်းထားလျက် ဘေးအန္တရာယ် ကင်းရှင်းသော စားဆီများ ဈေးကွက်တွင် လုံလောက်စွာ ဖြန့်ဖြူးပေးနိုင်ရေး ဘက်စုံအစီအမံများ ဆောင်ရွက်လျက်ရှိသည်။
ရင်းမြစ် -tridge and china.org.com

ဒေါက်တာဝေရီလင်း(CTQM)