Main menu

Background

ကမ္ဘာ့ကုန်ဈေးနှုန်း ၄၀ ရာခိုင်နှုန်းနီးပါး မြင့်တက်လာနိုင်ဟု ကမ္ဘာ့ဘဏ် ခန့်မှန်း

Mon, 05/02/2022 - 13:58 -- journal_editor

ကမ္ဘာတစ်ဝန်းတွင် လာမည့်မေလမှစတင်ပြီး ကုန်ဈေးနှုန်းများမှာ ၄၀ ရာခိုင်နှုန်းနီးပါးအထိ မြင့်တက်လာနိုင်ကြောင်း  ကမ္ဘာ့ဘဏ် အကြီးအကဲဒေးဗစ်မယ်လ်ပက်စ်က ပြော ဆိုလိုက်သည်။လတ်တလော  ဖြစ်ပွားနေသည့် ရုရှားနှင့်  ယူကရိန်းစစ်ရေးပြဿနာ ကြောင့် ယင်းနှစ်နိုင်ငံ၏ စီးပွားရေးကို သာထိခိုက်နေသည်သာမကဘဲ ဥရောပနိုင်ငံများ၊  ရုရှားနိုင်ငံနှင့်စီးပွားရေး မိတ်ဖက်နိုင်ငံများအနေဖြင့်စစ်ပွဲစတင်ချိန်မှပင် စီးပွားရေးထိခိုက်မှုများရှိနေခဲ့သည်။အဆိုပါစစ်ပွဲကြောင့် ကာယကံရှင်နှစ်နိုင်ငံ အပါအဝင် အိမ်နီးချင်း နိုင်ငံများကို စီးပွားရေးစတင်ထိခိုက်ခဲ့ရာမှ ဧပြီလအရောက်တွင် ကမ္ဘာ့နိုင်ငံအများအပြားလည်းယင်းအကျိုးဆက်ကို ခံစားလာရပြီလည်းဖြစ်သည်။ကမ္ဘာ့စားနပ်ရိက္ခာ အကျပ် အတည်းနှင့်အတူ ကမ္ဘာသူ၊ ကမ္ဘာသားများသည်လည်း  ကြီးမားသည့် ဒုက္ခကပ်ဘေးကြီးကိုခံစားနေရပြီဟု ဒေးဗစ်မယ်လ်ပက်စ်ကထပ်မံပြောဆိုလိုက်သည်။ထို့ပြင် ၎င်းက စားနပ်ရိက္ခာဈေးနှုန်းကြီးမြင့်မှုသည်ကမ္ဘာပေါ်ရှိလူသန်းပေါင်းများစွာအတွက်ငတ်မွတ်မှုနှင့်အာဟာရချို့တဲ့မှုများဆီသို့တွန်းပို့နေကြောင်းပြောဆိုသည်။စားနပ်ရိက္ခာ ကြီးမြင့်မှု ဆိုသည့်ကပ်ဘေးကြီးအပြီးတွင် ယင်းသို့ကြုံတွေ့ခဲ့ရသည့်အကျပ်အတည်းကိုသက်ဆိုင်ရာအစိုးရများအနေဖြင့် ကောင်းစွာဖြေရှင်းနိုင်မှု မပြုလုပ် နိုင်ပါကနိုင်ငံရေး စိန်ခေါ်မှု များကိုပင်ရင်ဆိုင်လာရနိုင်ကြောင်း ကမ္ဘာ့ဘဏ်မှ အကြီးတန်းအရာရှိတစ်ဦးက ပြောဆိုသုံးသပ်ထားသည်။ကုန်ဈေးနှုန်းကြီးမြင့်မှုကို ဖွံ့ဖြိုးဆဲနိုင်ငံများကအဓိကခံစားရ မည်ဖြစ်ပြီးအဆိုပါနိုင်ငံများအနေဖြင့် နိုင်ငံတကာ ြွေကးမြီပြဿနာကိုဖြေရှင်းနိုင်မှုမပြုလုပ်နိုင်မီမှာပင် နောက်ထပ်စားနပ်ရိက္ခာဈေးနှုန်းကြီးမြင့်မှုနှင့် လောင်စာဆီဈေး အဆမတန် မြင့်တက်လာမှုကိုစတင်ရင်ဆိုင်လာရပြီလည်းဖြစ်သည်။                

  Ref; BBC