Main menu

Background

ယခုတစ်ပတ်အတွင်း နို့မှုန့်နှင့် ဆေးဝါးပစ္စည်းများ တင်သွင်းမှုအခြေအနေ

Wed, 02/01/2023 - 15:43 -- journal_editor

နို့မှုန့်
ဇန်နဝါရီ ၁၄  ရက် မှ ၂၀ ရက်အထိ ကာလအတွင်း ပင်လယ်ရေကြောင်း ကုန်သွယ်မှုမှ အမေရိကန်ဒေါ်လာ သုည ဒသမ ၇၉၈ သန်းတန်ဖိုးရှိ နို့မှုန့် တန်ချိန် ၂၀ဝခန့် တင် သွင်းခဲ့သည်။ တင်သွင်းမှုများအနေဖြင့် နယူးဇီလန်နိုင်ငံမှ တန်ချိန် ၁၄၀ ကျော်နှင့် မလေးရှားနိုင်ငံမှ တန်ချိန် ၆၀ ခန့် တင်သွင်းခဲ့သည်။ အနီးစပ်ဆုံးကာလနှင့် နှိုင်းယှဉ်ပါက နို့မှုန့် တန်ချိန် ၁၀ဝ  ကျော် ပိုမိုတင်သွင်းခဲ့ကြောင်း သိရသည်။   
ဆေးဝါးပစ္စည်း
ဇန်နဝါရီလ ၁၄  ရက် မှ ၂၀ ရက်ထိကာလအတွင်း ပင်လယ်ရေကြောင်း ကုန်သွယ်မှုမှ    အမေရိကန်ဒေါ်လာ၁၂  ဒသမ  ၉၈၈ သန်း တန်ဖိုးရှိ ဆေးဝါးပစ္စည်းများ တန်ချိန် ၇၀ဝ   ကျော် တင်သွင်းခဲ့သည်။ ယခုတစ်ပတ်အတွင်း အာဂျင်တီးနား၊ ဘယ်လ်ဂျီယံ၊  ဆွစ်ဇာလန်နိုင်ငံ၊ သြစတြေးလျနိုင်ငံ၊ ဘင်္ဂလား ဒေ့ရှ်နိုင်ငံ၊  ဘရာဇီးနိုင်ငံ၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ဆိုက် ပရပ်စ်နိုင်ငံ၊  အီကွေဒေါနိုင်ငံ၊  ဂျာမနီနိုင်ငံ၊ အိန္ဒိယနိုင်ငံ၊ အင်ဒိုနီးရှားနိုင်ငံ၊  အိုင်ယာလန်နိုင်ငံ၊  အီတလီနိုင်ငံ၊ ဂျပန် နိုင်ငံ၊ တောင်ကိုရီးယားနိုင်ငံ၊  မလေးရှားနိုင်ငံ၊  နယ်သာလန် နိုင်ငံ၊ ပါကစ္စတန်နိုင်ငံ၊ စပိန်နိုင်ငံ၊ ဖိလစ်ပိုင်နိုင်ငံ၊ စင်ကာပူ နိုင်ငံ၊ ပေါ်တူဂီနိုင်ငံ၊ ထိုင်းနိုင်ငံ၊ အမေရိကန်ပြည်ထောင်စုနှင့်  ဗီယက်နမ်နိုင်ငံတို့မှ တင်သွင်းခဲ့ကြောင်းသိရသည်။ အနီးစပ် ဆုံးကာလနှင့် နှိုင်းယှဉ်ပါက ဆေးဝါးပစ္စည်းများ တန်ချိန် ၁၅၀  ခန့် လျော့နည်းတင်သွင်းခဲ့ကြောင်း သိရသည်။  
အိမ့် (DOT)