Main menu

Background

ပြည်တွင်း ဆန်လိုအပ်မှုနှင့် မလေးရှားနိုင်ငံ ရင်ဆိုင်နေရ

Tue, 10/10/2023 - 15:00 -- journal_editor

မလေးရှားနိုင်ငံတွင်  ပြည်ပမှ တင်သွင်း သော ဆန်ဈေးနှုန်းများ မြင့်တက်လာခြင်းကြောင့် စားသုံးသူများက ဈေးသက်သာသော ပြည်တွင်း စိုက်ပျိုးရေးထွက်ကုန်များထံ စုပြုံ၍အာရုံစိုက်လာ ကြသည်။ သို့ရာတွင် စားသောက်ကုန်ဈေးနှုန်းကြီး မြင့်နေမှုများကြောင့်  အိမ်ထောင်စုများ၏ ဝင်ငွေ များအား  ချွေတာသုံးစွဲနေကြရကြောင်း  ငြုင ဗျငေ တွင် သတင်းဖော်ပြချက်အရ သိရသည်။
မလေးရှားပြည်တွင်း၌  စိုက်ပျိုးသော ဆန် စပါးမှာ ပြည်တွင်း လိုအပ်ချက်၏  ၇၀ ရာခိုင်နှုန်း ကိုသာ ဖြည့်ဆည်းပေးနိုင်သည့်အတွက် ပြည်တွင်း ဝယ်လိုအားမြင့်လာမှုအပေါ် အကောင်အထည် ဖော်ပေးနိုင်မည့်အစီအမံများကို မလေးရှားအစိုးရ က စတင်ဆောင်ရွက်နေပြီဖြစ်သည်။ ယခုရက်ပိုင်း၌ ၅ ကီလိုနှင့် ၁၀ ကီလို ပြည် တွင်းဆန်ထုပ်များကို အဝယ်များကြသဖြင့် စူပါမား ကက်များနှင့် စတိုးဆိုင်အသေးများ၏  စင်များ၌ ကုန်ပစ္စည်းအသစ်ဖြည့်တင်း၍  မလုံလောက်နိုင် အောင် ဖြစ်နေသည်။ တစ်နည်းအားဖပြည်တွင်း ထုတ်ဆန်နှင့် ပြည်ပမှတင်သွင်းသည့်   ဆန်တို့ အကြား ဈေးနှုန်းကွာဟချက်   ကြီးမားမှုကြောင့် စားသုံးသူအချို့က  ဆန်တစ်အိတ် - နှစ်အိတ်ခန့် အပိုဆောင်း၍ ဝယ်ယူသိမ်းဆည်းထားကြရာ ဆန် လိုအပ်ချက် မြင့်မားနေခြင်းဖြစ်သည်။
မလေးရှားနိုင်ငံတွင်  ပြည်တွင်းထုတ် ဆန် ဖြူမှာ ၁၀ ကီလိုတစ်အိမ်လျှင် ၂၆ ရင်းဂစ် (၅.၅၄ ဒေါ်လာ)ဖြင့် ဈေးနှုန်းထိန်းချုပ်ထားသည့် အမယ် ဖြစ်ပါသည်။ မကြာသေးမီကာလက တစ်ကမ္ဘာလုံး မှဆန်ဈေးနုန်းများ မြင့်တက်မလာမီကပင် မလေး ရှားနိုင်ငံအတွင်း တင်သွင်းသောဆန်မှာ ပြည်တွင်း ထုတ်ဆန်ထက် ဈေးနှုန်းကြီးမြင့်နေခြင်း ဖြစ်သည်။ ဆန်ဈေးနှုန်း  ကွာဟချက်မှာ စက်တင်ဘာ ၁ ရက် တွင် ဆန်ဖြန့်ဖြူးမှုကို ထိန်းချုပ်ပြီး ကမ္ဘာ့ဆန်ဈေး နှုန်းကြီးမြင့်မှုကြောင့် ပြည်ပမှတင်သွင်းသည့် ဆန် ရောင်းချသည့် လက်လီဈေးနှုန်းကို ၃၆ ရာခိုင်နှုန်း မြှင့်တင်လိုက်ပြီးနောက်ပိုင်း၌   ပိုမိုသိသာလာခြင်း ဖြစ်ပါသည်။ မလေးရှားနိုင်ငံသည် အိန္ဒိယ၊ ပါကစ္စ တန်၊ ထိုင်း၊ ဗီယက်နမ်နှင့် ကမ္ဘောဒီးယားတို့ထံမှ ဆန်ဖြူကို အဓိကတင်သွင်းသည်။ လက်ရှိအချိန် တွင်  ပြည်ပမှတင်သွင်းလာသည့် ဆန် ၁၀ ကီလို တစ်အိတ်လျှင်  ရင်းဂစ်  ၃၀ မှ  ၇၀ ကြားဖြင့် ရောင်းချလျက်ရှိသည်။
ကမ္ဘာတစ်ဝန်းတွင် ဆန်စပါးတင်ပို့နေသည့် အိန္ဒိယနိုင်ငံဘက်မှ ပို့ကုန်တားမြစ်မှုများကြောင့် ဆန်ဖြူ လိုအပ်ချက် များပြားနေရာ ယခင်နှစ်က ထက် ၃၁ ရာခိုင်နှုန်း မြင့်တက်လျက်   သြဂုတ်လ အတွင်း  ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့အစည်း၏ ဆန် အားလုံး  ဈေးနှုန်းအညွှန်းကိန်း ၁၄၂ဒသမ၄ အထိ ရှိခဲ့သည်။
မလေးရှားနိုင်ငံအတွင်းရှိ   အိမ်ထောင်စု များက ၎င်းတို့၏ လစဉ် အစားအစာများဝယ်ယူမှု အပေါ် သုံးစွဲရသည့်ငွေပမာဏမှာ ၂၀ ရာခိုင်နှုန်း မှ ၃၀ ရာခိုင်နှုန်းကြား မြင့်တက်လျက် ရင်းဂစ်၁၀ဝ ခန့် ပိုမိုလာကြောင်း သိရသည်။
မလေးရှားနိုင်ငံအတွင်း၌  အယ်လ်နီညို၏သက်ရောက်မှုကြောင့် ရာသီဥတုခြောက်သွေ့ကာ ပြည်တွင်း   စပါးထုတ်လုပ်မှုအပေါ်  သက်ရောက် နေရာ အစိုးရက   တစ်ဟက်တာလျှင် ပျမ်းမျှ ၅ တန်မှ ၇ တန်ကြား   အထွက်နှုန်းတိုးမြှင့်နိုင်မည့် အကြီးစား   စပါးစိုက်ခင်းများကို ပြည်နယ်အချို့ တွင် စတင်ဆောင်ရွက်လျက်ရှိသည်။
ထို့ပြင် နှစ်နှစ်လျှင် စပါးစိုက်ပျိုးရာသီ ၅ ရာသီရှိလာစေကာ    နိုင်ငံ၏စားနပ်ရိက္ခာ စိတ်ချ လုံခြုံမှုနှုန်းအား ၂၀၃၀ ပြည့်နှစ်၌ ၈၀ ရာခိုင်နှုန်းရှိလာစေရန်အတွက်လည်းကောင်း၊ ဆိုးရွားသည့် ရာသီဥတုဒဏ်နှင့် ရောဂါဒဏ်ကို  ခံနိုင်ရည်  ပိုမို ရှိကာ စိုက်ပျိုးပြီးနောက် ၇၅ရက်အတွင်း ရိတ်သိမ်း နိုင်သည့် စပါးမျိုးစေ့အသစ်အား   သုတေသနပြု ကာ အသုံးပြုနိုင်စေရန်လည်းကောင်း    ကြိုးပမ်း ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

 

ဒေါက်တာရွှေစင်ကို
(ကုန်သွယ်ရေးဦးစီးဌာန)