Main menu

Background

အိန္ဒိယ ပုစွန်ဖြူ ထုတ်လုပ်မှုတိုးတက်

Mon, 02/25/2013 - 06:26 -- ydnar

အိန္ဒိယ နိုင်ငံအနေဖြင့် ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် ရေထွက်ပစ္စည်းစစ်ဆေး ရေး၏စခန်းစတင်ဖွင့်လှစ်ပြီးသည့် အ ချိန်မှစ၍အိန္ဒိယနိုင်ငံ၏ပုစွန်ဖြူထုတ် လုပ်မှုမှာငါးဆခန့်တိုးတက်လာခဲ့ကြောင်း သိရသည်။

အိန္ဒိယနိုင်ငံအနေဖြင့် ပုစွန်ဖြူမွေး မြူထုတ်လုပ်လျက်ရှိရာတွင် ၂၀၀၉- ၂၀၁၀တွင် အမေရိကန်ဒေါ်လာ ၃၄၇ ဒသမ ၈သန်းဖိုးရှိ ပုစွန်ဖြူ ၈၈၀၀၀တန် ထုတ်လုပ်နိုင်ခဲ့ပြီး ၂၀၁၀-၂၀၁၁ ခုနှစ် တွင် အမေရိကန်ဒေါ်လာ ၁၁၉၅ ဒသမ ၅ သန်း တန်ဖိုးရှိ ပုစွန်ဖြူ ၂၂၄၀၀၀ တန်ကို ထုတ်လုပ်နိုင်ခဲ့ ကြောင်း  သိရသည်။ အိန္ဒိယနိုင်ငံ သည် ရေထွက်ပစ္စည်းစခန်း တည်ထောင်ပြီး သည့် အချိန်မှ နှစ်နှစ်အတွင်း ၃၅ ဒသမ ၉ရာခိုင် နှုန်း တိုးတက်ထုတ်လုပ် နိုင်ခဲ့ကြောင်း သိရသည်။
၂၀၁၂ခုနှစ်အတွင်းကအိန္ဒိယနိုင်ငံ နှင့်ပုစွန်ဖြူမွေးမြူထုတ်လုပ်မှုတွင် ပြိုင် ဘက်နိုင်ငံများဖြစ်သည့် တရုတ်နိုင်ငံနှင့် ထိုင်းနိုင်ငံတို့တွင် ရာသီဥတုဖောက်ပြန် ခဲ့ခြင်းနှင့်ရောဂါဖြစ်ပွားခြင်းများရှိခဲ့သော် လည်း အိန္ဒိယနိုင်ငံတွင်မူ ပုစွန်ဖြူများ ကိုတိုးမြှင့်ထုတ်လုပ်နိုင်ခဲ့ကြောင်းသိရသည်။
Ref: T.H, ASF Weekly News