Main menu

Background

ဇွန်လအတွင်း ရော်ဘာနှင့် ပြောင်း တင်ပို့မှုအခြေအနေ

Tue, 07/18/2023 - 10:31 -- journal_editor

ရော်ဘာ
ဇွန် ၁ ရက်မှ ၃၀ ရက်အထိ ကာလအတွင်း ပင်လယ်ရေကြောင်း ကုန်သွယ်မှုမှ အမေရိကန်ဒေါ်လာ ၉ ဒသမ ၅၄၅ သန်း တန်ဖိုးရှိ ရော်ဘာ ၇၆၄၈ တန် တင်ပို့ခဲ့ကြောင်း သိရသည်။ ရော်ဘာတင်ပို့သော နိုင်ငံများမှာ တရုတ်နိုင်ငံသို့ ရော်ဘာ ၆၈၈၈ တန်ကျော်၊ အင်ဒိုနီးရှားနိုင်ငံသို့  ရော်ဘာတန်ချိန် ၃၀ဝ၊ ကိုရီးယားနိုင်ငံသို့ ရော်ဘာတန်ချိန် ၂၀ဝ ကျော်၊ ဗီယက်နမ်နိုင်ငံသို့ ရော်ဘာတန်ချိန် ၁၀ဝ ကျော်၊ မလေးရှားနိုင်ငံသို့ ရော်ဘာတန်ချိန် ၆၀၊ အိန္ဒိယနိုင်ငံသို့ ရော်ဘာ ၅၈ တန်နှင့် ဘင်္ဂလားဒေ့ရှ် နိုင်ငံသို့ ရော်ဘာ ၃၉ တန် တင်ပို့ခဲ့သည်။
ယခုလအတွင်း မြန်မာ-တရုတ် နယ်စပ်ကုန်သွယ်မှုမှ ရော်ဘာတန်ချိန် ၅၅၁၀ ကျော်နှင့် မြန်မာ-ထိုင်း နယ်စပ်ကုန်သွယ် မှုမှ ရော်ဘာတန်ချိန် ၁၀ဝ၈ တန် တင်ပို့နိုင်သဖြင့် စုစုပေါင်းရော်ဘာ ၆၅၁၉ တန်တင်ပို့ပြီး တန်ဖိုး အမေရိကန်ဒေါ်လာ  ၇ ဒသမ ၈၁၆  သန်းရရှိသည်။ နည်းလမ်းနှစ်သွယ်မှ ရော်ဘာတင်ပို့မှု စုစုပေါင်း တန်ချိန် ၁၄၁၆၀ ကျော်နှင့် တန်ဖိုး အမေရိကန် ဒေါ်လာ ၁၇ ဒသမ ၃၆၁ သန်း ရရှိပါသည်။ ယခင်လ တင်ပို့မှုနှင့် နှိုင်းယှဉ်ပါက ရော်ဘာတန်ချိန် ၄၀ဝ၀ ကျော် လျော့နည်း တင်ပို့ခဲ့သည်။
ပြောင်း
ဇွန်လအတွင်း ပင်လယ်ရေကြောင်း ကုန်သွယ်မှုမှ အမေရိကန်ဒေါ်လာ ၃၁ ဒသမ ၁၆၆ သန်း တန်ဖိုးရှိ ပြောင်းတန်ချိန် ၁၀ဝ၉၉၀ တင်ပို့ခဲ့ကြောင်း သိရသည်။ တင်ပို့မှုအနေဖြင့် ထိုင်းနိုင်ငံသို့ ပြောင်းတန်ချိန် ၉၇၀၅၀ နှင့် ဖိလစ်ပိုင်နိုင်ငံသို့ ပြောင်း တန်ချိန် ၃၉၄၀ တင်ပို့ ခဲ့သည်။
ယခုလအတွင်း မြန်မာ-ထိုင်း နယ်စပ်ကုန်သွယ်မှုမှ ပြောင်းတန်ချိန် ၁၃၀ဝ၄၀ တင်ပို့ပြီး မြန်မာ-တရုတ် နယ်စပ်ကုန်သွယ် မှုမှ ပြောင်းတန်ချိန် ၂၈၆ တန်တင်ပို့သဖြင့် စုစုပေါင်း ပြောင်းတန်ချိန် ၁၃၀၃၂၆ တန် တင်ပို့ပြီး တန်ဖိုး အမေရိကန်ဒေါ်လာ ၃၉ ဒသမ ၉၆၃ သန်း ရရှိသည်။ နည်းလမ်းနှစ်သွယ်မှ ပြောင်းတန်ချိန် ၂၃၁၃၁၀ ကျော် တင်ပို့ပြီး  တန်ဖိုး အမေရိကန်ဒေါ်လာ ၇၁ ဒသမ ၁၂၉ သန်းရရှိသည်။ ယခင်လတင်ပို့မှုနှင့် နှိုင်းယှဉ်ပါက ပြောင်းတန်ချိန် ၁၆၀ဝ ကျော် ပိုမိုတင်ပို့ခဲ့သည်။