Main menu

Background

ဗီယက်နမ်ကုမ္ပဏီ ငါးခု အင်ဒိုနီးရှား၏ ဆန်အဝယ်တင်ဒါ အောင်မြင်

Mon, 03/04/2024 - 12:04 -- journal_editor

၂၀၂၄ ခုနှစ်အတွက်    ရေးဆွဲထားသော စီမံချက်နှင့်အညီ  ဆန် တန်ချိန် ၃ သန်းခန့် တင် သွင်းရန် အင်ဒိုနီးရှားနိုင်ငံ၏ လျာထားချက်သည် ဖိလစ်ပိုင်နိုင်ငံက   တင်သွင်းရန် စီစဉ်ထားသော ဗီယက်နမ် ဆန်ပမာဏနှင့် တူညီလုနီးပါးရှိကြောင်း၊ ကမ္ဘာ့ဆန်အများဆုံး တင်သွင်းသော နိုင်ငံတစ်ခု ဖြစ်လာမည့် အင်ဒိုနီးရှားသည် ဗီယက်နမ် ဆန် တင်ပို့မှုနယ်ပယ်အတွက်လည်း  အဓိက  ဖောက် သည်တစ်ဦး   ဖြစ်လာမည်ဖြစ်ကြောင်း ဟနွိုင်း အခြေစိုက် Vietnam News သတင်းဌာန၏ ဖော်ပြ ချက်အရ သိရှိရသည်။ ဇန်နဝါရီလတွင်      အင်ဒိုနီးရှားနိုင်ငံပိုင် ထောက်ပံ့ပို့ဆောင်ရေးအေဂျင်စီ(BULOG) သည် နိုင်ငံ၏ အရန်စားနပ်ရိက္ခာများ   အားကောင်း လာစေရန်    ဆန်တန်ချိန် ၅၀ဝ၀ဝ၀ တင်သွင်းမှု တင်ဒါခေါ်ယူခြင်းကို  စတင်ဆောင်ရွက်ခဲ့သည်။ BULOG ၏ တင်ဒါသည် ဇန်နဝါ ရီလ ၃၀ ရက် တွင် ပိတ်သိမ်းခဲ့ချိန်၌ ဗီယက်နမ်ကုမ္ပဏီ  ငါးခုသို့ ဖြန့်ဝေခဲ့သော လေလံ ၁၇ စောင်အနက် ရှစ်စောင် အား ဗီယက်နမ်မှအောင်မြင်ခဲ့ကြောင်း သိရသည်။
ဗီယက်နမ်မှ ဆန်တင်ပို့သည့် ကုမ္ပဏီများ အနက်Loc Troi Group Joint Stock Company  သည် လေလံအမှတ်(၈)နှင့်(၁၄)ကိုလည်းကောင်း၊ Northern Food Corporation (Vinafood 1) သည် လေလံအမှတ် (၁၅) နှင့် (၁၆) ကိုလည်းကောင်း၊Southern Food Corporation (Vinafood 2) သည် လေလံအမှတ်(၃)နှင့် (၉)ကိုလည်းကောင်း လေလံ ၂ ခုစီအား အသီးသီး   အောင်မြင်ခဲ့ကြကြောင်းBULOG  ၏ ပြောကြားချက်အရ သိရှိရသည်။ 
အခြား   ဗီယက်နမ်ကုမ္ပဏီများဖြစ်သည့်Kien Giang Import-Export Joint Stock Com-pany သည် လေလံအမှတ် (၁၂) ကိုလည်းကောင်း၊ Phat Tai Food Limited Company  သည် လေလံ အမှတ် (၁၁) ကိုလည်းကောင်း အောင်မြင်ခဲ့သည်။ အင်ဒိုနီးရှား၏ ဆန်အဝယ်တင်ဒါတွင် ဗီယက်နမ် သည် ကုမ္ပဏီများစွာ ပါဝင်ယှဉ်ပြိုင်ခဲ့သည့် တစ်ခု တည်းသောနိုင်ငံဖြစ်ပြီး     ဆန်ပမာဏများစွာ အတွက် အောင်မြင်ခဲ့ခြင်းဖြစ်သည်။   စင်ကာပူ ကုန်သွယ်မှုကုမ္ပဏီR&S Trader PTE  တစ်ခုတည်း မှ လေလံ(၁၀)၊ (၁၃) နှင့် (၁၇) တို့ကို အောင်မြင်ခဲ့ ကြောင်း သိရှိရသည်။
တရုတ်နိုင်ငံကို ကျော်လွန်လျက် ဗီယက်နမ် ၏ ဆန်တင်ပို့မှု ဒုတိယအများဆုံး  ဈေးကွက်ဖြစ် လာမည့်   အင်ဒိုနီးရှားနိုင်ငံသို့ တန်ဖိုးအားဖြင့် အမေရိကန်ဒေါ်လာ   သန်း ၆၄၀ ရှိသော ဆန် တန်ချိန် ၁ ဒသမ ၁၆ သန်းကို တင်ပို့မည်ဖြစ်ရာ ၂၀၂၃ ခုနှစ်နှင့် နှိုင်းယှဉ်ပါက ၈၇၇  ရာခိုင်နှုန်းမှ ၉၉၂ ရာခိုင်နှုန်းအထိ   သိသာစွာ တိုးတက်လာ ကြောင်း ဗီယက်နမ် အကောက်ခွန်ဌာန၏ အချက် အလက်များအရ သိရှိရသည်။    အင်ဒိုနီးရှား၏ ဆန်တန်ချိန်၅၀ဝ၀ဝ၀တင်ဒါခေါ်ယူမှုတွင် ဗီယက် နမ်ကုမ္ပဏီများက သုံးပုံနှစ်ပုံခန့်ကို တင်ဒါအောင် မြင်ခဲ့ခြင်းဖြစ်ကြောင်း ကျွမ်းကျင်သူများက  ပြော ဆိုခဲ့ကြသည်။
ဗီယက်နမ်စားနပ်ရိက္ခာအသင်း (VFA) ၏ ၂၀၂၄ ခုနှစ် ဇန်နဝါရီလအတွက်  နောက်ဆုံးရရှိ သော အချက်အလက်များအရ   ဈေးနှုန်းအတက် အကျ အနည်းငယ်ရှိသော်လည်း နိုင်ငံ၏ ဆန်တင် ပို့မှု  ဈေးနှုန်းမှာ  ၂၀၂၃ ခုနှစ်ကုန်ပိုင်းနှင့် နှိုင်းယှဉ် ပါက တစ်တန်လျှင်  အမေရိကန်ဒေါ်လာ ၁၁ ဒေါ် လာခန့် ကျဆင်းသွားကြောင်း၊ ၂၀၂၄ ခုနှစ် ဇန်န ဝါရီလနှောင်းပိုင်း   ဆန်ကွဲပါဝင်မှု ၅ရာခိုင်နှုန်းရှိ သော ဗီယက်နမ်ဆန်၏ပို့ကုန်တန်ဖိုးမှာ တစ်တန် လျှင် အမေရိကန်ဒေါ်လာ   ၆၄၂ ဒေါ်လာဖြစ် ကြောင်း သိရှိရသည်။
လက်ရှိကာလတွင်   ဆန်ကွဲ ၅ရာခိုင်နှုန်း ပါဝင်သောဆန်များ၏ဈေးနှုန်းမှာ  ထိုင်းဆန် တစ် တန်လျှင် ၆၅၅ ဒေါ်လာနှင့် ပါကစ္စတန်ဆန် တစ် တန်လျှင် ၆၃၈ ဒေါ်လာနှုန်းရှိသဖြင့်  ဗီယက်နမ် ဆန်သည် တစ်တန်လျှင်     ထိုင်းဆန်ထက် ၁၃ ဒေါ်လာခန့် ဈေးသက်သာမှုရှိပြီး ပါကစ္စတန် ဆန် ထက်  တစ်တန်လျှင် ၄ ဒေါ်လာခန့် ဈေးပိုမိုမြင့်မား လျက်ရှိကြောင်း သိရသည်။ 
ဆန်လက်ကျန်     ကန့်သတ်ချက်ရှိသည့် အတွက် လက်ရှိ ဗီယက်နမ်ဆန်၏  ပို့ကုန်ဈေးနှုန်း များမှာ မြင့်မားမှုမရှိကြောင်း၊  ဆန်ပို့ကုန်လုပ်ငန်း များသည် ဖေဖော်ဝါရီလကုန် သို့မဟုတ်  မတ်လ လဆန်းပိုင်းတွင် ပြန်လည်စတင်နိုင်ဖွယ်ရှိကြောင်း၊ ယခုကာလအတွင်း ဆန်ကုမ္ပဏီများသည် စာချုပ် အသစ်များ ထပ်မံချုပ်ဆိုခြင်းကို မပြုလုပ်ဘဲ ပြည် တွင်းဈေးကွက်အပေါ်တွင်သာ အာရုံစိုက်ထားပြီး ဗီယက်နမ် နှစ်သစ်ကူးအတွက် ပြင်ဆင်လျက်ရှိ ကြောင်း ကုန်သည် အသိုင်းအဝိုင်း၏   ပြောကြား ချက်အရ သိရှိရသည်။                
PTM - DOCA
Source: Vietnam Plus, 2 February 2024