Main menu

Background

အိန္ဒိယပဲဈေးကွက်ကြောင့် မတ်ပဲဈေးကျဆင်း

Mon, 05/06/2024 - 12:20 -- journal_editor

ဧပြီလ နောက်ဆုံးပတ်အထိ ဈေးကောင်းလာခဲ့သော မတ်ပဲသည် မေလအစမှာပင် တရိပ်ရိပ် ဈေးပြန်ကျလျက်ရှိ ကြောင်း သိရသည်။
တစ်ပတ်အတွင်းဖြစ်ပေါ်ခဲ့သော မတ်ပဲဈေးနှုန်းများ မှာ ဧပြီ ၂၅ ရက်နှင့် ၂၆ ရက်များတွင် တစ်တင်းလျှင် ကျပ် ၁၀၂၄၀ဝ၊ ၂၉ ရက်တွင် ကျပ် ၁၀ဝ၈၀ဝ၊ ၃၀ ရက်တွင် ကျပ် ၁၀ဝ၅၀ဝ၊ မေ ၁ ရက်နှင့် ၂ ရက်တို့တွင် ကျပ် ၁၀ဝ၀ဝ၀ အသီး သီးဖြစ်ခဲ့သည်။
အိန္ဒိယအစိုးရသည်  ရွေးကောက်ပွဲကာလအတွင်း ပဲဈေးမြင့်တက်လာမည့်  အခြေအနေကို ကာကွယ်ရန် သို လှောင်ရုံများနှင့် ပဲခွဲစက်များသို့ အစိုးရအဆင့်မြင့် အရာရှိ များစေလွှတ်၍ ပဲလက်ကျန်များ စိစစ်စစ်ဆေးသွားမည်ဖြစ် ကြောင်း ထုတ်ပြန်ပြီးနောက် မတ်ပဲ၊ ပဲစင်းငုံနှင့် ကုလားပဲအပါ အဝင် ပဲလက်ကျန်အခြေအနေများကို စတင်ကွင်းဆင်း စစ် ဆေးနေပြီဖြစ်ကြောင်း သိရသည်။
ပဲလိုအပ်ချက်ရှိနေသည့် အခြေအနေတွင်  ဈေးနှုန်း တည်ငြိမ်စေရန် ရည်ရွယ်ချက်ဖြင့် အိန္ဒိယအစိုးရ၏ ဆောင် ရွက်ချက်ဖြစ်ပြီး   ပဲဈေးကွက်ကို    ဖိအားမြင့်တက်လာစေ ကြောင်း သိရသည်။
အိန္ဒိယဘက်မှ မတ်ပဲတင်သွင်းမှုကျဆင်းခြင်းနှင့် ကွန်  တိန်နာရရှိမှု နည်းပါးခြင်းတို့ကြောင့် မြန်မာမတ်ပဲ ဈေးကွက် အတွင်း ဈေးနှုန်းကျဆင်းလျက်ရှိသော်လည်း အိန္ဒိယ၏ ပဲ လိုအပ်ချက် ကြီးမားခြင်းကြောင့် မတ်ပဲတင်ပို့မှုဆက်ရှိနေမည် ဖြစ်ကြောင်းနှင့် ဈေးပြန်တက်လာနိုင်ကြောင်း ပဲမျိုးစုံ တင်ပို့ ရောင်းချသူ လုပ်ငန်းရှင်များက ပြောကြားသည်။

ဧရာကုန်သွယ်မြှင့်