Main menu

Background

ကမ္ဘောဒီးယားမှ တရုတ်ဈေးကွက်သို့ အုန်းသီးစိမ်း ပထမဆုံးအကြိမ် စတင်တင်ပို့

Fri, 05/10/2024 - 15:00 -- journal_editor

ကမ္ဘောဒီးယားနိုင်ငံသည် ယခုနှစ်အတွင်း လတ်ဆတ်သော အုန်းသီးတင်ပို့မှု ပထမအသုတ်အဖြစ် တရုတ်နိုင်ငံသို့ တရားဝင် အုန်းသီးစိမ်းတင်ပို့ခြင်း အခမ်းအနားကို ဧပြီ ၂၂ ရက် တွင် ဖနွမ်း ပင်မြို့၌ ကျင်းပခဲ့ရာ ကမ္ဘောဒီးယား ဒုတိယဝန်ကြီးချုပ်နှင့် ကမ္ဘော ဒီးယား ဖွံ့ဖြိုးတိုးတက်ရေးကောင်စီ၏ ဥက္ကဋ္ဌဖြစ်သူSun Chanthol  နှင့် တရုတ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီး Wang Yi  တို့ တက်ရောက်ခဲ့ ကြကြောင်း သိရှိရသည်။
လတ်ဆတ်သော အုန်းသီးစိမ်းများကို ကမ္ဘောဒီးယားမှ တရုတ် နိုင်ငံသို့ တင်ပို့ရန်အတွက် ပိုးမွှားကင်းရှင်းမှု လိုအပ်ချက်များနှင့် စပ်လျဉ်းသည့် လုပ်ငန်းစဉ်ဆိုင်ရာ သဘောတူညီချက်ကို ယခင်နှစ် စက်တင်ဘာလတွင် ကမ္ဘောဒီးယားနှင့် တရုတ် နှစ်နိုင်ငံအကြား လက်မှတ်ရေးထိုးခဲ့ခြင်းဖြစ်သည်။
အုန်းခြံ ၁၃ ခြံနှင့် အုန်းသီးထုတ်လုပ်သည့် စက်ရုံ ငါးရုံတို့ သည် တရုတ်နိုင်ငံသို့ တိုက်ရိုက် အုန်းသီးစိမ်းတင်ပို့ခွင့် ရရှိထား ကြောင်း ကမ္ဘောဒီးယား စိုက်ပျိုးရေး၊ သစ်တောနှင့် ငါးလုပ်ငန်း ဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ Im Rachana  က ပြောဆိုသည်။ တရုတ်နိုင်ငံ အကောက်ခွန်အုပ်ချုပ်ရေးဌာနတွင် မှတ်ပုံတင် ထားသော အုန်းစိုက်ခင်းများနှင့် ထုပ်ပိုးရေးဝန်ဆောင်မှုလုပ်ငန်း များအနေဖြင့် ကမ္ဘောဒီးယား၏ လတ်ဆတ်သော အုန်းသီးများကို တရုတ်ဈေးကွက်သို့ တင်ပို့ရန် အတွက် ပြင်ဆင်နေပြီး ပထမအကျော့ ကို ယခုနှစ်အတွင်း တင်ပို့နိုင်ရန် မျှော်လင့်ထားကြောင်းRachna  က ပြောကြားခဲ့သည်။
ကမ္ဘောဒီးယား စိုက်ပျိုးရေး၊ သစ်တောနှင့် ငါးလုပ်ငန်းဝန်ကြီး ဌာန၏ အစီရင်ခံစာအရ ၂၀၂၃ ခုနှစ်တွင် ကမ္ဘောဒီးယားနိုင်ငံ၌ စုစုပေါင်း အုန်းစိုက်ပျိုးဧရိယာ ၁၉၉၉၈ ဟက်တာရှိပြီး ၎င်းအနက် ၁၄၂၂၅ ဟက်တာ သို့မဟုတ် ၇၁ရာခိုင်နှုန်းမှ ခူးဆွတ်ရိတ်သိမ်းမှုရှိ ကြောင်း သိရသည်။
ကမ္ဘောဒီးယားနိုင်ငံ၏ အုန်းသီးထုတ်လုပ်မှုသည် ၂ ဒသမ ၄ ရာခိုင်နှုန်း မြင့်တက်လျက် ၂၅၈၉၃၅ တန်ရှိသည်ဟု အစီရင်ခံစာတွင် ဖော်ပြထားကြောင်း အုန်းသီးကို နိုင်ငံအနောက်တောင်ပိုင်းတွင် ရှေးယခင်ကတည်းက စိုက်ပျိုးကြကြောင်း၊ အုန်းသီးအများစုသည်Kampot၊ Kep Takeo၊ Preah Sihanouk Koh Kong  နှင့်Kampong Speu  ပြည်နယ်များမှ ထွက်ရှိခြင်းဖြစ်ကြောင်း သိရှိရသည်။
ကမ္ဘောဒီးယား အုန်းသီးမွှေးစိုက်ပျိုးရေး သမဝါယမအသင်းမှ ဥက္ကဋ္ဌ Suong Noyက အဆိုပါ တရုတ်နိုင်ငံသို့ အုန်းသီးများ တင်ပို့ နိုင်ခြင်းသည် တောင်သူများအား စီးပွားရေးအရ အထောက်အကူ ဖြစ်စေပြီး အုန်းစိုက်ခင်းများ ပိုမိုတိုးချဲ့နိုင်ရန်အတွက် တောင်သူများ အတွက် အားတက်စေနိုင်သည်ဟု ပြောကြားခဲ့သည်။ 
၂၀၁၇ ခုနှစ် လေ့လာဆန်းစစ်မှုတစ်ခုအရ ကမ္ဘောဒီးယားရှိ အုန်းသီးကဏ္ဍသည် ဖွံ့ဖြိုးတိုးတက်မှု နည်းပါးပြီး အဆိုပါကဏ္ဍမှ အကျိုးအမြတ် ရရှိခံစားရခြင်း မရှိသေးကြောင်း သိရှိရသည်။
Source: Khmer Times, 23 April 2024                             

-DPTM, DOCA