Main menu

Background

မလေးရှားနိုင်ငံတွင် အစိုးရလုပ်ငန်းများ၌ တင်သွင်းလာသည့် ဆန်များကိုသာ အသုံးပြုမည်

Fri, 05/10/2024 - 15:01 -- journal_editor

မလေးရှားနိုင်ငံတွင် ပြည်တွင်း၌ စိုက်ပျိုးထုတ်လုပ် သည့်ဆန်များ ကို ပြည်သူများ ပိုမို ဝယ်ယူရရှိနိုင်စေရေးအတွက် အစိုးရဌာန အဖွဲ့အစည်းများဖြစ်သည့် ကာကွယ်ရေးဝန်ကြီး ဌာန၊ ရဲဌာန၊ ကျောင်းများ၊ အဆောင်များနှင့် ဆေးရုံများတွင် ပြည်ပမှ  တင်သွင်းလာသောဆန်များကိုသာ အသုံးပြုရန် အစိုးရက ဆုံးဖြတ်ခဲ့ကြောင်း သိရှိရသည်။ 
မလေးရှားဝန်ကြီးချုပ် Anwar Ibrahimက အဆိုပါ အဖွဲ့အစည်းများအနေဖြင့်  ပြည်တွင်းမှ  ထွက်ရှိသော ဆန် များအစား ပြည်ပမှတင်သွင်းသောဆန်များကို အသုံးပြုကြ မည်ဆိုပါက  ပြည်သူများသည် ပြည်တွင်းထွက်ဆန်များကို လုံလောက်စွာ ဝယ်ယူရရှိနိုင်မည်ဖြစ်ကြောင်း၊ ပြည်ထောင်စု လယ်ယာထွက်ကုန် ဈေးကွက်ရှာဖွေရေး အာဏာပိုင်အဖွဲ့နှင့် လယ်သမားအဖွဲ့အစည်း အာဏာပိုင်ရုံးများသို့ ပြည်တွင်းရှိ ဆန်စက်များမှ ဆန်များကို ပေးသွင်းစေလျက် ပြည်သူများထံ ရောင်းချသွားနိုင်ရေးအတွက် နည်းလမ်းရှာဖွေ ဆောင်ရွက် သွားရန် လယ်ယာစိုက်ပျိုးရေးနှင့် စားနပ်ရိက္ခာ ဖူလုံရေး ဝန်ကြီးဌာန၏  အထွေထွေ  အတွင်းရေးမှူးအား ညွှန်ကြား  ထားပြီးဖြစ်ကြောင်း ပြောကြားခဲ့သည်။ 
ပြည်တွင်းဆန်ထုတ်လုပ်နိုင်မှုမှာ ကန့်သတ်ချက်ရှိပြီး လုံလောက်မှုမရှိသဖြင့် အစိုးရဌာန အဖွဲ့အစည်းများအနေဖြင့် ပြည်ပမှ တင်သွင်းသော ဆန်များကိုသာ အသုံးပြုစေရေး ညွှန်ကြားချက်အသစ်တစ်ရပ်  ထုတ်ပြန်ရန် လိုအပ်မည်ဟု နိုင်ငံပိုင် Bernama သတင်းဌာနက ဖော်ပြခဲ့သည်။ 
လယ်ယာစိုက်ပျိုးရေးနှင့် စားနပ်ရိက္ခာဖူလုံရေးဝန်ကြီး သြေ့ောိ ှဘေက က ဆန်ဖြန့်ဖြူး ရောင်းချမှုလုပ်ငန်း၌ ပါဝင် ပတ်သက်မှုရှိသော မည်သည့် အစိုးရဌာနအဖွဲ့အစည်းမဆို ၁-၄-၂၀၂၄ ရက်မှစတင်၍ တင်သွင်းသောဆန်များကိုသာ အသုံးပြုကြရမည်ဖြစ်ကြောင်း မတ် ၂၅ ရက်တွင် ကြေညာ ချက် ထုတ်ပြန်ခဲ့သည်။ 
Source: Free Malaysia Today, 1 April 2024
Dr. MMH, DOCA