Main menu

Background

ဘင်္ဂလားဒေ့ရှ်နိုင်ငံ၌ ဆန်ဈေးနှုန်းများကို ပုံသေသတ်မှတ်

Fri, 05/10/2024 - 15:04 -- journal_editor

ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် အစိုးရသည် သီးနှံရာသီအလိုက် ထုတ် လုပ်မှု ကုန်ကျစရိတ်အပေါ် မူတည်၍ ဆန်အမျိုးအစားအလိုက် ဈေးနှုန်း များ သတ်မှတ်ခြင်းကို ယခုနှစ် ဧပြီ ၁၄ ရက်မှစတင်၍ ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။ 
ဆန်စက်လုပ်ငန်းအဆင့်၊   လက်ကားရောင်းဝယ်မှုအဆင့်နှင့် လက်လီရောင်းချမှုအဆင့်များ အပါအဝင် ဆန်ထုတ်လုပ်မှု ကုန်ကျ စရိတ်နှင့် ဆန်ဈေးနှုန်းများ သတ်မှတ်ရေးမူဘောင်တစ်ခုကို ရေးဆွဲထား ပြီးဖြစ်ကြောင်း၊  ဈေးနှုန်းများနှင့်  စပ်လျဉ်း၍ အပြီးသတ်ဆုံးဖြတ်မည့်  အစည်းအဝေးတစ်ရပ်ကို ခေါ်ယူကျင်းပပြီးချိန်တွင် စားနပ်ရိက္ခာ၊ လယ် ယာစိုက်ပျိုးရေးနှင့် ကူးသန်းရောင်းဝယ်ရေးဆိုင်ရာ ဝန်ကြီးဌာနများက အသိပေးထုတ်ပြန်မှုများ လုပ်ဆောင်သွားမည်ဖြစ်ကြောင်းဖြင့် ကူးသန်း ရောင်းဝယ်ရေးဝန်ကြီး Ahsanul Islam Titu  က ပြောကြားခဲ့သည်။
အတွင်းဝန်ရုံးတွင် ပြုလုပ်သည့် နေ့စဉ်  မရှိမဖြစ်လိုအပ်သော အခြေခံကုန်စည်များ၏ ဈေးနှုန်းနှင့် ဈေးကွက်အခြေအနေဆိုင်ရာ လုပ်ငန်းအဖွဲ့ အစည်းအဝေးသို့ တက်ရောက်ခဲ့ပြီး နောက် သတင်းထောက် များနှင့် တွေ့ဆုံစဉ် ဝန်ကြီး Titu  က ပြောဆိုခဲ့ခြင်းဖြစ်ကြောင်းUnited News of  Bangladesh (UNB)  သတင်းဌာနက ဖော်ပြသည်။
အစိုးရသည် နေ့စဉ်လိုအပ်သော အခြေခံကုန်ပစ္စည်းများ၏ ဈေးနှုန်းကို သင့်တင့်သော အဆင့်တွင် ထိန်းသိမ်းထားနိုင်ကြောင်း၊ သယ် ယူပို့ဆောင်ရေးကဲ့သို့သော ကဏ္ဍတွင် စိန်ခေါ်မှုများ ရှိနေသော်လည်း ရာမာဒန် ဥပုသ်ကာလကုန်ဆုံးချိန်တိုင်အောင် ဈေးနှုန်းများကို ထိန်းထား နိုင်လိမ့် မည်ဖြစ်ကြောင်း၊ ဆန်ဈေးနှုန်းသည် လွန်ခဲ့သည့်တစ်နှစ်အတွင်း နိုင်ငံတကာဈေးကွက်တွင် ၂၅ ရာခိုင်နှုန်း မြင့်တက်ခဲ့သော်လည်း ပြည် တွင်းဈေးကွက်၌ မြင့်တက်မှုမှာ ၄ရာခိုင်နှုန်းထက် မပိုကြောင်း ဝန်ကြီး  Titu ပြောကြားခဲ့သည်။

 

Source: The Financial Express, 31 March 2024
 DHTSN, DOCA