Main menu

Background

လီဝန်ဒေါစကီးကိုခေါ်ယူရန် ချယ်လ်ဆီး ပြင်ဆင်

Fri, 05/27/2022 - 10:45 -- journal_editor

ချယ်လ်ဆီးအသင်းသည် ဘိုင်ယန်မြူးနစ်အသင်းမှ ထွက်ခွာရန် ဆုံးဖြတ်ထားပြီ ဖြစ်သည့် ပိုလန်တိုက်စစ်မှူး လီဝန်ဒေါစကီးကို ခေါ်ယူရန် ပြင်ဆင်နေကြောင်း သိရ သည်။ ဘိုင်ယန်မြူးနစ်အသင်းတွင် ရှစ်နှစ်ကြာ ကစားခဲ့သည့် လီဝန်ဒေါ စကီး သည် ယခုနှစ်ရာသီမကုန်မီကပင် အသင်းမှထွက်ခွာရန် ဆုံးဖြတ်ထားခဲ့ခြင်း ဖြစ်သည်။ လီဝန်ဒေါစကီးသည် ဘိုင်ယန်မြူးနစ်အသင်းတွင် ကစားခဲ့သည့် ရှစ်နှစ်စလုံးတွင် ဂျာမန်ဘွန်ဒက်စ်လီဂါ ချန်ပီယံဆုကို ရယူနိုင်ခဲ့သည်။ 
ထို့ပြင် ဘွန်ဒက်စ်လီဂါပြိုင်ပွဲတွင်  ထိပ်တန်းဂိုးသွင်းရှင်တစ်ဦးအဖြစ်လည်း ရပ်တည်နိုင်ခဲ့သူဖြစ်သည်။ ယခုနှစ်ရာသီတွင်လည်း ဘိုင်ယန်မြူးနစ် အသင်းအတွက် သွင်းဂိုး ၃၅ ဂိုး ရရှိခဲ့ပြီး ဂိုးသွင်းအများဆုံး ကစားသမားဖြစ်ခဲ့သည်။ လီဝန်ဒေါစကီးသည် ဘိုင်ယန်မြူးနစ်အသင်းတွင် ရှစ်နှစ်တာကာလအတွင်း  ပွဲပေါင်း ၂၅၃ ပွဲတွင် သွင်းဂိုး ၂၃၈ ဂိုးအထိ ရရှိခဲ့သည်။ ချယ်လ်ဆီးအသင်းသည်  လက်ရှိ အသင်းတွင် ကစားနေသည့် တိုက်စစ်မှူး လူကာကူ၏နေရာတွင် လီဝန်ဒေါစကီးဖြင့်အစားထိုးရန် ရည်ရွယ်ထား ခြင်းဖြစ်ကြောင်း သိရသည်။ အခြားတစ်ဖက်တွင် ချယ်လ်ဆီးအသင်းအနေဖြင့် စပါးအသင်းမှ တိုက်စစ် မှူး ဟယ်ရီကိန်းကို ခေါ်ယူရန် ပစ်မှတ်ထားနေသည်ဟုလည်း သိရသည်။  ချယ်လ်ဆီးအသင်းသည် လီဝန်ဒေါစကီးကို ရရှိရေးအတွက် ဘာစီလိုနာအသင်းနှင့်အပြိုင် ကြိုးပမ်းရဖွယ်လည်းရှိနေသည်။