Main menu

Background

အဲဗာတန်အသင်း တောင်ပံကစားသမားမက်နေးလ်ကို ခေါ်ယူ

Tue, 08/30/2022 - 15:41 -- journal_editor

ပရီးမီးယားလိဂ်ကလပ် အဲဗာတန်အသင်းသည် ဘန်လေအသင်းမှ တောင်ပံ ကစားသမား မက်နေးလ်ကို အပြီးသတ် ခေါ်ယူလိုက်ပြီဖြစ်ကြောင်း သိရသည်။အဲဗာတန်အသင်းသည်  အဆိုပါ အသက်(၂၂)နှစ်ရှိ အင်္ဂလန် ယူ-၂၁ လက်ရွေးစင်ကစားသမား မက်နေးလ်ကို ပြောင်းရွှေ့ကြေး ပေါင်သန်း ၂၀ ဖြင့် ခေါ်ယူလိုက်ခြင်းဖြစ်သည်။]အဲဗာတန်အသင်းက ကျွန်တော့်ကို ခေါ်ယူဖို့ စိတ်ဝင်စားနေ တယ်လို့ ကြားလိုက်ရချိန်မှာ ကျွန်တော် စိတ်လှုပ်ရှားခဲ့ရပါတယ်။ အခုလို အဲဗာတန်အသင်းက ကျွန်တော့်ကို အပြီးသတ် ခေါ်ယူ လိုက်တော့ တကယ်ကိုပဲ အံ့သြခဲ့ရပါတယ်။ ဘာလို့လဲဆိုတော့ အဲဗာတန်အသင်းဟာ ကျွန်တော် ကစားချင်နေတဲ့အသင်းပါ။ အထူးသဖြင့် နည်းပြ လမ်းပတ်ရဲ့အောက်မှာ ကျွန်တော် ကစားချင် ပါတယ်။ အဲဗာတန်အသင်းမှာ လိုအပ်နေတဲ့ကွက်လပ်ကို ကျွန်တော် ဖြည့်ဆည်းပေးချင်ပါတယ်။   ကျွန်တော့်ဘက်က  အကောင်းဆုံး ပြင်ဆင်ထားပါတယ်}ဟု မက်နေးလ်က ပြောဆိုခဲ့သည်။