Main menu

Background

ကုန်စည်ဒိုင်အသီးသီး၏လက်၇ှိအရောင်းအဝယ်ဖြစ်နေသောဈေးနှုန်းများနှင့်ဈေးကွက်အခြေအနေ

Fri, 02/06/2015 - 19:55 -- journal_editor

အတွဲ(၁၅)အမှတ်(၅)

 

ပခုက္ကူဈေးကွက်မှာ ပဲစင်းငုံနီဈေးမာ၊
ကုလားပဲအုပ်စု ပုံမှန်အရောင်းအဝယ်ထက် လျော့လာ

   ပခုက္ကူဈေးကွက်မှာ ဒီတစ်ပတ်ပဲစင်းငုံနီ(သစ်)တွေ ဈေးကွက်သို့အဝင်သွက်လာသလိုအဝင်ရှိသလောက်လည်းExportအတွက်ဝယ်ယူနေတဲ့ရန်ကုန်ဝယ်လက်ကဝယ်လိုအားသွက် တာကြောင့် ယခင်တစ် ပတ်ဖြင့်နှိုင်း ယှဉ်ပါ က ဈေးသိသာစွာ မြင့်လာပြီးတစ်ပိဿာ ကို ၁၃၀၀ ကျပ်(တစ်တန်ကို ၇၉၆၁၀၇ ကျပ်) ဈေးဖြင့်တစ်ပတ်အတွင်းအိတ် ၄၀၀၀ ခန့်အရောင်းအဝယ် ဖြစ်ခဲ့ကြောင်း ဈေးကွက်အတွင်းမှ သိရပါတယ်။ ကုလားပဲဖြူလုံး ကြီးနှင့် ကုလားပဲ (ထိုင်ဝမ်)ကို  မြို့ခံပဲခွဲစက်၊ အမှုန့်ကြိတ်စက် များရဲ့ ဝယ်လိုအား  ပုံမှန်ထက်စာရင် လျော့သွားကြောင်း၊ ဈေး လည်းအေးနေကြောင်း သိရပါတယ်။ အရောင်းအဝယ်အနေဖြင့် ကုလားပဲဖြူလုံးကြီး တစ်ပိဿာ ၈၂၁ကျပ်(တစ်တန်ကို ၅၀၂၇၇၂ ကျပ်)၊ ကုလားပဲ (ထိုင်ဝမ်)တစ်ပိဿာ ၇၄၇ ကျပ်(တစ်တန်ကို ၄၅၇၄၅၅ ကျပ်)ဈေးဖြင့် နှစ်မျိုးပေါင်း တစ်ရက်ကိုအိတ် ၁၀၀ ခန့်သာဖြစ်ခဲ့ကြောင်း သိရပါတယ်။