Main menu

Background

ပခုက္ကူကုန်စည်ဒိုင်တွင် မေလစတုတ္ထပတ် ပဲမျိုးစုံနှင့် ကြက်သွန်နီ/ဖြူ ဈေးနှုန်းဈေးကွက်

Mon, 06/05/2023 - 11:48 -- journal_editor

ပခုက္ကူကုန်စည်ဒိုင်တွင်  ပခုက္ကူဒေသမှ စိုက်ပျိုးထွက်ရှိ သော ပဲစင်းငုံနီ၊ ကုလားပဲ၊ မတ်ပဲ၊ ပဲယင်း၊ စွန်တာနီ၊ ပဲလွမ်းပြာနှင့် အခြားပဲမျိုးစုံများ အရောင်းအဝယ်ဖြစ်နေသည်။ ယခုတစ်ပတ် ပဲဈေးနှုန်းများမှာ  ပဲစင်းငုံနီ  တစ်တင်းလျှင် ကျပ် ၈၄၀ဝ၀-၈၅၀ဝ၀- ၈၅၃၀ဝ ၊ ကုလားပဲဝါလုံးကြီး (929) တစ်တင်းလျှင် ကျပ် ၇၇၁၀ဝ-၇၈၅၀ဝ ၊ ကုလားပဲဖြူလုံး (V2/V6) တစ်တင်းလျှင် ကျပ် ၇၉၀ဝ၀၊ ပဲတီစိမ်းကြီးမှာ အရည်အသွေးပေါ် မူတည်ပြီး တစ်တင်းလျှင် ကျပ် ၄၅၀ဝ၀-၆၆၀ဝ၀၊  ပဲဇီးကွက် တစ်တင်းလျှင် ကျပ် ၄၂၀ဝ၀-၄၂၆၀ဝ-၄၃၇၀ဝ ၊ ပဲယင်းနီ တစ်တင်းလျှင် ကျပ် ၇၂၈၀ဝ  ပဲယင်း (မြစ်ခြေ) တစ်တင်းလျှင် ကျပ် ၄၉၂၀ဝ၊ ပြောင်း ဖူးစေ့(ဃဏ) တစ်တင်းလျှင် ကျပ် ၂၀၃၀ဝ၊ ထောပတ်ပဲဖြူ တစ် တင်းလျှင် ကျပ် ၇၉၀ဝ၀-၈၀ဝ၀ဝ နှင့် မန်ကျည်းတောင့် တစ် ပိဿာလျှင် ကျပ် ၉၄၀-၉၅၀-၉၆၀ဖြင့် ဥပုသ်နေ့မှလွဲ၍ နေ့စဉ် ကုန်စည်ဒိုင်တွင် အရောင်းအဝယ် ဖြစ်နေသည်။
 ယခုတစ်ပတ်၏   အရောင်းအဝယ်ဖြစ်မှု   အိတ်ရေမှာ ပဲစင်းငုံနီ ၉၀ဝ အိတ်၊ ကုလားပဲဝါ လုံးကြီး(၉၂၉) ၂၅၀ အိတ်၊ ကုလားပဲဖြူလုံး (V2/V6)  ၂၀ဝ၊ ပဲတီစိမ်းကြီး  ၄၁၀ဝ၊  ပဲဇီးကွက်  အိတ် ၃၀ဝ၊ ပဲယင်းနီ အိတ် ၁၀ဝ၊ ပဲယင်း(မြစ်ခြေ) အိတ် ၅၀၊ ပြောင်းဖူးစေ့(CP) အိတ် ၁၀ဝ၀၊ ထောပတ်ပဲဖြူ  အိတ် ၄၅၀ နှင့် မန်ကျည်းတောင့်  ကုန်ချိန် ၃၀ဝ၀ဝ  ကျော် အရောင်းအဝယ်ဖြစ် နေပြီး တင်ပို့မှုအနေဖြင့် မြန်မာပြည်အောက်ပိုင်းနှင့် ပြည်ပနိုင်ငံ များသို့ တင်ပို့နေကြောင်း ကုန်သည်များထံမှ သိရှိရသည်။ 
ယခုတစ်ပတ် ကြက်သွန်နီ ကုန်စည်ဒိုင်တွင် ကြက်သွန်နီ စိုက်ပျိုးရာ ဒေသများဖြစ်ကြသော ပေါက်၊ ဆိပ်ဖြူ၊ ရေပြာ၊ ကမ္မ၊ ရေစကြိုနှင့် ပခုက္ကူကျွန်းများမှဆောင်းစိုက်ပင်စိုက်များ အရောင်း  အဝယ်ဖြစ်လျက်ရှိသည့်အပြင် အခြားဒေသများဖြစ်သော ပုလဲ၊ မြင်းခြံမြို့  တောင်သာနယ်၊ ညောင်ဦးမှ ဆောင်းစိုက်(ပင်စိုက်)ကြက်သွန်နီများအပြင်   ကြက်သွန်ဖြူများလည်း  ဝင်ရောက် အရောင်းအဝယ် ဖြစ်နေသည်။ 
ပခုက္ကူ ကြက်သွန်နီ ကုန်စည်ဒိုင်၏ ကြက်သွန်နီနှင့် ကြက် သွန်ဖြူဒိုင်ပြတ်ဈေးမှာ ပေါက်နယ်(ယောစ) ထိပ်စ တစ်ပိဿာ လျှင် ကျပ် ၂၀ဝ၀၊ အလတ်စ တစ်ပိဿာလျှင် ကျပ် ၁၇၀ဝ၊ အနိမ့်စ တစ်ပိဿာလျှင် ကျပ် ၁၃၀ဝ၊ ပုလဲ ကြက်သွန်နီ ထိပ်စ တစ်ပိဿာလျှင် ကျပ် ၂၀၅၀၊  အလတ်စ တစ်ပိဿာလျှင် ကျပ် ၁၇၀ဝ၊ အနိမ့်စ တစ်ပိဿာလျှင် ကျပ် ၁၃၀ဝ ဖြင့် နေ့စဉ် ကုန်ချိန် ကျပ် ၅၀ဝ၀ဝ မှ ၁၀ဝ၀ဝ၀ အရောင်းအဝယ်ဖြစ်နေပြီး တင်ပို့မှု အနေဖြင့် ရန်ကုန် ဘုရင့်နောင်၊ တရုတ်နှင့် ဗီယက်နမ်နိုင်ငံများ သို့လည်း တင်ပို့နေကြောင်း ကုန်သည်များထံမှ သိရှိရသည်။
ကြက်သွန်ဖြူ(ဗမာ)  ဒိုင်ပြတ်လက်ကားဈေးမှာ အရည် အသွေးပေါ်မူတည်၍ ထိပ်စ တစ်ပိဿာလျှင်  ကျပ် ၅၉၀ဝ၊ အလတ်စ တစ်ပိဿာလျှင် ကျပ် ၅၇၀ဝ၊ အနိမ့် တစ်ပိဿာလျှင် ကျပ် ၅၂၀ဝ  ဖြစ်ပြီး ကြက်သွန်ဖြူ (ရှမ်းစ) ထိပ်စ တစ်ပိဿာလျှင် ကျပ် ၄၇၀ဝ ၊ အလတ်စ တစ်ပိဿာလျှင် ကျပ် ၄၀ဝ၀၊ အနိမ့် တစ်ပိဿာလျှင် ကျပ် ၃၈၀ဝ ဖြင့်  ဥပုသ်နေ့မှလွဲ၍ အရောင်း အဝယ်ဖြစ်နေသည်။                                  

 လှိုင်ဥမ္မာဦး(ပခုက္ကူ)