Main menu

Background

ဆိပ်ဖြူမြို့နယ်တွင် မိုးမြေပဲများ စတင်စိုက်ပျိုး

Mon, 08/14/2023 - 10:17 -- journal_editor

မကွေးတိုင်းဒေသကြီး ပခုက္ကူခရိုင် ဆိပ်ဖြူမြို့နယ်သည် ဧရာဝတီမြစ်  အနောက်ဘက်ကမ်းတွင်ရှိပြီး နှစ်စဉ် ဆီထွက် သီးနှံ  မြေပဲကို မိုးနှင့် ဆောင်း နှစ်ရာသီ စိုက်ပျိုးလျက်ရှိသည်။ မိုးမြေပဲများကို ဒေသတွင်းအနှံ့အပြား ကုန်းမြေယာများတွင် ဇူလိုင်လဆန်းမှစတင်၍  စိုက်ပျိုးပြီး အောက်တိုဘာလတွင် ရိတ်သိမ်းမည်ဖြစ်ကြောင်း၊ စိုက်ဧက ၃၀ဝ ခန့် စိုက်ပျိုးထားရှိ ကြောင်း၊ သီးညှပ်သီး နှံအဖြစ် ပဲစင်းငုံ၊ ပဲတီစိမ်း၊ ပဲလွမ်းဖြူ သီးနှံတို့ကို စိုက်ပျိုးကြောင်း ဒေသခံတောင်သူများမှတစ်ဆင့် သိရှိရသည်။
မြေပဲစိုက်ပျိုးရာတွင် မြေပဲမျိုးစေ့  တစ်ပြည် ကျပ် ၇၀ဝ၀၊ တစ်တင်း  ကျပ် ၁၁၂၀ဝ၀ဈေးဖြင့် ဝယ်ယူရပြီး တစ် ဧကလျှင် မျိုးစေ့နှစ်တင်းခန့် စိုက်ပျိုးရကြောင်း၊ အလုပ်သမား ငှားပြီး လက်ဖြင့် အဆန်တစ်စေ့ခြင်း စိုက်ပျိုးကြောင်း၊ အလုပ် သမား ၁၅ ဦးငှားရမ်းရပြီး တစ်ဦးလျှင် ကျပ် ၂၅၀ဝ၊ နွား တစ်ရှဉ်း  ကျပ် ၁၅၀ဝ၀ နှုန်းဖြင့်  ငှားရမ်းစိုက်ပျိုးရကြောင်း၊ နွားရှဉ်းဖြင့် ထယ်ချောင်းဆွဲပြီး မျိုးစေ့ဖြူးချ စိုက်ပျိုးလျှင် သုံးတင်းခန့် ဝယ်ယူစိုက်ပျိုးရကြောင်း၊ စိုက်တောင်သူအများ စုမှာ  မျိုးစေ့ကုန်ကျမှု နည်းပြီး အပင်ပေါက် စုံလင်စေရန် အတွက် အလုပ်သမားငှားရမ်း စိုက်ပျိုးမှုများကြောင်း၊ မကွေး (၁၁) နှင့် နှစ်ဆစ်တောင့် (အသေး) သုံးလပဲမျိုးကို အများ ဆုံး စိုက်ပျိုးကြောင်း သိရှိရသည်။
ကုန်ကျစရိတ်အနေဖြင့် ယခင်နှစ်မြေပဲမျိုးစေ့ တစ်ပြည် ကျပ် ၄၀ဝ၀ ဖြင့် ဝယ်ယူစိုက်ပျိုးရပြီး ကုန်ကျစရိတ်မှာ ကျပ် ၅၀ဝ၀ဝ၀ ခန့်ကုန်ကျပြီး မြေပဲအထွက်တင်း ၂၀ မှ ၃၀ ထွက် ရှိကြောင်း၊ သီးနှံပေါ်ချိန်ဒေသတွင်း ဈေးကွက်တွင် မြေပဲ တောင့် (အခြောက်) တစ်တင်း  ကျပ် ၂၅၀ဝ၀၊ အဆန်တစ်ပြည် ကျပ် ၆၀ဝ၀ ဈေးဖြင့် ရောင်းချရခြင်း၊ တစ်ဧကလျှင် ကျပ်သုံး သိန်းခန့် ရရှိကြောင်း၊ စိုက်ပျိုးမြေ၊ သွင်းအားစု သုံးစွဲမှု၊ ရာသီ ဥတုမတူညီ၍ စိုက်တောင်သူတစ်ဦးချင်းမှာ အကျိုးအမြတ် ရရှိပုံ မတူညီကြောင်း သိရှိရသည်။
ယခုလက်ရှိ‌ ဒေသတွင်းဈေးကွက်တွင် မြေပဲဆီဈေးနှုန်း မှာ ဆုံဆီတစ်ပိဿာ  ကျပ် ၁၆၀ဝ၀၊ စက်ဆီတစ်ပိဿာ  ကျပ် ၁၄၅၀ဝ ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရှိရ သည်။ ယခုနှစ်တွင် မြေထောက်ပဲများကို ပြည်တွင်းစားသုံးမှု မြင့်တက်လာခြင်းနှင့် ပြည်တွင်းပြည်ပ ဝယ်လိုအားများသော ကြောင့် ပြည်တွင်းဈေးကွက် ခိုင်မာလျက်ရှိပြီး ပြည်တွင်းမှ ထွက်ရှိသော မြေပဲဆံများကို ပြည်ပဖြစ်သော တရုတ်နိုင်ငံ၊ အိန္ဒိယနိုင်ငံများမှ အဓိကဝယ်ယူလျက်ရှိ၍ မြေပဲဈေးကွက် ခိုင်မာလျက်ရှိသည်။

မြင့်မြင့်သန်း(ပခုက္ကူ)