Main menu

Background

 ပဲစင်းငုံများ အောင်မြင်ဖြစ်ထွန်းလျက်ရှိ

Fri, 12/09/2022 - 12:49 -- journal_editor

ကျောက်ဆည်ခရိုင်တွင် စပါး၊ ပဲ၊ နှမ်း၊ ငရုတ် စသည့်သီးနှံများစိုက်ပျိုးမှုများသော်လည်း ပဲမျိုးစုံအနက်မှ ပဲစင်းငုံ သီးနှံကိုလည်း စိုက်ပျိုးကြသည်။ ပဲစင်းငုံကို ကျောက်ဆည်မြို့နယ်တွင် ၁၃၁၂ ဧက၊ မြစ်သားမြို့နယ်တွင် ၇၀၂ ဧက စိုက်ပျိုးနိုင်ခဲ့ကြောင်း  သိရှိရသည်။  ယခင်နှစ် ကာလတူတွင် ကျောက်ဆည်မြို့နယ်၌ ၂၁၂၅ ဧက၊  မြစ်သားမြို့နယ်တွင် ၉၈၈ ဧက စိုက်ပျိုးနိုင်ခဲ့ရာ  ယခုနှစ်တွင် ယခင်နှစ်အောက် လျော့နည်းစိုက်ပျိုးခဲ့ကြောင်း သိရှိရသည်။ 
ပဲစင်းငုံကို သီးသန့်စိုက်ပျိုးမှုနည်းပြီး  နှမ်း၊ ဝါ၊ ပဲတီစိမ်း သီးနှံများထဲတွင် သီးညှပ်အဖြစ် စိုက်ပျိုးကြသည်။ ပဲစင်းငုံကို သီးသန့် တစ်မျိုးတည်း စိုက်ပျိုးလျှင် မျိုးအနေဖြင့် တစ်ဧက နှစ်ပြည် စိုက်ပျိုးရပြီး သီးညှပ်အဖြစ် စိုက်ပျိုးပါက တစ်ဧက တစ်ပြည် စိုက်ပျိုးကြကြောင်း၊ စိုက်ပျိုးသည့်မျိုးများမှာ ကြေးနီရောင် တဘက်လှဲမျိုး၊ ရွှေဝါရောင် လုံးသေးဒင်္ဂါးမျိုးများကို အများဆုံး စိုက်ပျိုးကြကြောင်း၊ မိမိစိုက်ခင်းမှ မျိုးကို ချန်ပြီး စိုက်ပျိုးမှုရှိသလို စိုက်ပျိုးချိန်ရောက်မှ ဝယ်ယူ၍ စိုက်ကြကြောင်း၊ ဇွန်နှင့် ဇူလိုင်လများတွင် စတင်စိုက်ပျိုးကြပြီး ဒီဇင်ဘာနှင့် ဇန်နဝါရီလများတွင် စတင်ရိတ်သိမ်းနိုင်ကြောင်း၊ ယခုနှစ် စိုက်ပျိုးချိန်တွင် မိုးဦးကောင်းသည့်အတွက် အပင်များ အောင်မြင်ဖြစ်ထွန်းလျက်ရှိသည်။ ပဲစင်းငုံ တစ်ဧက ကုန်ကျစရိတ်အနေဖြင့် ကျပ် ၁၈၀ဝ၀ဝ ခန့် ကုန်ကျကြောင်း၊ ယခုအခါ ပဲစင်းငုံ တစ်တင်းလျှင် ကျပ် ၅၀ဝ၀ဝ  ဈေးနှုန်းဖြင့် အရောင်းအဝယ် ဖြစ်နေကြောင်း သိရှိရသည်။
စိုးမင်းထွန်း