Main menu

Background

ပြည်ကုန်စည်ဒိုင်၏ ပဲအမျိုးအစားဈေးနှုန်းပြောင်းလဲမှု

Tue, 05/23/2023 - 10:41 -- journal_editor

ပြည်ခရိုင်အတွင်းရှိ ပြည်ကုန်စည်ဒိုင်၌ အရောင်းအဝယ် ဖြစ်လျက်ရှိသော  မတ်ပဲ၊ ပဲတီစိမ်း၊ ပဲစင်းငုံ၊ ကုလားပဲ၊ ပဲကြီး၊ ဗိုလ်ကိတ် ပဲနှင့်  စားတော်ပဲတို့  အရောင်းအဝယ်ဖြစ်လျက် ရှိသည်။ 
မတ်ပဲ
မေလအစတွင် ပိဿာ ၂၀ ဝင် မတ်ပဲ တစ်တင်းဈေးမှာ   ကျပ် ၇၀ဝ၀ဝ-၇၀၅၀ဝ-၇၁၀ဝ၀  ဖြင့် ရန်ကုန်အဝယ် တစ်ရက်ကို အိတ်  ၃၀ဝ ခန့်အဝယ်ရှိသည်။ ဒုတိယပတ်တွင် မတ်ပဲ ဈေးတက်လာပြီး  ကျပ် ၇၁၀ဝ၀-၇၁၅၀ဝ မှ ကျပ် ၇၂၀ဝ၀-၇၃၀ဝ၀-၇၃၅၀ဝ ထိ ဈေးတက် လာခဲ့သည်။ တစ်ရက်ကို ရန်ကုန်အဝယ်  အိတ် ၂၀ဝ-၃၀ဝ ခန့် ရှိခဲ့သည်။ 
ပဲစင်းငုံ
မေလပထမပတ်တွင် ပဲစင်းငုံတစ်တင်း ကို ကျပ် ၇၇၀ဝ၀-၇၇၅၀ဝ ဖြင့်  တစ်ရက်ကို အိတ် ၂၀ဝ-၃၀ဝ ခန့် အဝယ်ရှိခဲ့သည်။ မေလ ဒုတိယပတ်တွင်   ပဲစင်းငုံတစ်တင်းကို ကျပ် ၇၉၀ဝ၀-၇၉၃၀ဝ ဖြင့်အရောင်းအဝယ်ဖြစ်ခဲ့ပြီး ဈေးတက်လာခဲ့ကာ ပဲစင်းငုံတစ်တင်းကို ကျပ် ၈၁၀ဝ၀-၈၁၅၀ဝ ဖြင့် တစ်ရက်ကို အိတ်  ၃၀ဝ ခန့် ရန်ကုန်အဝယ်ရှိခဲ့သည်။ 
ကုလားပဲ
မေလပထမပတ်တွင် ကုလားပဲ (ူံ) တစ်တင်းကို ကျပ်  ၇၅၀ဝ၀-၇၅၅၀ဝ၊ ကုလားပဲ (မြကြေးမှုံ)တစ်တင်းကို ကျပ် ၇၅၀ဝ၀-၇၆၀ဝ၀ ဖြင့်   ခွဲစက်သမားများ  မြို့တွင်းအဝယ်နှင့် ရန်ကုန်အဝယ် တစ်ရက်ကို အိတ်  ၂၀ဝ-၃၀ဝ ခန့် အဝယ်ရှိခဲ့သည်။ မေလ ဒုတိယပတ်မှာ ကုလားပဲ (ူံ) တစ်တင်းကို ကျပ် ၇၆၀ဝ၀-၇၆၅၀ဝ-၇၇၀ဝ၀၊ ကုလားပဲ (မြကြေးမှုံ)တစ် တင်းကို ကျပ် ၇၇၅၀ဝ-၇၈၀ဝ၀ ဖြင့် လှောင် ပဲများကို တစ်ရက်လျှင်အိတ် ၃၀ဝ ခန့် မြို့တွင်း ခွဲစက်သမားများနှင့် ရန်ကုန်အဝယ်ရှိခဲ့သည်။ 
ပဲကြီ
မေလပထမပတ် ပြည်ကုန်စည်ဒိုင်တွင် ပဲကြီး(ရွှေကျွန်း)တစ်တင်းကို ကျပ် ၈၈၀ဝ၀-၉၀ဝ၀ဝ ဖြင့်  မြို့တွင်းပဲကြော်သမားများက တစ်ရက်ကို အိတ် ၂၀ဝ-၃၀ဝ ခန့် အဝယ်ရှိခဲ့ သည်။ မေလဒုတိယပတ်တွင် ပဲကြီး(ရွှေကျွန်း)တစ်တင်းကို ကျပ် ၉၀ဝ၀ဝ ဖြင့် ဈေးအေးနေပြီး တစ်ရက်ကိုအိတ် ၃၀ဝ ခန့် မြို့တွင်းနှင့် ရန်ကုန် အဝယ်ရှိခဲ့သည်။ 
စားတော်ပဲ
ပြည်ကုန်စည်ဒိုင်၌ မေလပထမပတ်တွင်  စားတော်ပဲ(ကျွန်း)တစ်တင်းကို ကျပ် ၁၁၀ဝ၀-၁၁၃၀ဝ ဖြင့် မြို့တွင်းလက်လီသမားများ တစ်ရက် ကို အိတ် ၁၀-၁၅ အိတ်ခန့် အဝယ်ရှိခဲ့သည်။ မေဒုတိယပတ်တွင် စားတော်ပဲဈေးအေးနေပြီး တစ်တင်းကို  ကျပ် ၁၁၀ဝ၀ဝ-၁၁၃၀ဝ၀ ဖြင့် ဈေးအေးနေခဲ့ပြီး   လက်လီသာ   အရောင်း အဝယ် ဖြစ်ခဲ့သည်။
ဗိုလ်ကိတ်
မေလပထမပတ်တွင် ဗိုလ်ကိတ် တစ် တင်းကို ကျပ် ၄၇၀ဝ၀ ဖြင့် မြို့တွင်းလက်လီ သမားများ အဝယ်တစ်ရက်ကို အိတ် ၁၅/၂၀ ခန့် ရန်ကုန်အဝယ် တစ်ရက်ကို အိတ် ၄၀-၅၀ ခန့်အဝယ်ရှိခဲ့သည်။ ဒုတိယပတ်တွင် ဗိုလ်ကိတ် ဈေးအေးနေခဲ့ပြီး ပဲတစ်တင်းကို ကျပ် ၄၇၀ဝ၀ ဖြင့် အရောင်းအဝယ်ရှိခဲ့သည်။
ပြည်ကုန်စည်ဒိုင်၏  အရောင်းအဝယ် ဖြစ်လျက်ရှိသော မတ်ပဲ၊ ပဲစင်းငုံ၊ ကုလားပဲ ဈေးများမှာ  မြင့်လျက်ရှိပြီး  စားတော်ပဲ၊ ဗိုလ်ကိတ်ပဲနှင့် ပဲကြီးဈေးများမှာ အေးလျက်ရှိ ကြောင်း သိရသည်။      

        
  မိမိအေး (ပြည်)