Main menu

Background

ဧပြီလအတွင်း ပဲတန်ချိန် ကိုးသောင်းကျော်တင်ပို့

Tue, 05/23/2023 - 10:56 -- journal_editor

ပင်လယ်ရေကြောင်း   ကုန်သွယ်မှုနှင့် နယ်စပ်ကုန်သွယ်ရေး စခန်းများမှ ဧပြီလအတွင်း ပဲတီစိမ်း၊ မတ်ပဲနှင့် ပဲစင်းငုံ  စုစုပေါင်း တန်ချိန် ၉၄၇၀ဝ ခန့် တင်ပို့မှုအား စုစည်းဖော်ပြလိုက်သည်။

ပဲတီစိမ်း
ဧပြီလအတွင်း ပင်လယ်ရေကြောင်းကုန် သွယ်မှုမှ အမေရိကန်ဒေါ်လာ ၁၉ ဒသမ ၆၂၆ သန်း တန်ဖိုးရှိ ပဲတီစိမ်း တန်ချိန် ၂၉၃၀ဝ ကျော် တင်ပို့ခဲ့ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ တန်ချိန် ၁၅၀ဝ၀ ကျော်၊ စင်ကာပူနိုင်ငံသို့ တန်ချိန် ၈၇၇၀၊ ဗီယက်နမ်နိုင်ငံသို့ တန်ချိန် ၁၄၀ဝ၊ ထိုင်းနိုင်ငံသို့ ၁၁၇၅တန်၊ ဂျပန်နိုင်ငံသို့  ၉၁၅ တန်၊ မလေးရှား နိုင်ငံသို့ တန်ချိန် ၅၇၀ ကျော်၊ ဖိလစ်ပိုင်နိုင်ငံသို့ တန်ချိန် ၂၀ဝ နီးပါးနှင့် အီးယူနိုင်ငံများသို့လည်း တန်ချိန် ၁၂၀ဝ ကျော် တင်ပို့ခဲ့ကြောင်း သိရသည်။ ထို့ပြင် ထိုင်ဝမ်သို့လည်း တန်ချိန် ၇၀ ကျော် တင်ပို့ ခဲ့သည်။
ပင်လယ်ရေကြောင်းသာမက  မြန်မာ-တရုတ် နယ်စပ်ကုန်သွယ်မှု လမ်းကြောင်းမှလည်း အမေရိကန်ဒေါ်လာ  ၄ ဒသမ ၃၀၈  သန်းဖိုးရှိ ပဲတီစိမ်းတန်ချိန် ၆၇၀ဝ ကျော်  တင်ပို့ခဲ့ရာ နည်း လမ် းနှစ်သွယ်မှ ဧပြီလအတွင်း ပဲတီစိမ်း တန်ချိန် စုစုပေါင်း ၃၆၀ဝ၀  ကျော် တင်ပို့ခဲ့ကြောင်း သိရ သည်။

မတ်ပဲ
ဧပြီလအတွင်း ပင်လယ်ရေကြောင်းကုန် သွယ်မှုမှ အမေရိကန်ဒေါ်လာ ၃၁ ဒသမ ၇၃၄ သန်း တန်ဖိုးရှိ မတ်ပဲ တန်ချိန် ၄၀၈၇၀ ခန့် တင်ပို့ခဲ့ သည်။ အများအားဖြင့်  အိန္ဒိယနိုင်ငံ၊ စင်ကာပူ၊ မလေးရှားနိုင်ငံများသို့   တင်ပို့ပြီး   ဗီယက်နမ်၊ အင်ဒိုနီးရှား၊ ပါကစ္စတန်၊ ဂျပန်နှင့် အီးယူနိုင်ငံများ သို့လည်းတင်ပို့ခဲ့သည်။ အများဆုံး တင်ပို့မှုများမှာ အိန္ဒိယနိုင်ငံသို့ တန်ချိန် ၃၂၇၇၀ ကျော်၊ စင်ကာပူ နိုင်ငံသို့ တန်ချိန် ၂၅၃၀ ခန့်နှင့် မလေးရှားနိုင်ငံသို့ တန်ချိန် ၁၉၈၀ ဖြစ်ကြောင်းသိရသည်။
နယ်စပ်ကုန်သွယ်ရေးစခန်းများမှ  တင်ပို့ မှုမှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ၁၂ တန်နှင့် ထိုင်းနိုင်ငံ သို့ ၁၉၂ တန်ဖြစ်သည်။  ဧပြီလအတွင်း  မတ်ပဲ တင်ပို့မှုမှာ တန်ချိန် စုစုပေါင်း ၄၁၀၇၀ ရှိကြောင်း သိရှိရသည်။
ပဲစင်းငုံ
ပင်လယ်ရေကြောင်း ကုန်သွယ်မှုမှ ဧပြီလ အတွင်း  ပဲစင်းငုံတင်ပို့မှု  တန်ဖိုး အမေရိကန် ဒေါ်လာ ၁၄ဒသမ ဝ၃၃ သန်းနှင့် တန်ချိန် ၁၇၅၇၀ ကျော်ဖြစ်သည်။ ပင်လယ်ရေကြောင်း ကုန်သွယ်မှု ဖြင့် အိန္ဒိယနိုင်ငံသို့ ပဲစင်းငုံ ၁၇၁၂၅ တန်၊ မလေး ရှားနိုင်ငံသို့ တန်ချိန် ၃၈၀နီးပါးနှင့် အီးယူ၊ ဂျပန်၊ စင်ကာပူနိုင်ငံသို့လည်း  တန်ချိန် အနည်းငယ်စီ တင်ပို့ခဲ့သည်။
ပဲတီစမ်း၊ မတ်ပဲ၊ ပဲစင်းငုံ စုစုပေါင်းတန်ချိန် ၉၄၇၀ဝ နီးပါးကို ဧပြီလအတွင်း ကုန်သွယ်မှုပြုခဲ့ ကြောင်းသိရသည်။

CJ