Main menu

Background

မိုးမြေပဲများ စတင်စိုက်ပျိုး

Mon, 06/05/2023 - 11:19 -- journal_editor

မန္တလေးတိုင်းဒေသကြီး ငါန်းဇွန် မြို့နယ်အတွင်းရှိ ကျေးရွာများတွင် မေ ၁၈ ရက်၌ ရွာသွန်းခဲ့သော မိုးကြောင့်   မိုးမျှော်နေသော  တောင်သူများမှာ မိုး မြေပဲများကို    စတင်စိုက်ပျိုးနိုင်ခဲ့ကြ သည်။ 
ငါန်းဇွန်မြို့နယ်အနေဖြင့် ယခင် နှစ်  မိုးမြေပဲကို စိုက်ပျိုးရန် လျာထားမှု အနေဖြင့်  ၁၈၂၆၀ ဧကရှိခဲ့ပြီး စိုက်ပျိုး မှုအနေဖြင့်  ၁၈၃၁၈ ဧကစိုက်ပျိုးနိုင်ခဲ့ ပြီး တစ်ဧကပျမ်းမျှအထွက်နှုန်းမှာ ၄၇ တင်းနှုန်း ထွက်ရှိခဲ့ကြောင်းနှင့် ယခုနှစ် တွင် စိုက်ပျိုးရန် လျာထားဧက  ၁၈၂၆၅  ဧကရှိကြောင်း သိရှိရသည်။ တောင်သူ များမှာ  မိမိတို့၏ မြေယာဖြစ်ထွန်းမှု၊ ရာသီဥတုအခြေအနေနှင့် တိရစ္ဆာန်များ ဖျက်ဆီးစားသောက်မှု အခြေအနေများ ပေါ်မူတည်၍ စိုက်ပျိုးကြသည်။  နေရာ ဒေသနှင့် မြေအခြေအနေပေါ်မူတည်၍ တချို့မှာ  ပင်ပြားပဲမျိုးကို စိုက်ကျင်း ဖော်၍ စိုက်ပင်တစ်ကျင်းလျှင် မြေပဲဆံ စေ့ ၄၊ ၅ စေ့ နှုန်းဖြင့် ထည့်သွင်းစိုက်ပျိုး ကြပြီး တချို့မှာလည်း ပင်ထောင်မျိုးကို တန်းဆွဲ၍ စိုက်ပျိုးမှုများလည်းရှိသည်။ ယခင်နှစ် ပဲစိုက်ရာသီတွင် မျိုးပဲဈေး နှုန်းအနေဖြင့် ပဲဆံတစ်ပြည်လျှင်  ကျပ် ၅၀ဝ၀၊ အတောင့်တစ်တင်းလျှင် ကျပ် ၂၅၀ဝ၀ ဝန်းကျင်သာ  ရှိခဲ့ပြီး ယခုနှစ် တွင် မျိုးပဲဆန်တစ်ပြည်လျှင် ကျပ် ၇၀ဝ၀၊ အတောင့် တစ်တင်းလျှင် ကျပ် ၄၀ဝ၀ဝ ဝန်းကျင်များရှိကြောင်း သရက္ကန်အုပ်စု အောင်ချမ်းသာကျေးရွာ ပဲစိုက်တောင်သူ များထံမှ သိရှိရသည်။ 
အုပ်စုအတွင်းရှိ   ကျေးရွာများ အနေဖြင့် ပင်ထောင်မျိုးများကို အတန်း ဆွဲ၍ အတန်းချစိုက်ပျိုးကြပြီး မိုးမြေပဲ နှင့်အတူ ပဲစင်းငုံသီးနှံကိုလည်း မြေပဲ စိုက်တန်း လေးတန်းလျှင် ပဲစင်းငုံတစ် တန်းဖြင့် သီးညှပ်ထည့်သွင်း စိုက်ပျိုးကြ သည်။ မိုးမြေပဲကို  နှစ်စဉ် မေလနှင့် ဇွန်လများတွင်  စတင်စိုက်ပျိုးကြပြီး စက်တင်ဘာလနှင့် အောက်တိုဘာလ တို့တွင်   ရိတ်သိမ်းထွက်ပေါ်သည်။ တောင်သူများအနေဖြင့်   မိုးသီးနှံများ စိုက်ပျိုးချိန်ရောက်လျှင် မိုးကိုမျှော်လင့် နေရကြောင်း၊ ယခုတွင် မိုးရွာသွန်းခဲ့၍ မိမိတို့ဒေသတွင် တောင်သူများလုပ်ငန်း ခွင်   စတင်နိုင်သော်လည်း   မုန်တိုင်း တိုက်ရိုက်ကျရောက်ခဲ့သည့်     ဒေသများ အတွက်လည်း စိတ်မကောင်းဖြစ်မိပါ ကြောင်း၊ ယခင်နှစ်တွင် တောင်သူစိုက် ကွက် တစ်ဧကအထွက်နှုန်း အနေဖြင့် တင်း ၃၀ နှင့် ၄၀ နှုန်းခန့်  ထွက်ရှိ ကြောင်း၊ စိုက်ပျိုးသည့် ယာမြေ၊ ရာသီ ဥတုနှင့် အပင်ပြုစုမှုအပေါ် မူတည်၍ အထွက်နှုန်းများ ပြောင်းလဲကွာခြားမှု ရှိကြောင်း၊  ယခင်နှစ်  မြေပဲပေါ်ချိန် အဖွင့်၊ အပိတ် ရွာဈေးအနေဖြင့် တစ် တင်းလျှ င်  ကျပ် ၂၅၀ဝ၀  ဝန်းကျင်ရှိခဲ့ ကြောင်း၊ အစစအရာရာ ဈေးနှုန်းများ မြင့်တက်နေပြီး  စိုက်ပျိုးမှုတွင်လည်း ထည့်သွင်းရသည့် သွင်းအားစုဈေးနှုန်း များ ကြီးမားသည့်အတွက်  ရာသီဥတု ကောင်းမွန်စေရန်နှင့် သီးနှံပေါ်ချိန်မှာ လည်း ဈေးနှုန်း ဈေးကွက်များ ကောင်း ရန်မျှော်လင့်ကြောင်း အောင်ချမ်းသာ ကျေးရွာ မြေပဲစိုက်တောင်သူ ဦးသဲ ဇော်က ပြောသည်။

စောသန်းအောင်