Main menu

Background

ပဲတီစီမ်း၊ မတ်ပဲနှင့် ပဲစင်းငုံတင်ပို့မှုမှ အမေရိကန်ဒေါ်လာ သန်း ၅၀ ကျော်ရ

Mon, 06/05/2023 - 11:21 -- journal_editor

မေ၁၃ ရက်မှ ၂၆ ရက်အထိ ကာလအတွင်း ပြည်ပ နိုင်ငံများသို့  ပဲတီစီမ်း၊ မတ်ပဲ၊   ပဲစင်းငုံ စုစုပေါင်း တန်ချိန် ၆၇၃၈၀ ကျော်တင်ပို့ခဲ့ ပြီး  တရုတ်နိုင်ငံ၊ အိန္ဒိယ၊  စင်ကာပူနှင့် မလေးရှားနိုင်ငံများသို့ အများဆုံးတင်ပို့ခဲ့ကြောင်း သိရသည်။
ပဲတီစိမ်း
မေ ၁၃ ရက်မှ ၂၆ ရက်အထိ ကာလအတွင်း ပင်လယ် ရေကြောင်း ကုန်သွယ်မှုမှ  အမေရိကန်ဒေါ်လာ ၂၀ ဒသမ ၇၁၄ သန်းတန်ဖိုးရှိ ပဲတီစိမ်းတန်ချိန် ၃၁၉၀ဝ ကျော် တင်ပို့ခဲ့ သည်။ နိုင်ငံအလိုက် တင်ပို့မှုများမှာ တရုတ်နိုင်ငံသို့ တန်ချိန် ၁၉၁၇၀၊ စင်ကာပူနိုင်ငံသို့ တန်ချိန် ၈၀ဝ၀ ကျော်၊ မလေးရှား သို့ ၂၇၅ တန်နှင့် ဂျပန်၊ ထိုင်း၊ ဖိလစ်ပိုင်နှင့် ဗီယက်နမ်နိုင်ငံ များသို့လည်း တင်ပို့ခဲ့သည်။ 
ပဲတီစိမ်းကို ပင်လယ်ရေကြောင်းအပြင် မြန်မာ-တရုတ်  နယ်စပ် ကုန်သွယ်မှုလမ်းကြောင်းမှလည်း တန်ချိန် ၃၀၂၀ တင်ပို့ခဲ့သဖြင့်  ပဲတီစိမ်းတင်ပို့မှု တန်ချိန် စုစုပေါင်း ၃၄၉၂၀ ကျော်ရှိကြောင်း သိရှိရသည်။
မတ်ပဲ 
မေ ၁၃ ရက်မှ ၂၆ ရက်အထိ ကာလအတွင်း ပင်လယ် ရေကြောင်းကုန်သွယ်မှုမှ အမေရိကန်ဒေါ်လာ ၂၂ ဒသမ ဝ၁၃ သန်းတန်ဖိုးရှိ မတ်ပဲတန်ချိန် ၂၅၅၆၀ ကျော် တင်ပို့ခဲ့ရာ အိန္ဒိယနိုင်ငံသို့ တန်ချိန် ၁၅၈၀ဝ၊  မလေးရှားသို့ တန်ချိန် ၁၃၇၀ ကျော်၊ စင်ကာပူနိုင်ငံသို့ တန်ချိန်  ၁၄၈၀ ကျော်တင် ပို့ပြီး အင်ဒိုနီးရှား၊ ဘင်္ဂလားဒေ့ရှ်၊ ပါကစ္စတန်၊ ထိုင်းနှင့် ဂျပန် နိုင်ငံများသို့လည်း တင်ပို့ခဲ့သည်။  ထို့ပြင် မြန်မာ- ထိုင်းနယ်စပ် ကုန်သွယ်ရေးမှ  မတ်ပဲတန်ချိန် ၁၂၈ တန် တင်ပို့ခဲ့သဖြင့် မတ်ပဲတန်ချိန် စုစုပေါင်း ၂၅၆၀ဝ ကျော် တင်ပို့ခဲ့သည်။
ပဲစင်းငုံ
မေ ၁၃ ရက်မှ ၂၆ ရက်အထိကာလအတွင်း ပင်လယ် ရေကြောင်းကုန်သွယ်မှုမှ  အမေရိကန်ဒေါ်လာ ၆ ဒသမ ဝ၂၃ သန်းတန်ဖိုးရှိ  ပဲစင်းငုံတန်ချိန် ၆၈၆၀ ကျော်  တင်ပို့ခဲ့ရာ အိန္ဒိယနိုင်ငံသို့ တန်ချိန် ၆၇၀ဝ ကျော် တင်ပို့ခဲ့ပြီး  မလေးရှား နိုင်ငံသို့ ၁၂၅ တန် တင်ပို့ခဲ့သည်။ ယခုတစ်ပတ် ပဲမျိုးစုံတင်ပို့မှု မှာ တန်ချိန် ၆၇၃၈၀ ကျော်ရှိပြီး ပို့ကုန်ဝင်ငွေ အမေရိကန် ဒေါ်လာ ၅၀ ဒသမ ၅၆၇ သန်းကျော်ရရှိခဲ့သည်။            

 

  CJ