Main menu

Background

ဒီဇင်ဘာလအတွင်း ပဲတန်ချိန် ကိုးသောင်းကျော် တင်ပို့

Mon, 01/15/2024 - 10:55 -- journal_editor

ဒီဇင်ဘာ ၁ ရက်မှ ၃၁ ရက်ထိ တစ်လတာ ကာလအတွင်း ပင်လယ်ရေ ကြောင်း  ကုန်သွယ်မှုမှ  အမေရိကန် ဒေါ်လာ ၅၉ ဒသမ ဝ၈၅ သန်း တန်ဖိုးရှိ မတ်ပဲတန်ချိန် ၆၂၀ဝ၀ နီးပါး၊  အမေ ရိကန်ဒေါ်လာ ၁၈ ဒသမ ဝ၉၄ သန်း တန်ဖိုးရှိ ပဲတီစိမ်းတန်ချိန် ၂၆၆၀ဝ ခန့်၊ အမေရိကန်ဒေါ်လာ  ၃ ဒသမ ၆၂၂ သန်း တန်ဖိုးရှိ ပဲစင်းငုံတန်ချိန် ၃၄၄၀ ခန့်တင်ပို့ခဲ့သဖြင့်  စုစုပေါင်း အမေ ရိကန် ဒေါ်လာ ၈၁ ဒသမ ၇၀၁ သန်း တန်ဖိုးရှိ ပဲမျိုးစုံတန်ချိန် ၉၂၀ဝ၀ ခန့် တင်ပို့ခဲ့ကြောင်း သိရှိရသည်။

မတ်ပဲ
မတ်ပဲတင်ပို့မှုများကို    နိုင်ငံ အလိုက်ဖော်ပြရသော် အိန္ဒိယနိုင်ငံ သို့ တန်ချိန် ၄၇၃၄၀၊ ပါကစ္စတန်နိုင်ငံသို့ တန်ချိန် ၆၇၀ဝ၊   စင်ကာပူနိုင်ငံသို့ တန်ချိန် ၂၂၃၀ နီးပါး၊ မလေးရှားနိုင်ငံသို့  တန်ချိန် ၁၁၈၀ ခန့်၊    ထိုင်းနိုင်ငံသို့ တန်ချိန် ၁၀၈၀ နီးပါး၊ နီပေါသို့ တန်ချိန် ၉၀ဝ ကျော်၊ ဗီယက်နမ်နိုင်ငံသို့ တန်ချိန် ၅၈၀ ခန့်၊   အင်ဒိုနီးရှားနှင့် ဖိလစ်ပိုင် နိုင်ငံသို့ တန်ချိန် ၁၀ဝ၊ အင်္ဂလန်နိုင်ငံသို့ ၇၅ တန်၊ အာရပ်စော်ဘွားများနိုင်ငံသို့ တန်ချိန် ၁၂၃၀ နီးပါး တင်ပို့ခဲ့ပြီး အီးယူ နိုင်ငံများသို့လည်း တင်ပို့ခဲ့သည်။

ပဲတီစိမ်း
ပဲတီစိမ်းကို နိုင်ငံအလိုက် တင်ပို့ မှုအနေဖြင့် ဖော်ပြရသော် ဗီယက်နမ် နိုင်ငံသို့ တန်ချိန် ၉၅၄၀ ခန့်၊  တရုတ် ပြည်သူ့သမ္မတနိုင်ငံသို့ တန်ချိန် ၉၁၀ဝ နီးပါး၊ အင်ဒိုနီးရှားနိုင်ငံသို့ တန်ချိန် ၅၄၈၀၊ စင်ကာပူနိုင်ငံသို့ တန်ချိန် ၄၆၀၊  မလေးရှားနိုင်ငံသို့    တန်ချိန် ၄၂၀၊ ဖိလစ်ပိုင်နိုင်ငံသို့  တန်ချိန် ၁၀၆၀၊ အီးယူနိုင်ငံများသို့   တန်ချိန် ၃၀ဝ တင်ပို့ခဲ့ပြီး ထိုင်ဝမ်၊ကိုရီးယားနှင့် အမေ ရိကသို့လည်း တင်ပို့ခဲ့သည်။

ပဲစင်းငုံ
ပဲစင်းငုံကို အိန္ဒိယနိုင်ငံသို့အများ ဆုံးတင်ပို့ပြီး တန်ချိန် ၃၃၃၀၊ စင်ကာပူ နိုင်ငံသို့ ၈၅ တန် တင်ပို့ပြီး ကိုရီးယား၊ မလေးရှား၊ ဂျပန်နှင့် ကနေဒါနိုင်ငံတို့ သို့ အနည်းငယ်စီတင်ပို့ခဲ့သည်။
ဒီဇင်ဘာလအတွင်း ပင်လယ်ရေ ကြောင်းကုန်သွယ်မှုမှ မတ်ပဲ၊ ပဲတီစိမ်း၊  ပဲစင်းငုံ၊ တန်ချိန်စုစုပေါင်း ၉၂၀ဝ၀ ခန့် တင်ပို့ခဲ့သဖြင့် ကုန်ဝင်ငွေ အမေရိကန် ဒေါ်လာ ၈၁ ဒသမ ၇၀၁ သန်း   ရရှိခဲ့ ကြောင်း သိရှိရသည်။      

          
  CJ