Main menu

Background

ပြည်ဈေးကွက်၌ ဈေးပြိုင်မြင့်တက်နေသော မတ်ပဲနှင့် ပဲစင်းငုံသီးနှံ၏ နှစ်အလိုက် ဈေးနှုန်းနှိုင်းယှဉ်မှု အခြေအနေ

Mon, 05/06/2024 - 11:56 -- journal_editor

ပြည်ပဲမျိုးစုံဈေးကွက်အတွင်း   ပြည်ပပို့ကုန်ပဲဖြစ်သော မတ်ပဲ၊ ပဲစင်းငုံ၊ ပဲတီစိမ်းစသည့် သီးနှံများတွင် မတ်ပဲနှင့် ပဲစင်းငုံသီးနှံများ၏ ဈေးနှုန်းများဈေးအမြင့်ဖြင့် ရောင်းဝယ်နေပြီး နေ့စဉ် အရောင်းအဝယ် ဖြစ်ခဲ့ကြသော်လည်း ပဲတီစိမ်းသီးနှံသည် ပဲအဝင်မရှိဘဲ အရောင်းအဝယ် မဖြစ်သလောက် အရောင်းအေးသွားခဲ့ကြောင်း သိရသည်။ 
မတ်ပဲနှင့် ပဲစင်းငုံသီးနှံများအနေဖြင့် ပဲအဝင် နေ့စဉ်ရှိခဲ့ကြသလို ဝယ်လိုအားအနေဖြင့်လည်း ရန်ကုန်ဝယ်လက်သမားများ အဝယ်လိုက် ခဲ့တာကြောင့် ဝင်လာသမျှ အရောင်းအဝယ်ဖြစ်ခဲ့သည်။ မတ်ပဲသီးနှံအား လှောင်သမားအချို့လည်း ဝယ်ယူမှုရှိကြသည်ဟု သိရသည်။ မတ်ပဲနှင့် ပဲစင်းငုံသီးနှံများ၏ နှစ်အလိုက်ဈေးနှုန်းဖြစ်ပေါ်မှု အခြေအနေအရ ယခု နှစ်တွင် အဆိုပါပဲနှစ်မျိုးစလုံး ယခင်နှစ် များထက် စံချိန်တင် မြင့်တက်ခဲ့ ကြောင်း အောက်ပါအတိုင်း လေ့လာတွေ့ရှိရပါသည်။
    စဉ်    ပဲအမျိုးအစား    ၂၀၂၁(ဧပြီ)    ၂၀၂၂(ဧပြီ)    ၂၀၂၃(ဧပြီ)    ၂၀၂၄(ဧပြီ)
     ၁။    မတ်ပဲ                 ၂၉၅၀ဝ        ၄၈၀ဝ၀        ၆၉၅၀ဝ      ၁၀၁၅၀ဝ
    ၂။    ပဲစင်းငုံ                 ၃၂၅၀ဝ        ၄၅၇၀ဝ        ၇၆၅၀ဝ       ၁၃၂၀ဝ၀
မတ်ပဲသီးနှံသည် ၂၀၂၁ ခုနှစ်အတွင်း ပဲစင်းငုံသီးနှံထက်ပင် ဈေး လျော့ခဲ့ကာ ပိဿာ ၂၀ တစ်တင်း ကျပ် ၂၉၅၀ဝ ဖြင့် ရောင်းဝယ်သလို ပဲစင်းငုံသီးနှံမှာ တစ်တင်း ကျပ် ၃၂၅၀ဝဖြင့် ရရှိခဲ့သည်။ ၂၀၂၂ခု နှစ်တွင် ပဲဈေးအသီးသီး ယခင်နှစ်ထက် ဈေးမြင့်လာသည့်အတွက်  မတ်ပဲနှင့် ပဲစင်းငုံသီးနှံများ ဈေးပြိုင်မြင့်တက်လာခဲ့ကာ ပိဿာ(၂၀)တစ်တင်းလျှင် မတ်ပဲသီးနှံအနေဖြင့် ကျပ် ၄၈၀ဝ၀ နှုန်း၊ ပဲစင်းငုံသီးနှံအနေဖြင့် ၄၅၇၀ဝ ကျပ်နှုန်းတို့ဖြင့် မတ်ပဲသီးနှံက ပဲစင်းငုံသီးနှံထက် ဈေးပိုရလာခဲ့သည်။ 
၂၀၂၃ ဧပြီလကုန်ပတ်ဈေးနှုန်းမှာတော့ မတ်ပဲနှင့် ပဲစင်းငုံသီးနှံဈေး အနေဖြင့်  ပဲစင်းငုံသီးနှံက မတ်ပဲသီးနှံဈေးထက် တစ်တင်းလျှင် ကျပ် တစ်သောင်းနီးပါး ဈေးမြင့်လာခဲ့သည့်အတွက် ပဲစင်းငုံသီးနှံ စိုက်ပျိုးထုတ် လုပ်သူများ ထိုက်သင့်သော အကျိုးအမြတ်များရရှိခဲ့သည်ဟု သိရသည်။ ၂၀၂၄ခုနှစ်တွင် ပဲဈေးကွက်မှ ပြည်ပဝယ်လိုအားပဲများအားလုံး ပဲတီစိမ်း သီးနှံမှလွဲလျှင် ကျန်ပဲများမှာ ယခင်နှစ်ဈေးထက် ဈေးနှုန်းများမြင့်တက် လာမှုကြောင့် မတ်ပဲနှင့် ပဲစင်းငုံသီးနှံများ တစ်တင်းလျှင် ကျပ်တစ်သိန်း အထက်ရရှိခဲ့ကြသည်။ 
ဒါ့ကြောင့် မတ်ပဲသီးနှံတစ်တင်း ကျပ် ၁၀၁၅၀ဝ နှင့် ပဲစင်းငုံသီးနှံ တစ်တင်း ကျပ် ၁၃၂၀ဝ၀ တို့ဖြင့် အသီးသီးရောင်းဝယ်မှု ဖြစ်ခဲ့ကြသည်။ မတ်ပဲသီးနှံသည် ပဲဈေးကွက်၌ တစ်နှစ်ပတ်လုံး ရောင်းဝယ်နေရသည့် သီးနှံဖြစ်ပြီး ပဲအထွက်လှိုင်ချိန်၊ ပဲဝင်ရောက်မှုများချိန်တွင် အိတ်ရေအများ အပြားရောင်းဝယ်မှုဖြစ်ခဲ့ကြကာ ပဲအဝင်ပါးချိန်တွင်လည်း ရန်ကုန်ဝယ် လက်များဖြင့် ပုံမှန်ရောင်းချမှုဖြစ်ခဲ့သော်လည်း ပဲစင်းငုံ သီးနှံအထွက် လှိုင်ချိန်၊ ပဲဝင်ရောက်မှု များချိန်တွင်သာ အရောင်းအဝယ်ဖြစ်မှုများပြီး ကျန်ကာလများတွင် လှောင်ပဲသမားများအနေဖြင့် ဝယ်လက်ရှိမှုအပေါ် ရက်ခြားသာ ရောင်းဝယ်မှုဖြစ်ကြောင်း သိရှိရသည်။

ခင်ဆွေဝင်း(ပြည်)