Main menu

Background

နတ်တလင်းမြို့နယ်အတွင်း ဖြစ်ပေါ်နေသောကုလားပဲလုံး၊ ပဲခြမ်း၊ ပဲမှုန့်ဈေးနှုန်းအခြေအနေ

Mon, 05/06/2024 - 12:02 -- journal_editor

ပဲခူးတိုင်းဒေသကြီး နတ်တလင်းခရိုင် နတ်တလင်းမြို့နယ်အတွင်း ရောင်းချလျက်ရှိသော ကုလားပဲနှင့် ပဲခြမ်း၊ပဲမှုန့်ဈေးနှုန်းများမှာ ဧပြီလတစ်လလုံးတွင် ဈေးနှုန်းပြောင်းလဲမှုမရှိဘဲ တည်ငြိမ်လျက်ရှိနေသည်။ဧပြီလစတုတ္ထပတ်တွင် ကုလားပဲအလုံး တစ်ပိဿာလျှင် ကျပ် ၅၂၀ဝ၊ ကုလားပဲခွဲခြမ်းစိမ်း တစ်ပိဿာလျှင်ကျပ် ၆၁၀ဝ၊ ပဲမှုန့်စိမ်းတစ်ပိဿာလျှင် ကျပ် ၆၆၀ဝ၊ ပဲမှုန့် အကျက်တစ်ပိဿာလျှင် ကျပ် ၆၉၀ဝ နှုန်းဖြင့် ရောင်းချနေသည်။ ယခုရောင်းချသောဈေးနှုန်းမှာ လက်လီဈေးနှုန်းများသာဖြစ်ပြီး ငါးပိဿာနှင့်အထက် ဝယ်ယူလျှင် လက်ကားဈေးမှာ ကုလားပဲ (အလုံး) တစ်ပိဿာလျှင် ကျပ် ၅၀ဝ၀၊ ကုလားပဲ (ခွဲခြမ်းစိမ်း) တစ်ပိဿာလျှင် ကျပ် ၅၉၀ဝ နှုန်း၊ပဲမှုန့် (စိမ်း )တစ်ပိဿာလျှင်  ကျပ်  ၆၄၀ဝ ၊ ပဲမှုန့် (အကျက်) တစ်ပိဿာလျှင်  ကျပ်  ၆၇၀ဝ နှုန်းဖြင့် ရောင်းချနေကြောင်း ကုလားပဲဝယ်ယူ ကြိတ်ခွဲရောင်းချနေသော ပဲခွဲစက်ပိုင်ရှင်တစ်ဦးထံမှ သိရသည်။

 

အေးအေးမွန်(နတ်တလင်း)