Main menu

Background

ဆောင်းသီးနှံ ကျွန်းစားတော်ပဲ စိုက်ပျိုးထွက်ရှိမှုနှင့် ဈေးကွက်အခြေအနေ

Mon, 05/06/2024 - 12:14 -- journal_editor

မကွေးတိုင်းဒေသကြီး၊ ဆိပ်ဖြူ မြို့နယ်သည် စိုက်ပျိုးရေးလုပ်ငန်းကို စီးပွားဖြစ် လုပ်ကိုင်ကြပြီး သီးနှံမျိုးစုံ အနက်မှ ဆောင်းသီးနှံကျွန်းစားတော်ပဲ ကို   ဧရာဝတီမြစ်ရိုးတစ်လျှောက်ရှိ ကိုင်းကျွန်းမြေများတွင် သီးညှပ်စိုက် ခင်းအပြင် သီးသန့် စိုက်ပျိုးမှုကိုလည်း နှစ်စဉ် စိုက်ပျိုးကြောင်း သိရသည်။ 
ယခုနှစ် မြစ်ရေတက်ချိန်တွင် စိုက်ခင်းများအတွင်း သဲနုန်းမြေများ မြေသားတင်မှုများခြင်းကြောင့်  စား တော်ပဲစိုက်တောင်သူများ နှစ်စဉ်ထက် များပြီး စိုက်ဧက  များလာကြောင်း၊ ယခင်နှစ်တွင် စိုက်ဧက ၂၀ဝ၀ ခန့် စိုက် ပျိုးပြီး ယခုနှစ်တွင် ဧက ၂၅၀ဝ တိုးချဲ့ စိုက်ပျိုးကြောင်း၊ စားတော်ပဲသီးနှံကို တန်ဆောင်မုန်း    လဆန်းပိုင်းတွင် စတင်၍ ကျဲပက်စိုက်ပျိုးပြီး  တပေါင်း လဆန်းပိုင်းတွင်   သီးနှံရိတ်သိမ်း ကြောင်း၊ မြေအောက်ရေအပြင် ရေ သွင်းစနစ်ဖြင့် စိုက်ပျိုးမှုများကြောင်း၊ စားတော်ပဲသီးနှံသည် ပြည်တွင်းသုံးစွဲမှု များပြီး   ဈေးကွက်ခိုင်မာမှုရှိ၍ စိုက် တောင်သူများမှ နှစ်စဉ်စိုက်ပျိုးကြောင်း သိရသည်။ 
ကျွန်းစားတော်ပဲသီးနှံ တစ်ဧက စိုက်ပျိုးလျှင် မျိုးစေ့ နှစ်တင်းရှစ်ပြည် ခန့် ကုန်ကျကြောင်း၊ စိုက်ပျိုးချိန်တွင် မျိုးစေ့တစ်ပြည် ကျပ် ၉၀ဝ၀၊ တစ်တင်း လျှင် ကျပ် ၁၄၀ဝ၀ဝ ဈေးဖြင့် ဝယ်ယူရ ကြောင်း၊ စားတော်ပဲသီးသန့် စိုက်ခင်း များသည်       ရေသွင်းစိုက်ပျိုးပါက အထွက်နှုန်း    ကောင်းမွန်ကြောင်း၊ တောင်သူများအနေဖြင့် မြေပဲခင်းများ ကြားတွင်     သီးညှပ်စိုက်ပျိုးမှုများ ကြောင်း၊ တစ်ဧက ကုန်ကျစရိတ်အနေ ဖြင့် သီးညှပ်စိုက်ခင်းများတွင် ကုန်ကျ စရိတ်နည်းသော်လည်း သီးသန့်စိုက်ပျိုး ပါက တစ်ဧက ကျပ်ငါးသိန်းခန့် ကုန် ကျကြောင်း၊  အထွက်နှုန်းအနေဖြင့် တစ်ဧကလျှင် တင်း ၁၀ - ၁၅ ထိ ထွက် ရှိကြောင်း၊ ယခုနှစ် စိုက်တောင်သူများ စားတော်ပဲဖြစ်ထွန်းမှုများ၍ အထွက် နှုန်းကောင်းကြောင်း၊ ဒေသတွင်း ကျွန်း စားတော်ပဲ သီးနှံဈေးကွက်တွင် မြို့ပေါ် ရှိ စားတော်ပဲကြော်လုပ်ငန်း စားသောက် ကုန်လုပ်ငန်းရှင်များနှင့် ပဲပြုတ်ရောင်း ချသူများမှ  ဝယ်ယူသိုလှောင်ထားရှိ၍ စားတော်ပဲတစ်တင်း   ကျပ်တစ်သိန်း ပေါက်ဈေးရှိ၍  တစ်ဧက ဝင်ငွေမှာ ကျပ် ၁၅ သိန်းခန့်ရရှိပြီး အကျိုးအမြတ် အနေဖြင့် ကျပ်၁၀ သိန်းခန့်ရရှိကြောင်း၊ ယခုနှစ်တွင် စားတော်ပဲသီးနှံဈေးကွက် ကျဆင်းသော်လည်း     အထွက်နှုန်း ကောင်းမွန်ခြင်းကြောင့်  တောင်သူ များ အဆင်ပြေကြောင်း ဒေသခံတောင်သူ ထံမှ သိရှိရသည်။ 
စားတော်ပဲသီးနှံသည် ပြည်တွင်း စားသုံးမှု ပဲများတွင် တစ်မျိုးအပါအဝင် ဖြစ်ပြီး စားသုံးရာတွင်လည်း အရသာ အကောင်းဆုံး    ပဲတစ်မျိုးဖြစ်သည်။ ပြည်တွင်းဈေးကွက်   ခိုင်မာလျက်ရှိ သော သီးနှံဖြစ်၍ စိုက်တောင်သူများ အနေဖြင့် ကျွန်းစားတော်ပဲသီးနှံများ စိုက်ပျိုးရရှိသည့်   မြေများတွင် နှစ်စဉ် မပြတ်      တိုးချဲ့စိုက်ပျိုးသင့်ကြောင်း သိရသည်။            

 မြင့်မြင့်သန်း(ပခုက္ကူ)