Main menu

Background

ပြည်တွင်း ငွေကြေးဈေးကွက် ကြိုက်ရောင်းကြိုက်ဝယ်စနစ်ဖြင့် အရောင်းအဝယ်ပြုလုပ်နေ

Wed, 12/21/2022 - 11:04 -- journal_editor

လက်ရှိ ပြည်တွင်း ငွေကြေးဈေးကွက်အတွင်း ကြိုက်ရောင်းကြိုက်ဝယ်စနစ်ဖြင့် အရောင်းအဝယ်ပြုလုပ်နေကြောင်း နိုင်ငံခြားငွေကြေး‌ရောင်းဝယ်သူများထံမှ သိရသည်။

မြန်မာနိုင်ငံတော် ဗဟိုဘဏ်အနေဖြင့် ငွေကြေးဈေးကွက် တည်ငြိမ်စေရန်အတွက် လက်ရှိတွင် လိုအပ်သည့် မူဝါဒဆိုင်ရာတုံ့ပြန်မှုများကို ဆောင်ရွက်နေသောကြောင့် အမေရိကန်ဒေါ်လာဈေး ကျဆင်းလာနိုင်ပြီး ဖြစ်သင့်သည့်နှုန်းထားကို တဖြည်းဖြည်း ရောက်ရှိလာမည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။ ယင်းအပြင် ရွှေနှင့် ငွေကြေးဈေးကွက် စောင့်ကြည့်၊ ထိန်းသိမ်း၊ ကြပ်မတ်ရေးလုပ်ငန်းကော်မတီကို ဖွဲ့စည်းထားပြီး ဒေါ်လာဈေးနှုန်း တည်ငြိမ်မှုပျက်ပြားစေသည့် ကိစ္စရပ်များအပေါ် စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ထို့ကြောင့် ပုဂ္ဂလိကဘဏ်များနှင့် လုပ်ငန်းရှင်များအနေဖြင့် လက်ရှိအခြေအနေမျိုးတွင် ငွေကြေးဈေးနှုန်း တည်ငြိမ်စေရေး ပူးပေါင်းဆောင်ရွက်ကြရန် ဗဟိုဘဏ်က တိုက်တွန်းပြောကြားထားသည်။                                          

ပန်းဆု