Main menu

Background

ပြည်တွင်း ငွေကြေးဈေးကွက် ကြိုက်ရောင်း၊ ကြိုက်ဝယ်စနစ်ဖြင့်သာ အရောင်းအဝယ်ပြုလုပ်လျက်

Mon, 12/04/2023 - 11:14 -- journal_editor

ပြည်တွင်းငွေကြေးဈေးကွက်မှာ လက်ရှိတွင် ကြိုက်ရောင်း၊ ကြိုက်ဝယ်စနစ် ဖြင့်သာ အရောင်းအဝယ်ပြုလုပ်လျက်ရှိကြောင်း နိုင်ငံခြားငွေကြေး ရောင်းဝယ်သူ များထံက သိရသည်။ မြန်မာနိုင်ငံတော်ဗဟိုဘဏ်အနေဖြင့် လက်ရှိတွင် နိုင်ငံခြား ငွေကြေးဈေးကွက် တည်ငြိမ်စွာ ဖွံ့ဖြိုးတိုးတက်စေရန်နှင့် နိုင်ငံခြားငွေလဲလှယ်နှုန်း တည်ငြိမ်စေရန် ဆောင်ရွက်နေပြီး USD Liquidity/ MMK Liquidity ကို ပြည်တွင်း ဈေးကွက်သို့ ဘဏ်များမှတစ်ဆင့် ပံ့ပိုးပေးလျက်ရှိကြောင်း သိရသည်။
ယင်းသို့ ဆောင်ရွက်ချက်များအရ စီးပွားရေးလုပ်ငန်းရှင်များအကြား USD Liquidity/ MMK Liquidity လိုအပ်ချက် မြင့်တက်ခြင်းကို လျှော့ချထိန်းသိမ်း နိုင်ခဲ့ပြီး နိုင်ငံခြားငွေလဲလှယ်နှုန်း တည်ငြိမ်လျက်ရှိကြောင်း သိရသည်။
နိုင်ငံခြားငွေကြေး ရောင်းဝယ်သူများအနေနှင့် ငွေကြေးဈေးကွက်အတွင်း မသမာမှုများ မပြုလုပ်ကြရန် ဗဟိုဘဏ်က သတိပေးထားပြီး စည်းမျဉ်းစည်းကမ်း များနှင့် ကိုက်ညီမှုမရှိသည့် ဆောင်ရွက်မှုများကို တွေ့ရှိပါက လိုအပ်သလို အရေး ယူမှုများ ပြုလုပ်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ကြေညာထားသည်။

 

ပန်းဆု