Main menu

Background

စတော့ရှယ်ယာ တန်ဖိုး ကျပ်သန်း ၁၂၀ ကျော် အရောင်းအဝယ်ဖြစ်ခဲ့

Mon, 12/04/2023 - 11:17 -- journal_editor

ပြီးခဲ့သည့် နိုဝင်ဘာ ၁၆ ရက်မှ ၂၉ ရက်အထိ စာရင်းဝင်ကုမ္ပဏီများ၏ စတော့ရှယ်ယာ အရောင်းအဝယ်ဖြစ်မှု တန်ဖိုး ကျပ်သန်း ၁၂၀ ကျော် ရှိခဲ့ကြောင်း ရန်ကုန်စတော့အိပ်ချိန်း (YSX) မှ သိရသည်။ အဆိုပါ ကာလအတွင်း အရောင်း အဝယ်ဖြစ်မြောက်သည့် ရှယ်ယာအစောင်ရေ စုစုပေါင်း ၃၈၂၃၀ စောင် ရှိပြီး တန်ဖိုး အားဖြင့် ကျပ် ၁၂၀ ဒသမ ၉၆ သန်း ရှိခဲ့ခြင်းဖြစ်သည်။
ကုမ္ပဏီတစ်ခုချင်းစီ၏ အစုရှယ်ယာ ရောင်းချနိုင်မှုအနေဖြင့် First Myanmar Investment (FMI)က အစုရှယ်ယာ ၄၄၁၀ ရောင်းချနိုင်ခဲ့ပြီး တန်ဖိုး ကျပ် ၃၈ ဒသမ ၁၄ သန်း၊Myanmar Thilawa SEZ Holidings Public (MTSH)) က အစု ရှယ်ယာ ၁၇၄၇၆ ရောင်းချနိုင်ခဲ့ပြီး တန်ဖိုး ကျပ် ၅၀ ဒသမ ၆၅ သန်း ရရှိခဲ့ကြောင်း သိရသည်။
အလားတူ မြန်မာနိုင်ငံသားများဘဏ် (MCB) က အစုရှယ်ယာ ၅၄၈ ရောင်း ချနိုင်ခဲ့ပြီး တန်ဖိုး ကျပ် ၄ ဒသမ ဝ၄ သန်း၊ ပထမပုဂ္ဂလိကဘဏ် FPB)က အစု ရှယ်ယာ ၄၆၉၅ ရောင်းချနိုင်ခဲ့ပြီး တန်ဖိုး ကျပ် ၇ ဒသမ ၃၆ သန်း ရရှိခဲ့သည်။
ထို့အတူ TMH Telecom Public (TMH) က အစုရှယ်ယာ ၉၅၆ ရောင်း ချနိုင်ခဲ့ပြီး တန်ဖိုး ကျပ် ၂ ဒသမ ၃၀ သန်း၊ Ever Flow River Group Public (EFR) က အစုရှယ်ယာ ၂၅၃၁ ရောင်းချနိုင်ခဲ့ပြီး တန်ဖိုး ကျပ် ၅ ဒသမ ဝ၃ သန်း ရရှိခဲ့ သည်။ ယင်းအပြင်  Amata Holding Public Co.,Ltd. (AMATA)က အစုရှယ်ယာ ၂၁၅ ရောင်းချနိုင်ခဲ့ပြီး တန်ဖိုး ကျပ် ၁ ဒသမ ဝ၃ သန်း၊ Myanmar Agro Exchange Public Co.,Ltd. (MAEX) က အစုရှယ်ယာ ၇၃၉၉ ရောင်းချနိုင်ခဲ့ပြီး တန်ဖိုး ကျပ် ၁၂ ဒသမ ၄၁ သန်း စသည်ဖြင့် အသီးသီးရရှိခဲ့ကြောင်း သိရသည်။          

 

    ပန်းဆု