Main menu

Background

စတော့ရှယ်ယာ တန်ဖိုး ကျပ်သန်း ၁၁၀ ကျော် အရောင်းအဝယ်ဖြစ်ခဲ့

Wed, 12/20/2023 - 11:11 -- journal_editor

ပြီးခဲ့သည့် နိုဝင်ဘာ ၃၀ ရက်မှ ဒီဇင်ဘာ ၁၃ ရက်အထိ စာရင်းဝင်ကုမ္ပဏီ များ၏ စတော့ရှယ်ယာ အရောင်းအဝယ်ဖြစ်မှု တန်ဖိုး ကျပ် သန်း ၁၁၀ ကျော်ရှိခဲ့ ကြောင်း ရန်ကုန်စတော့အိပ်ချိန်း (YSX) မှ သိရသည်။
အဆိုပါ ကာလအတွင်း အရောင်းအဝယ်ဖြစ်မြောက်သည့် ရှယ်ယာအစောင် ရေ စုစုပေါင်း ၄၅၂၈၇ စောင်ရှိပြီး တန်ဖိုးအားဖြင့် ကျပ် ၁၁၁ ဒသမ ၈၄ သန်း ရှိခဲ့ခြင်းဖြစ်သည်။
ကုမ္ပဏီတစ်ခုချင်းစီ၏ အစုရှယ်ယာ ရောင်းချနိုင်မှုအနေဖြင့်  First Myanmar Investment (FMI)က အစုရှယ်ယာ ၁၉၅၃ စောင် ရောင်းချနိုင်ခဲ့ပြီး တန်ဖိုး ကျပ် ၁၆ ဒသမ ၉၁ သန်း၊ Myanmar Thilawa SEZ Holidings Public (MTSH) က အစုရှယ်ယာ ၁၅၀၂၂ စောင် ရောင်းချနိုင်ခဲ့ပြီး တန်ဖိုး ကျပ် ၄၃ ဒသမ ၄၇ သန်း ရရှိခဲ့ကြောင်း သိရသည်။
အလားတူ မြန်မာနိုင်ငံသားများဘဏ်  (MCB) က အစုရှယ်ယာ ၄၆၇ စောင် ရောင်းချနိုင်ခဲ့ပြီး တန်ဖိုး ကျပ် ၃ ဒသမ ၃၇ သန်း၊ ပထမပုဂ္ဂလိကဘဏ် FPB) က အစုရှယ်ယာ ၁၃၅၄၉ စောင် ရောင်းချနိုင်ခဲ့ပြီး တန်ဖိုး ကျပ် ၂၁ ဒသမ ၄၄ သန်း ရရှိခဲ့သည်။ ထို့အတူTMH Telecom Public (TMH) က အစုရှယ်ယာ ၉၁၅ စောင် ရောင်းချနိုင်ခဲ့ပြီး တန်ဖိုး ကျပ် ၂ ဒသမ ၂၀ သန်း၊ Ever Flow River Group Public (EFR) ) က အစုရှယ်ယာ ၃၃၄၁ စောင် ရောင်းချနိုင်ခဲ့ပြီး တန်ဖိုး ကျပ် ၆ ဒသမ ၆၅ သန်းရရှိခဲ့သည်။ ယင်းအပြင် Amata Holding Public Co.,Ltd. (AMATA) က အစုရှယ်ယာ ၃၅၈ စောင်  ရောင်းချနိုင်ခဲ့ပြီး တန်ဖိုး ကျပ် ၁ ဒသမ ၇၁ သန်း၊Myanmar Agro Exchange Public Co.,Ltd. (MAEXက အစုရှယ်ယာ ၉၆၈၂ စောင် ရောင်းချနိုင်ခဲ့ပြီး တန်ဖိုး ကျပ် ၁၆ ဒသမ ဝ၈ သန်း စသည်ဖြင့် အသီးသီး  ရရှိခဲ့ကြောင်း သိရသည်။                                                                      

 

   ပန်းဆု